
အီတလီစီးရီးအေပွဲစဉ် (၉) အဖြစ် ဘိုလော့ဂ်နာအသင်းနှင့် အေစီ မီလန်အသင်းတို့ပွဲစဉ်ကို အောက် တိုဘာ ၂၄ ရက် နံနက်ပိုင်းက ဘိုလော့ဂ်နာအိမ်ကွင်း၌ ယှဉ်ပြိုင် ကစားခဲ့ရာ အေစီမီလန်အသင်းက လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ယနေ့ပွဲစဉ်တွင် ဒဏ်ရာမှ သက်သာလာသည့် တိုက်စစ်မှူး အီဗရာဟီမိုဗစ်သည် ယခုနှစ် ရာသီ အေစီမီလန်အသင်းအတွက် ပထမဆုံးပွဲထွက် ကစားသမား အဖြစ် ပါဝင်ကစားခွင့်ရရှိသည်။ ယနေ့ပွဲစဉ်တွင် အလှည့်အပြောင်း များစွာ ဖြစ်ပေါ်ခဲ့ပြီး အေစီမီလန် တိုက်စစ်မှူး အီဗရာဟီမိုဗစ် ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့သလို ဘိုလော့ဂ်နာအသင်းမှ ဆော်မာ အိုရိုနှင့် ဆိုရီယာနိုတို့ တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသည်။
ပွဲချိန်အများစုကို အေစီမီလန် အသင်းက ထိန်းချုပ်ကစားနိုင်ခဲ့ သော်လည်း ဘိုလော့ဂ်နာအသင်း ၏ ဂိုးရရှိနိုင်လောက်သည့် အခွင့် အရေးများကို ဂိုးသမား တာတယူ ဆာနူက လက်စွမ်းပြကာကွယ်နိုင် ခဲ့သည်။ ဦးဆောင်ဂိုးကို အေစီ မီလန်အသင်းကရရှိခဲ့ပြီး ပွဲချိန် ၁၆ မိနစ်တွင် အီဗရာဟီမိုဗစ်၏ ဖန်တီးမှုမှ လီယိုက သွင်းယူပေးခဲ့ သည်။ ပွဲချိန် မိနစ် ၂၀ တွင် ဘိုလော့ဂ်နာအသင်းမှ ဆော်မာ အိုရို အနီကတ်ပြ ထုတ်ပယ်ခံခဲ့ ရသည်။ ထို့နောက် ပွဲချိန် ၃၅ မိနစ်တွင် အေစီမီလန်အသင်းက ဒုတိယဂိုးရရှိခဲ့ပြီး ကယ်လာဘရီ ယာက သွင်းယူပေးခဲ့သည်။
ဒုတိယပိုင်းပြန်လည်စတင်ပြီး မကြာမီတွင် အီဗရာဟီမိုဗစ် ကိုယ့်ဂိုးကိုယ် သွင်းယူမိသလို ဖြစ်ခဲ့၍ ဘိုလော့ဂ်နာအသင်း ချေပဂိုးရရှိခဲ့သည်။ ပထမချေပဂိုး ရရှိပြီးနောက် မကြာမီတွင် ဘိုလော့ဂ်နာအသင်း ဒုတိယ ချေပဂိုးရရှိခဲ့ပြီး ဘာရိုးက သွင်းယူ ပေးခဲ့သည်။ သို့သော်လည်း ပွဲချိန် ၅၈ မိနစ်တွင် ဆိုရီယာနို အနီ ကတ်ပြ ထုတ်ပယ်ခံခဲ့ရသည့် အတွက် ဘိုလော့ဂ်နာအသင်း အထိနာခဲ့ရသည်။
ယင်းနောက် အေစီမီလန် အသင်းက အသာစီးရယူကာ ပွဲချိန် ၈၄ မိနစ်တွင် အသင်း အတွက် တတိယဂိုးကို ဘင်နာ ဆာက သွင်းယူပေးပြီး စတုတ္ထဂိုး ကို ပွဲချိန်ပြီးခါနီးတွင် အီဗရာ ဟီမိုဗစ်က သွင်းယူပေးခဲ့သည်။ အီဗရာဟီမိုဗစ်သည် စီးရီးအေ ပြိုင်ပွဲ၌ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ တွင် တော့တီပြီးနောက် အသက် ၄၀ အရွယ်တွင် ဂိုးသွင်းယူနိုင်ခဲ့ သည့် ကစားသမားဖြစ်လာခဲ့ သည်။ ထို့အပြင် ၎င်းသည် ကစား သမားဘဝတစ်လျှောက် ဒုတိယ အကြိမ် ကိုယ့်ဂိုးကိုယ်သွင်းယူမိ ခဲ့သည်။ အေစီမီလန်အသင်း သည် စီးရီးအေပွဲစဉ် (၉) အပြီးတွင် နာပီုလီအသင်းထက် တစ်ပွဲ ပိုကစားကာ ရမှတ် ၂၅ မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင် နိုင်ခဲ့သည်။
အောင်ဇော်