အကျပ်အတည်းကာလနှင့် အဂတိလိုက်စားမှု

Type
1

 

စိမ်းလန်းမြေ

ကမ္ဘာတစ်ဝန်းလုံးတွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ လျင်မြန်စွာ ကူးစက်ပြန့်ပွားလာသည်မှာ မျိုးရိုးဗီဇ အဆင့်ဆင့်ပြောင်းလဲလာမှုကြောင့်   ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျန်းမာရေးစီမံခန့်ခွဲမှုဆိုင်ရာ အကျပ်အတည်းနှင့် ရင်ဆိုင်နေကြရသည်။ ကျန်းမာရေးစောင့်ရှောက်မှုတွင် စံနမူနာပြုရသည့် အမေရိကန်နိုင်ငံတွင် သေဆုံးမှုအမြင့်ဆုံး ဖြစ်နေသည်ကို တွေ့မြင်ရပြီး  ကမ္ဘာ့နိုင်ငံအသီးသီးရှိ အစိုးရများအနေဖြင့် မိမိတို့နိုင်ငံသားများ၏ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ပေးရန် ဘက်စုံထောင့်စုံမှ ကြိုးပမ်းဆောင်ရွက်နေကြသည်ကိုလည်း တွေ့၊ မြင်၊ ကြားသိရသည်။ 

 


မြန်မာနိုင်ငံတွင်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက    ကိုဗစ်-၁၉ ကပ်ရောဂါ    ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို  ထိထိရောက်ရောက် ဆောင်ရွက်သွားရန်    ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင်   ထည့်သွင်းရေးဆွဲလျက် အရှိန်အဟုန်မြှင့်    ဆောင်ရွက်လျက်ရှိ သည်။ ကပ်ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင်    အဓိကအရေးပါသော လုပ်ငန်းစဉ်ဖြစ်သည့်     ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းစဉ်အား ဆောင် ရွက်လျက်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာန မှ ပြည်သူများ ကာကွယ်ဆေးထိုးနှံကြရန် အသိပညာပေးဆောင်ရွက်လျက်ရှိသည်။ 

 


ဖွံ့ဖြိုးမှုအမြင့်မားဆုံးနိုင်ငံများဖြစ်သည့်    အမေရိကန်နှင့်   ပြင်သစ်နိုင်ငံ ကဲ့သို့သောနိုင်ငံများပင်လျှင် ကပ်ရောဂါ ၏ရိုက်ခတ်မှုကို ကြိုတင်တွက်ဆစီမံမှု များ  ပြုလုပ်ထားသော်လည်း ကပ်ရောဂါ ၏ရိုက်ခတ်မှုမြင့်မားချိန်များတွင် အလူး အလဲခံကြရသည်ကို တွေ့မြင်ကြရမည် ဖြစ်သည်။ အမေရိကန်နိုင်ငံတွင် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့အထိ ဓာတ်ခွဲအတည်ပြုလူနာ       စုစုပေါင်း ၄၄၄၉၀၈၉၇ ဦးရှိပြီး    သေဆုံးသူ စုစုပေါင်း ၇၁၉၆၇၄ ဦးရှိသည်ကို တွေ့ရှိ ရသည်။

 

    
ယုံကြည်မှုကို ပျက်ပြားစေနိုင်


ကျန်းမာရေးဆိုင်ရာ အကျပ်အတည်း ဖြစ်ပေါ်လာမှုများသည် အဂတိလိုက်စား ရန် အခွင့်အလမ်းများကို ဖြစ်ပေါ်စေနိုင် သည်။ ထိုအကြောင်းအရာသည် ကမ္ဘာ့ ကပ်ရောဂါ တုံ့ပြန်မှုနှင့်  ပြန်လည်ထူ ထောင်ရေးလုပ်ငန်းစဉ်များကို   အဟန့် အတားဖြစ်စေသည့်အပြင်  အစိုးရနှင့် ပြည်သူများအကြား     ယုံကြည်မှုကို ပျက်ပြားစေနိုင်သည်။ ထို့ကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါ တုံ့ပြန်မှုများတွင် အဂတိ လိုက်စားမှုမဖြစ်ပေါ်စေရန်  အရေးကြီး သည်။ ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် တိုက်ဖျက်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊  တာဝန်ခံမှု  လုပ်ငန်းစဉ် များအား     ပိုမိုမြှင့်တင်ဆောင်ရွက်ရန် လိုအပ်လှသည်။

 

 
ကိုဗစ်-၁၉ ကပ်ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ရေးလုပ်ငန်းစဉ်များ၊ ကုသမှုကို အထောက်အကူပြုပေးမည့် ကျန်းမာရေး ဆိုင်ရာ   ဆေးနှင့်      ဆေးပစ္စည်းများ၊ အထောက်အကူပြုပစ္စည်းများ ဝယ်ယူ ရေးလုပ်ငန်းစဉ်များကို         ကြန့်ကြာမှု မရှိစေရေး၊             အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရခြင်းများကြောင့် ဝယ်ယူ ရေးလုပ်ငန်းစဉ်များအတွက် ချမှတ်ထား သည့် စည်းမျဉ်း၊ စည်းကမ်းများ၊ စံနှုန်း များ ကို လိုက်နာဆောင်ရွက်ရန် ချို့ယွင်း ခြင်း၊ လုပ်ပိုင်ခွင့်ရှိသူများက ယင်းအကျပ် အတည်းကို အခွင့်ကောင်းယူ၍ ပုဂ္ဂလိက အကျိုးစီးပွားအတွက် ဆုံးဖြတ်လုပ်ကိုင် ဆောင်ရွက်ခြင်းတို့  ဖြစ်ပေါ်နိုင်သဖြင့် အဂတိလိုက်စားနိုင်ခြေ   အခွင့်အလမ်း များ ပိုမိုများပြားလာနေသည်။ ထိုသို့ သော အခြေအနေများတွင်  ပုံမှန်ချမှတ် ဆောင်ရွက်နေသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးမူဝါဒများဖြင့် လုံလောက် မှုမရှိတော့ဘဲ ဦးစားပေးသတ်မှတ်ချက် များ ကဏ္ဍအလိုက်  ထည့်သွင်းရေးဆွဲ အကောင်အထည်ဖော်ကြရမည်။ 

 


အများပြည်သူ အကျိုးစီးပွားကိုရှေးရှု


ဆေးဝါးသုတေသန    ထုတ်လုပ်မှု၊ ဝယ်ယူမှု၊ ဖြန့်ဖြူးမှုများတွင် စည်းမျဉ်း စည်းကမ်းများ တိကျစွာချမှတ်ကျင့်သုံး ရန်လိုအပ်ပြီး ဆုံးဖြတ်ချက်များ ချမှတ် ရာတွင်လည်း   အများပြည်သူ   အကျိုး စီးပွားကို ရှေးရှုလုပ်ဆောင်ကြရပေမည်။ ၎င်းလုပ်ငန်းစဉ်များအပေါ်တွင်  အဖွဲ့ အစည်းများ၏ စောင့်ကြည့်ထိန်းကျောင်း မှုများ မပြတ်ဆောင်ရွက်ရန် လိုအပ်ပြီး လုပ်ငန်းစဉ်များနှင့်  စပ်လျဉ်း၍ အများ ပြည်သူအား ပွင့်လင်းမြင်သာစွာ ချပြ ဆောင်ရွက်ရန်  လွန်စွာအရေးကြီးပေ သည်။ သို့မှသာ   ပြည်သူများအနေဖြင့် သတင်းမှန်များသိရှိပြီး စဉ်းစားဆင်ခြင် တွေးခေါ်နိုင်စွမ်း      မြင့်မားလာကာ စောင့်ကြည့်ထိန်းကျောင်းမှုများ  အား ကောင်းလာမည်ဖြစ်သည်။ ဤသို့ဖြင့် အပြန်အလှန် စောင့်ကြည့်ထိန်းကျောင်း သည့်စနစ်   (watch  and  balance) အားကောင်းလာပြီး  အကျပ်အတည်း များမှ အလွယ်တကူ ရုန်းထနိုင်မည်ဖြစ် သည်။ 

 


နိုင်ငံသားတို့၏တာဝန်


နိုင်ငံတိုင်းရှိ အစိုးရသည် ပြည်သူ များ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လုံခြုံရေးတို့နှင့် စပ်လျဉ်း၍ ဖွံ့ဖြိုးတိုးတက်စေရန် ဝန်ဆောင်မှုပေးရ သူများ ဖြစ်သည်။ ထိုသို့ ဝန်ဆောင်မှုပေး နိုင်ရန်မှာ ပြည်သူများထံမှ ကောက်ခံရရှိ သည့် အခွန်အခများအပေါ် များစွာမှီတည် နေသည်။ ထို့ကြောင့် ပြည်သူများအနေ ဖြင့်  ကောင်းမွန်သည့်  ဝန်ဆောင်မှုများ ရရှိနိုင်ရန်အတွက် ကျသင့်သည့်အခွန်ကို ကျေပွန်စွာထမ်းဆောင်ရန်မှာ နိုင်ငံသား တို့၏ တာဝန်ဖြစ်သည်။ 

 


မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် မေလ ၂၅  ရက်နေ့မှစ၍  ကိုဗစ်တတိယလှိုင်း စတင်ရိုက်ခတ်ခဲ့ရာ      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏      အနီးကပ် ကြီးကြပ်လမ်းညွှန်မှုဖြင့် နေပြည်တော် ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များရှိ ပြည်သူ့ဆေးရုံ များ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာ ရေးဌာနများ၊ ကိုဗစ်စင်တာများ၊ ဘာသာ ရေးကျောင်းများ၊   စာသင်ကျောင်းများနှင့် ဒေသခံပြည်သူများသို့ အောက်ဆီဂျင် အိုးများ၊ နှာခေါင်းစည်းများ၊ PPE ဝတ်စုံ များ၊ လက်သန့်ဆေးရည်များ၊      မျက်နှာ အကာများ၊ လက်ဆေးဆပ်ပြာပုံးများ၊ ဆေးရုံသုံး လက်အိတ်များ၊ ခေါင်းစွပ်များ၊ ဆေးပစ္စည်း၊ စားသုံးဆီ၊ အာဟာရဖြည့် စားသောက် ဖွယ်ရာများ၊  အလှူငွေများ   ထောက်ပံ့ပေးအပ်လျက်ရှိသည်။ ထို့အပြင် ရောဂါ  ကာကွယ်ထိန်းချုပ်  တားဆီး ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေး ထိုးနှံနိုင်ရေးစီမံချက်ကို အမျိုးသားရေး တာဝန်အဖြစ်   ဆောင်ရွက်လျက်ရှိရာ   နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ များ၏    အနီးကပ်    ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိပါသည်။     

 


ကာကွယ်ဆေးဝယ်ယူရရှိရေး


ထိုသို့ဆောင်ရွက်ရာတွင်   ကိုဗစ် ကာကွယ်ဆေး ဝယ်ယူရန် ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ အား ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၈ ရက် နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်မှ ရန်ပုံငွေကျပ် ၂၁၅ ဒသမ ၇၇၅ ဘီလီယံ နှင့် နိုင်ငံခြားငွေစာရင်းတွင်     အမေရိကန် ဒေါ်လာ သန်း ၂၅၀ မတည်၍  အလှူရှင် များ၏          ထည့်ဝင်လှူဒါန်းမှုများဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်    ကိုဗစ် ကာကွယ် ဆေးထိုးနှံနိုင်ရေး ဆောင်ရွက် လျက်ရှိရာ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့အထိ ကာကွယ်ဆေး  (၂) ကြိမ် အပြည့်ထိုးနှံပြီး လူဦးရေ ၃၈၇၂၉၅၆   ဦး နှင့်   ပထမအကြိမ်ထိုးနှံပြီး             လူဦးရေ ၄၅၁၇၇၉၀ ရှိသည်။ 

 


ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊  ကုသရေးကို အင်တိုက်အား တိုက် ဆောင်ရွက်လျက်ရှိရာ အာဆီယံ နိုင်ငံများ၊  မိတ်ဖက်နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ အိန္ဒိယစသည့် နိုင်ငံများ နှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO နှင့် လူမှုရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပြီး ကိုဗစ်ကာကွယ်ဆေးများ၊ လူနာတင်ယာဉ်များနှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများ  စသည့်           ကူညီပံ့ပိုးမှုများ ရရှိခဲ့သည်။ 

 


အကျပ်အတည်းများကို ဖြစ်ပေါ်စေ


ကမ္ဘာ့ကျန်းမာရေးအကျပ်အတည်း ကာလအတွင်းတွင်  သတင်းအမှားများ အား ရည်ရွယ်ချက်ရှိရှိဖြင့် လူမှုကွန်ရက် များတွင်     ဖြန့်ဝေနေခြင်းသည်လည်း ကိုဗစ်-၁၉ ၏ ဖြစ်ရပ်မှန်များအကြောင်း ထုတ်ဖော်ပြောကြားသည့် ကျန်းမာရေး ဝန်ထမ်းများနှင့်    ပြည်သူများအကြား ယုံကြည်မှု             ပျက်ပြားစေသည့်အပြင် ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့်  ဝန်ဆောင်မှုရယူသူ ပြည်သူများအကြား အခက်အခဲ     အကျပ်အတည်းများကို ဖြစ်ပေါ်စေပါသည်။  ကမ္ဘာ့ကပ်ရောဂါ ထက် သတင်းမှား ကပ်ရောဂါ (Infode-mic) မှာ တွန်းလှန်တိုက်ဖျက်ရန်  ပိုမို ခက်ခဲလျက်ရှိသည်။   သို့ဖြစ်၍ အစိုးရ သည် ပြည်သူများထံမှ   ယုံကြည်မှုကို ရရှိရန်နှင့်   ရရှိထားသော အပြန်အလှန် ယုံကြည်မှုများ ပျက်ပြားမသွားစေရန် ပွင့်လင်းမြင်သာမှုရှိစွာ လုပ်ကိုင်ဆောင် ရွက်ကြရန် အရေးကြီးသည်။ 

 


အဂတိလိုက်စားမှု  ဖြစ်နိုင်ခြေများ  အနေဖြင့် လူနာများသည် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုများ ကို အမြန်ဆုံးရရှိရန် လာဘ်ပေးလိုခြင်း များရှိနိုင်ပြီး ယင်းကြောင့် လာဘ်မပေး နိုင်သည့် လူနာများမှာ အချိန်မီ ကျန်းမာ ရေးစောင့်ရှောက်မှုမရရှိသည့်အတွက် အသက်ဆုံးရှုံးရခြင်းများ    ရှိနိုင်သည်။ ယင်းသည် မျှတမှုကို ယိမ်းယိုင်စေပြီး အစိုးရဝန်ဆောင်မှုများအပေါ် ပြည်သူက ယုံကြည်မှုကင်းမဲ့သွားစေသည်။

 


အကျပ်အတည်း     ကာလအတွင်း ပစ္စည်းပေးသွင်းမှုများတွင်   အရည် အသွေးမပြည့်မီခြင်း၊    ဈေးအဆမတန် တင်သွင်းရောင်းချခြင်း၊          ဈေးကွက် အတွင်း စံချိန်မမီသော ထုတ်ကုန်များ၊ ထုတ်ကုန်အတုများ ဝင်ရောက်မှုများပြား လာခြင်းတို့ဖြစ်သည်။ ယခင်က Social Media   ပေါ်တွင်   နှာခေါင်းစည်းများ၊ အောက်ဆီဂျင်စက်     ဈေးနှုန်းများ၊ Oximeter   ကိရိယာ    ဈေးနှုန်းများ အဆမတန်   မြင့်မားကာ   ဝယ်ယူ၍ပင်မရနိုင်လောက်အောင်    ပစ္စည်းများ   ပြတ်လပ်လျက်ရှိသည်ကို မြင်နေ၊  ကြား နေကြရသည်။ ပြည်သူများ၏ အခက်အခဲ နှင့် လိုအပ်ချက်များကို ဖြည့်ဆည်းရန်နှင့်   အချို့သော ဝိသမလောဘသမားများ၏   ဆေးနှင့်ဆေး ပစ္စည်းများ၊ အောက်ဆီဂျင် အိုးများ ဈေးကစားလိုမှုဖြင့် သိုလှောင် သိမ်းဆည်းထားသည့်အတွက်     ဈေး အဆမတန်တက်ခြင်းအား ကုစားနိုင်ရန် နိုင်ငံတော်  စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်ဖြင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ဆေးနှင့် ဆေးပစ္စည်းများ၊ ဆေးရုံသုံးပစ္စည်းများ၊ အောက်ဆီဂျင်နှင့်      ဆက်စပ်သည့် ပစ္စည်းများကို နိုင်ငံခြားမှ တင်သွင်းရာ တွင် အခွန်နှုန်းထားများ လျှော့ချကောက် ခံခဲ့ပြီး မြန်မြန်ဆန်ဆန်ဖြင့် နိုင်ငံတွင်းသို့ ရောက်ရှိနိုင်ရန်  စီမံဆောင်ရွက်ပေးခဲ့ ခြင်းနှင့် ဆေးဝါးများ၏ ပေါက်ဈေးများ အား နိုင်ငံပိုင်သတင်းစာများတွင် နေ့စဉ် ဖော်ပြပေးလျက်ရှိခြင်းတို့ကြောင့် ယနေ့ အချိန်တွင်   ဆေးဝါးနှင့်    ပတ်သက်၍ အခက်အခဲမရှိ အဆင်ပြေနေပြီဖြစ်သည်။ 

 


စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် အခက်အခဲ   အကျပ်အတည်းပေါ် အခွင့် ကောင်းယူ၍ ဈေးနှုန်းများ အဆမတန် တင်၍      ရောင်းချခြင်းမပြုသင့်ကြပါ။ ထိုသို့  အဆမတန်ဈေးနှုန်းတင်၍ရောင်းချ ခြင်းသည်      ဖြောင့်မတ်တည်ကြည်မှု ကျိုးပျက်သည့်        ဆန္ဒာဂတိပင်ဖြစ်သည်။ အဂတိလိုက်စားမှု ဖြစ်နိုင်ခြေအန္တရာယ် ရှိမှု Corruption Risk များကို ဖယ်ရှား ဆောင်ရွက်နိုင်ရေး ပြည်သူတစ်ရပ်လုံး က       ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်သည်။

 


ရေရှည်ဖွံ့ဖြိုးတိုးတက်သည့် စီးပွား ရေးအသိုက်အဝန်း   တည်ထောင်ရန် အဂတိတရားကင်းသည့်  ဖြောင့်မတ် တည်ကြည်မှုရှိသော စီးပွားရေးအသိုက် အဝန်းကို ဖန်တီးခြင်းပင်ဖြစ်သည်။ နိုင်ငံ  တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်မှာ အစိုးရ အဖွဲ့အစည်းတစ်ခုတည်းသာလျှင် တာဝန် ရှိသည် မဟုတ်ပါ။ မှီတင်းနေထိုင်သည့် နိုင်ငံသားများက    ကျရာကဏ္ဍတွင် ဖြောင့်မတ်မှန်ကန်စွာ     တာဝန်ထမ်း ဆောင်မှု၊   နိုင်ငံသားတာဝန်ကျေပွန်မှု အကျပ်အတည်းကာလကို ဖြတ်ကျော်နိုင် ရေး အစိုးရနှင့်ပြည်သူ  အတူတွေး၍ အတွေးတူစွာ     ပူးပေါင်းဆောင်ရွက်မှု တို့သည် လွန်စွာအရေးကြီးပါသည်။ 


ရည်ညွှန်းကိုးကားချက်များ


-    အဂတိလိုက်စားမှုနှင့်  ကိုရိုနာ ဗိုင်းရပ်စ်   (Source:    https://www.transparency.org/ news/feature/corruption and the coronavirus).
    ကိုဗစ်- ၁၉   ဖြစ်ပွားစဉ်ကာလ ဝင်ငွေနည်းတိုင်းပြည်များ နှစ်ဆ တိုး ရင်ဆိုင်နေရသည့် အဂတိ လိုက်စားမှုဆိုင်ရာ ခြိမ်းခြောက် မှုများ (U4 Brief 2020: 6 by Sarah Steingriiber, Monica Kirya, David Jackson and Sau’ Mullard) (U4 ANTI-CORRUPTION Resource Center)
မြန်မာ့‌အလင်း         သတင်းစာမှ သတင်းအချက်အလက်များ။