
နေပြည်တော် အောက်တိုဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင် တိုင်မြို့နယ်၌ အောက်တိုဘာ ၁၉ ရက်က ဈေးရောင်းနေသည့် အမျိုးသားသုံးဦးအား တုတ်/ဓား များဖြင့် အုပ်စုဖွဲ့ကာ အကြောင်းမဲ့ ဝိုင်းဝန်း ထိုးကြိတ်ရိုက်နှက်သူ ၁၆ဦးအား အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၁၉ ရက် ည ၉ နာရီ မိနစ် ၅၀ တွင် ကြည့်မြင်တိုင်မြို့နယ် အိုးဘိုး ရပ်ကွက် အမှတ်(၁၈)ဈေးဆိုင်ခန်း ၌ ဦးစန်းလွင်၏ အလုပ်သမား ဖြစ်သူ ဆိတ်ကြီးရပ်ကွက်နေ မျိုးမင်း (၃၁နှစ်)ပါ သုံးဦးသည် ဈေးရောင်းနေစဉ် အောက်ရုံ ရပ်ကွက်နေ ဝင်းနိုင်(ခ)ဖိုးကျား (၃၄နှစ်)ပါ အမျိုးသား ၁၄ ဦး၊ အမျိုးသမီးနှစ်ဦး ပေါင်း ၁၆ ဦးတို့ က တုတ်/ဓားများဖြင့် အကြောင်း မဲ့ ထိုးကြိတ်ရိုက်နှက်ခဲ့သဖြင့် မျိုးမင်းပါသုံးဦးတွင် ဒဏ်ရာများ ရရှိခဲ့သောကြောင့် အရေးယူ ပေးရန် တိုင်တန်းချက်အရ ဝင်းနိုင်(ခ)ဖိုးကျားပါ ၁၆ ဦးအား ကြည့်မြင်တိုင် မြို့မရဲစခန်း(ပ) ၁၅၂/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၃၂၅/၃၂၆/ ၄၂၇/၁၁၄ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်း ရရှိသည်။
သတင်းစဉ်