
ခန့်ဇော် (ကျေးလက်)
မြစိမ်းရောင်ကျေးရွာစီမံကိန်းက မြို့နယ်အဆင့်ဆင့် ကျေးလက်ဝန်ထမ်းများရဲ့ ကြီးကြပ်မှုနဲ့ မြစိမ်းရောင် ရန်ပုံငွေကြီးကြပ်မှုကော်မတီရဲ့ အနီးကပ်ကြီးကြပ်မှုဖြင့် အိမ်ထောင်စုများ ဝင်ငွေတိုးပွားရေးကို စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်းတွေကို ကျေးရွာကော်မတီနဲ့ ကျေးရွာသူ ကျေးရွာသားတွေကိုယ်တိုင် ဆောင်ရွက်ကြရတာ ဖြစ်ပါတယ်။
ဘာတွေအရေးကြီးလဲ
ဒီနေရာမှာ စီမံကိန်းအောင်မြင်ဖို့ ဘာတွေ အရေးကြီးလဲလို့ ပြန်လည်ဆန်းစစ်ကြည့်ရင် ကျေးရွာ ရွေးချယ်ခြင်းက စပါတယ်။ မလုပ်ချင်တဲ့ရွာ၊ မလုပ် နိုင်တဲ့ရွာ၊ ကြီးကြပ်ဖို့ခက်တဲ့ရွာရွေးမိရင် မြို့နယ်က ကျေးလက်ဝန်ထမ်းတွေ၊ စီမံကိန်းကော်မတီဝင်တွေ အခက်တွေ့ပါတယ်။ ဒါ့ကြောင့် တကယ်လုပ်နိုင်၊ လုပ်ချင်တဲ့ရွာ ရွေးဖို့အရေးကြီးပါတယ်။ ဒုတိယ အရေးကြီးတာက ကော်မတီဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ ရွေးချယ်တုန်းက ကျေးရွာပြည်သူတွေကို နားလည်အောင်ရှင်းပြပြီး အမှန်တကယ် ဦးဆောင် ဦးရွက်ပြုလုပ်နိုင်သူတွေ၊ အများအကျိုးသယ်ပိုးနိုင် သူတွေ၊ စီမံကိန်းအတွက် အချိန်ပေးနိုင်သူတွေကို ရွေးချယ်စေခဲ့တာ ဖြစ်ပါတယ်။
စီမံကိန်းအောင်မြင်ရေးအတွက် စီမံကိန်းကို ဦးဆောင်ဦးရွက်ပြုမယ့် ကော်မတီဥက္ကဋ္ဌနဲ့ အဖွဲ့ဝင် တွေက တကယ့် Key Player များဖြစ်ပါတယ်။ ကော်မတီအနေနဲ့ လုပ်ကိုင်နိုင်မှုရှိပြီး ဦးဆောင်မှု ကောင်းရင် အသင်းသားတွေ စည်းကမ်းကောင်းပြီး တကယ်လုပ်တကယ်ဖြစ်၊ စီမံကိန်းလည်းပုံမှန် လည်ပတ်၊ ချေးချိန်တန်ချေး၊ အတိုးအရင်းဆပ်ချိန်တန် ဆပ်၊ မြို့နယ်က ဆင်းစစ်ချိန်၊ စာရင်းစစ်ဝင်ချိန် ဘာပြဿနာမှမရှိဘဲ သာမန်စာရင်းဇယား ထိန်းသိမ်းမှု အလွဲလေးတွေသာ တွေ့ရမှာဖြစ်တယ်။ ဒါကြောင့် စီမံကိန်းကော်မတီဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေအနေနဲ့ ဒီစီမံကိန်းအောင်မြင်ဖို့ အဓိကအခန်းကဏ္ဍမှာ ပါဝင် နေတဲ့ သူရဲကောင်းတွေ ဖြစ်ကြပါတယ်။
ကော်မတီရဲ့ တာဝန်ဝတ္တရား
ကော်မတီရဲ့ တာဝန်ဝတ္တရားတွေက စီမံကိန်းရဲ့ အနှစ်သာရကို ရွာသူ ရွာသားတွေ သိရှိသဘောပေါက် စေဖို့ ရှင်းပြခြင်း၊ ချေးငွေထုတ်ချေးဖို့ စည်းကမ်း ချက်တွေ ချမှတ်ခြင်း၊ ချေးငွေလျှောက်လွှာခေါ်ယူ စိစစ်ခြင်း၊ ချေးငွေထုတ်ချေးခြင်းနဲ့ ပြန်လည် ကောက်ခံခြင်း၊ ချေးငွေနှင့် လုပ်ငန်းတွေ အမှန် တကယ် ဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေးကြပ်မတ် ခြင်း၊ စာရင်းဇယားတွေ ပြုစုထိန်းသိမ်းခြင်းနဲ့ အစီရင်ခံခြင်းတို့ ဖြစ်ပါတယ်။ လိုအပ်တဲ့သင်တန်း တွေကို မြို့နယ်အဆင့် ဝန်ထမ်းတွေက သင်ကြား ပေးပါတယ်။
တတိယအရေးကြီးတာက မြို့နယ်အဆင့် ကြီးကြပ်တဲ့ မြို့နယ်ဦးစီးမှူးနဲ့ စီမံကိန်း တာဝန်ယူ ထားတဲ့ ကျေးလက်ဦးစီးဝန်ထမ်းတွေ ဖြစ်ပါတယ်။ ရွာရွေးချယ်မှု မှန်ကန်အောင် ကြီးကြပ်ခြင်း၊ ကော်မတီဖွဲ့စည်းမှု မှန်ကန်အောင် ထိန်းကျောင်းပေး နိုင်ခြင်း၊ ကော်မတီအရည်အချင်းရှိအောင် သင်တန်း တွေပို့ချခြင်း၊ စီမံကိန်းကြီးကြပ်ခြင်း၊ ပြဿနာတွေ ရှိ/မရှိ ဖော်ထုတ်ဖြေရှင်းနိုင်ခြင်း၊ အောက်ခြေ အိမ်ထောင်စုအလိုက် ထဲထဲဝင်ဝင် နားလည်သိရှိ အောင်လုပ်ပြီး ကြီးကြပ်သူဝန်ထမ်းငယ်တွေရဲ့ စေတနာ၊ အနစ်နာ၊ အပင်ပန်းခံမှုတွေက အလွန် အရေးပါပါတယ်။ ဝန်ထမ်းတွေရဲ့ စီမံကိန်းအကြောင်း နားလည်မှု၊ စီမံခန့်ခွဲမှုစွမ်းရည်၊ Communication Skill နဲ့ Monitor ကောင်းကောင်းလုပ်နိုင်ရင် စီမံကိန်းအောင်မြင်ပါတယ်။
စီမံကိန်းရွာတွေက ဝေးပါတယ်။ ဆိုင်ကယ် မပြည့်စုံလို့ ကိုယ်ပိုင်ဆိုင်ကယ်နဲ့ အသုံးပြုနေရတဲ့ ဝန်ထမ်းတွေလည်း ရှိပါတယ်။ ဆီဖိုးရပေမယ့် ပြင်ဆင်စရိတ်မရကြပါ။ ဆိုင်ကယ်စီးရတာ သာမန် အမြင်မှာ လွယ်ပေမယ့် အမျိုးသမီးဝန်ထမ်းတွေမှာ သွားရတာ ၁၀ မိုင်နဲ့ အထက်ရွာတွေ၊ လမ်း မကောင်းတဲ့ရွာတွေကို သွားရတာ ခက်ခဲလှပါတယ်။ တောင်ပေါ်လမ်းတွေဆိုရင် ယောက်ျားလေးတွေပင် ခက်ခဲပါတယ်။ ရွာလည်းရောက် ပင်ပန်းနေပြီဖြစ်ပါ တယ်။ မြစ်ချောင်းပေါများတဲ့ မြို့နယ်တွေဆိုရင် စက်လှေနဲ့ သွားကြရပါတယ်။ ရုံးတက်နေစဉ် နေ့လယ်စာ အဆင်ပြေပေမယ့် ခရီးသွားရင် နေ့လယ် စာကိစ္စကလည်း စဉ်းစားစရာဖြစ်ပါတယ်။ လုပ်ထုံး လုပ်နည်းနဲ့အညီ ခရီးစရိတ် အဆင်ပြေတာရှိသလို၊ အဆင်မပြေတာလည်း ဝန်ထမ်းတွေအားလုံး အသိပဲ ဖြစ်ပါတယ်။ တတ်နိုင်သမျှ အုပ်ချုပ်ထောက်ပံ့မှု ကား၊ ဆိုင်ကယ်၊ ဆီဖိုး၊ နေ့တွက်စရိတ်၊ လုံခြုံရေးက အစ စီမံဆောင်ရွက်ပေးလျက်ရှိပါတယ်။
ကျေးရွာ ၅၀ လောက်ကို နှစ်စဉ်တာဝန်ယူ
ရွာအဆင့်၊ အိမ်ထောင်စုအဆင့် ကြီးကြပ်ရတာ၊ ချေးငွေစီမံကိန်းဖြစ်လို့ အကြွေးတောင်းရတာခက်တာ သဘာဝပါ။ “ကြွေးယူပြုံးပြုံး ကြွေးတောင်းမုန်း” ဆိုတဲ့စကားပုံလည်း ကြားဖူးကြမှာပါ။ ဝန်ထမ်း အင်အား ကန့်သတ်ချက်ရှိပြီး ကျေးရွာအရေအတွက် များတဲ့အတွက် လမ်း၊ ရေ၊ မီး၊ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) ၊ မြစိမ်းရောင်အပါအဝင် ဝန်ထမ်း တစ်ဦးဟာ စီမံကိန်းမျိုးစုံအတွက် ကျေးရွာ ၅၀ လောက်ကို နှစ်စဉ်တာဝန်ယူ စီမံခန့်ခွဲကြီးကြပ်နေ ကြရတာ ဖြစ်ပါတယ်။
ရတဲ့လစာနဲ့ ဝန်ထမ်းအိမ်ရာ မပြည့်စုံလို့ အိမ်ငှားခပေးနေရတာလည်း ရှိပါတယ်။ ဖုန်းနဲ့ အလုပ်လုပ်တဲ့ အင်တာနက်အသုံးပြုပြီး အလုပ်လုပ် တဲ့ခေတ်ကြီးမှာ ဖုန်းဘေလ် ထောက်ပံ့မပေးနိုင် တာက ဝန်ထမ်းတွေကို ဝန်ထုပ်ဝန်ပိုးဖြစ်စေပါတယ်။ ဆိုင်ရာ ပြည်နယ်/ တိုင်း၊ ခရိုင်၊ မြို့နယ်မှူးတွေကလည်း လုပ်ထုံးလုပ်နည်းနဲ့အညီဆုံး တတ်နိုင်သမျှကြိုးစား ဖြည့်ဆည်းပေးကြပေမယ့် ပြည့်စုံအောင် အလုပ် ကိုလုပ်ပြီး နောက်ဆံမတင်းရတဲ့ ဝန်ထမ်းဘဝအခြေ အနေ မဟုတ်သေးပါဘူး။ ဒီလိုအခြေအနေမှာပဲ ဝန်ထမ်းတွေက စီမံကိန်းအောင်မြင်ဖို့ နေ့စဉ်၊ အပတ် စဉ်၊ လစဉ် ကွင်းဆင်းကြီးကြပ် ဆောင်ရွက်နေကြ ပါတယ်။ ပြဿနာတွေကို ဖြေရှင်းကြပါတယ်။ ကော်မတီ/ ရွာသားတွေကို စည်းရုံးသင်ကြားပြသပြီး ဦးဆောင် ဆောင်ရွက်နေကြပါတယ်။ ဒါ့ကြောင့် မြို့နယ်အဆင့် ဝန်ထမ်းတွေက စီမံကိန်းရဲ့အဓိက သူရဲကောင်းများ ဖြစ်ကြပါတယ်။
မှတ်တမ်းတင်ဂုဏ်ပြု
နောက်ဆုံးအရေးကြီးတာက M&E စနစ်ကောင်း ဖို့ပဲဖြစ်ပါတယ်။ နှစ်စဉ်သုံးသပ်ပွဲတွေလုပ်၊ ပြင်စရာ ရှိတာပြင်၊ ဆုပေးပွဲတွေလုပ်ပြီး ကြီးကြပ်သူတွေ/ ရွာတွေ Motivate ဖြစ်အောင်၊ စိတ်ဓာတ်တက်ကြွ အောင် လုပ်နေပါတယ်။ နှစ်စဉ်တွေ့ရှိရတဲ့ အခက် အခဲ စိန်ခေါ်မှုမျိုးစုံကိုအခြေခံပြီး မဖြစ်သင့်/ မဖြစ် ထိုက်တာတွေ၊ မဆုံးရှုံးသင့်တာ မဆုံးရှုံးရအောင် ပုံစံမျိုးစုံ၊ နည်းမျိုးစုံနဲ့ Motivate လုပ် အချိန်မီ ကာကွယ်တားဆီးပြုပြင်၊ ပုံမှန်ကွင်းဆင်း စစ်ဆေး တာတွေ စီမံကိန်းအောင်မြင်ရေးရဲ့ သော့ချက်ဖြစ်ပါ တယ်။ ဒါကြောင့် မြစိမ်းရောင်စီမံကိန်း အောင်မြင်ရေး အတွက် ကျေးရွာကော်မတီဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ၊ မြို့နယ်အဆင့်ကြီးကြပ်သူ ဝန်ထမ်းတွေကို အဓိက သူရဲကောင်းတွေအဖြစ် မှတ်တမ်းတင် ဂုဏ်ပြုပါ ကြောင်းနှင့် ရုံးချုပ်၊ ပြည်နယ်နှင့် တိုင်း၊ ခရိုင်အဆင့် ကြီးကြပ်သူတွေရဲ့ အုပ်ချုပ်ထောက်ပံ့မှုကြီးကြပ်မှုဟာ အလွန်အရေးကြီးကြောင်း ထပ်လောင်းမှတ်တမ်း တင် ဂုဏ်ပြုလိုက်ပါတယ်။ ။
- Log in to post comments