
နေပြည်တော် အောက်တိုဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၌ အောက်တိုဘာ ၂၀ ရက်က ဓားဦးချွန်ကိုင်ဆောင်၍ မူးယစ်ရမ်းကားနေသူအား အရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၂၀ ရက် ည ၇ နာရီက ဝေဘာဂီ နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် နယ်မြေ အတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ဝေဘာဂီ(၃) ရပ်ကွက်နေ ဌေးဝင်း (ခ)ကိုဌေးသည် (ဌ)ရပ်ကွက် သစ္စာပန်းလမ်းပေါ်တွင် အရိုးအသွား နှစ်ပေခန့်ရှိ ငှက်ကြီးတောင်ဓားဖြင့် မူးယစ်ရမ်းကားနေသည်ကို တွေ့ရှိ ရသဖြင့် ၎င်းအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား