မဟာအောင်မြေမြို့နယ်၌ မီးလောင်မှုဖြစ်ပွား၍ နေအိမ်ခြောက်လုံး မီးလောင်ဆုံးရှုံး

 

နေပြည်တော်  အောက်တိုဘာ   ၂၀


မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်တွင် အောက်တိုဘာ  ၁၉ ရက်က မီးလောင်မှုဖြစ်ပွား၍ နေအိမ်ခြောက်လုံး  မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရ သည်။

 


ဖြစ်စဉ်မှာ အောက်တိုဘာ  ၁၉ ရက် ည ၇ နာရီ ၁၅ မိနစ်တွင် မဟာအောင်မြေမြို့နယ်   မဟာမြိုင် (၂)ရပ်ကွက်၌ မီးလောင်မှုဖြစ်ပွားကြောင်း သတင်း အရ မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင် များ၊ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ   မီးသတ် တပ်ဖွဲ့ဝင်များပါဝင်သော        ပူးပေါင်းအဖွဲ့က မီးငြှိမ်းသတ်ရာ ည ၇ နာရီခွဲတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့်   ခင်မောင်ထွန်း(ခ) ထွန်းထွန်း (၃၈နှစ်)၏ နေအိမ်ပါ အိမ်ခြောက်လုံး   မီးလောင် ဆုံးရှုံးခဲ့သည်။

 


မီးလောင်မှုဖြစ်ပွားရခြင်းမှာ  ခင်မောင်ထွန်း(ခ)ထွန်းထွန်း၏ နေအိမ်ဘုရားစင်တွင်   ဘုရားမီးပူဇော် ထားသည့် ဖယောင်းတိုင်မီးမှတစ်ဆင့်   မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း   စစ်ဆေးသိရှိရ၍   ၎င်းကို   မဟာအောင်မြေမြို့မရဲစခန်းက       အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

သတင်းစဉ်