ခံဝံ့ မခံဝံ့

Type


 

ရဲဇာနည်
 

ယမန်နေ့မှအဆက်
သားဖြစ်သူကိုစောင့်မျှော်
ရန်ကုန်တက္ကသိုလ်    ကျောင်းသား တစ်ဦးသည် သခင်သန်းထွန်း၏   ဗမာ ပြည်ကွန်မြူနစ်ပါတီနှင့် အဆက်အသွယ် ရပြီး      ဗကပမြေအောက်လုပ်ငန်းများ ဆောင်ရွက်နေခဲ့ရာမှ   ၁၉၆၄ ခုနှစ်တွင် တောခိုခဲ့ပါသည်။          ထိုတောခို ကျောင်းသားသည်     ပါတီလုပ်ငန်းများ ကို     တက်ကြွစွာ       ဆောင်ရွက်သဖြင့်     ဗကပဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ   သခင် သန်းထွန်းက   ပါတီ၏   အမြုတေဖြစ် သော      ကျောရိုးတပ်နီ     လူငယ်အဖွဲ့ ခေါင်းဆောင်အဖြစ်      ခန့်အပ်ခဲ့ပါသည်။  အခြားလူငယ်များက      လက်သီး လက်မောင်းတန်း၍    ကြွေးကြော်သံများ ပေးကာ  ထောက်ခံအားပေးခဲ့ကြပါသည်။  သို့ရာတွင်  ၁၉၆၈ ခုနှစ်   ဖြုတ်ထုတ်သတ် စီမံကိန်းတစ်ခုတွင်       ဖောက်ပြန်ရေး သမားတို့၏        ဂိုဏ်းဝင်တစ်ဦးအဖြစ် ခုံရုံးတင်ကာ လည်မျိုကို  ဝါးရင်းတုတ်ဖြင့် ရိုက်ကြပါသည်။       မသေမရှင်တွင်  လည်ပင်းကို ဓားနှင့်လှီးဖြတ်၍ ထွက်လာ သည့်  လည်ချောင်းသွေးဖြင့်   ခြေဆေး ကြပါသည်။   ထိုအချိန်တွင်   နိုင်ငံကျော် စာရေးဆရာမကြီးတစ်ဦးသည်     သား ဖြစ်သူကို    အောင်မြင်မှု  သရဖူဆောင်း လျက် ပြန်လာလိမ့်မည်ဟု မျှော်လင့်နေခဲ့ သည်ဟု    အခြားစာအုပ်တစ်အုပ်တွင်ဖတ်ရပါသည်။
ထိုအကြောင်းအရာတို့သည်  စာအုပ် များက     ပြောသော      စကားများဖြစ် ၍       မှန်ကန်လိမ့်မည်ဟု       တစ်ထစ်ချ မယုံကြည်လိုပါ။    သို့ရာတွင်  ကိုယ်တွေ့ ကြုံခဲ့ရသည်တို့ကို     ရေးသူက   ရေးခဲ့ သည်။     လွတ်မြောက်နယ်မြေဆိုသည် ကို သွားသူက  သွားခဲ့သည်။ တရားဥပဒေ သက်ရောက်မှု      မရှိဟုဆိုသော်လည်း  မတရားမှုဖြင့်      လူ့အသက်တစ်ချောင်း ကို   စီရင်ခဲ့ကြသည်။   မိခင်ကြီးကလည်း  မျှော်လင့်ချက်ကြီးစွာဖြင့်  သားဖြစ်သူကို  စောင့်မျှော်နေခဲ့သည်။    ထိုအကြောင်း အရာအားလုံး  ဇာတ်လမ်းအဖြစ် မှတ်ယူ သည်ထားဦး၊   သားဖြစ်သူ   ပြန်ရောက် မလာတော့ခြင်းကား      အမှန်တကယ် ဖြစ်ခဲ့ပါသည်။   ဆက်စပ်စဉ်းစားကြည့် လျှင်  မည်မျှရင်နာဖွယ်ကောင်းလိုက်ပါသနည်း။      သင်ခန်းစာယူစရာလည်း  ကောင်းလှပေသည်။
ထုတ်ပြန်ကြေညာထားရှိ
မူရင်းအကြောင်းအရာကို    ဆက်ရ မည်ဆိုလျှင်  CRPH သည်   အမျိုးသား ညီညွတ်ရေးအစိုးရ  (NUG)  ကို  ဖွဲ့စည်း ပြီး နိုင်ငံတကာအဖွဲ့အစည်းများ၊ ၎င်းတို့ အား ထောက်ခံသည့်  ပြည်တွင်းပြည်ပမှ ပုဂ္ဂိုလ်များ၊      အဖွဲ့အစည်းများထံမှ  ငွေကြေးထောက်ပံ့မှုများဖြင့်  NLD  နိုင်ငံ ရေးအစွန်းရောက်များ၊ မသိနားမလည် သည့် လူငယ်များကို သွေးဆောင်စည်းရုံး ၍    ပြည်သူ့ကာကွယ်ရေးတပ်မတော်  (PDF)    အဖွဲ့များဖွဲ့စည်းကာ    နိုင်ငံ အတွင်း    လက်နက်ကိုင်တိုက်ခိုက်ခြင်း၊  ဖောက်ခွဲဖျက်ဆီးခြင်းများ   ဆောင်ရွက် လာခဲ့ပါသည်။ 
       သို့ဖြစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်    CRPH ကို    မတရား အသင်းအဖြစ်   ကြေညာကာ   ယင်းက ဖွဲ့စည်းသည့် NUG ၊   ယင်းကဖွဲ့စည်း သည့် PDF နှင့် ယင်းတို့၏ လက်အောက် ခံအဖွဲ့အစည်းအားလုံးကို အကြမ်းဖက် အုပ်စုများအဖြစ် ထုတ်ပြန်ကြေညာထားရှိပြီးဖြစ်ပါသည်။
ထိုအကြမ်းဖက်အုပ်စု     CRPH ၊  NUG ၊   PDF  တို့သည်   နိုင်ငံတော်အား  အလုံးစုံပျက်သုဉ်းရေးသို့     ဦးတည်၍  အကြမ်းဖက်လုပ်ရပ်များ   အစဉ်တစိုက် လုပ်ကိုင်နေကြသည်ကို တွေ့ရပါသည်။
အကြမ်းဖက်အုပ်စုများသည်    မည်သည့် နေရာ၊  မည်သည့်အရာ၊   မည်သူကို  အကြမ်းဖက် တိုက်ခိုက်ရမည်ကို Social Media များမှတစ်ဆင့်  တိုက်တွန်းခြင်း၊  နှပ်ကြောင်းပေးခြင်း၊    ဆော်ဩခြင်း၊ ခြိမ်းခြောက်ခြင်း၊   အကျပ်ကိုင်ခြင်းများ ပြုလုပ်၍    ဆောင်ရွက်နေကြပါသည်။  အကြမ်းဖက်အုပ်စု       PDF    တို့၏ ၂၀၂၁ ခုနှစ်        ဖေဖော်ဝါရီလ   ၁  ရက်မှ   အောက်တိုဘာလ ၁၂ ရက်အထိ  အကြမ်း ဖက်မှု ကိန်းဂဏန်းများကို  အကြောင်း အရာ အလိုက်ခွဲခြား၍  ဖော်ပြလိုပါသေး သည်။
PDF တို့၏ သတ်ဖြတ်လုယက်မှုများ
၂၀၂၁ခုနှစ်  ဖေဖော်ဝါရီလ  ၁   ရက် မှ   အောက်တိုဘာလ ၁၂  ရက်အထိ  အကြမ်းဖက်အုပ်စု PDF တို့၏ သတ်ဖြတ် မှုကြောင့်   ကျား ၁၅၈ ဦး၊   မ ၂၄ ဦး   စုစုပေါင်း  ၁၈ ၂ ဦး သေဆုံးကာ  လုယက် ခံရမှု (၈) ကြိမ်ဖြစ်ပွားခဲ့ပါသည်။ သတ်ဖြတ် မှုများတွင်  ရဟန်းသံဃာများ၊   ကလေး သူငယ်များ၊ အငှားယာဉ်မောင်းသူများ နှင့်    အနှေးယာဉ်မောင်းသူများလည်း ပါဝင်ပါသည်။           သတင်းပေးဒလန်ဟု  အကြောင်းပြ    သတ်ဖြတ်သော်လည်း တပ်မတော်ကို      ထောက်ခံသူများ၊  လုံခြုံရေးတပ်ဖွဲ့ဝင်များ၏   မိသားစုဝင် များ၊ NLD ပါတီဝင်မဟုတ်သူများ၊ အခြား ပါတီဝင်များ၊   သဘောထား မတိုက်ဆိုင် သူများ၊   အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊  ယခင်ရန်ငြိုးရန်စရှိသူများ၊    ပြည်သူလူထု နှင့်    များများထိတွေ့ဆက်ဆံရသည့်  နိုင်ငံ့ဝန်ထမ်းများ၊   ငွေနှင့်ပစ္စည်းရလိုမှု ဖြင့် သတ်ဖြတ်မှုများလည်းပါဝင်ပါသည်။
ယခုနောက်ပိုင်းတွင်  လူသတ်ရာ ၌ အမျိုးသမီးများကို  အုပ်စုဖွဲ့မုဒိမ်းကျင့် သတ်ဖြတ်မှုမျိုးကိုပါ  ကျူးလွန်လာကြ သည်ကို တွေ့ရပါသည်။  လုယက်မှုဆိုရာ ၌လည်း  ဘဏ်ဓားပြတိုက်မှု၊လူသတ်၍ပစ္စည်းနှင့်  ငွေကိုရယူမှု၊ လုံခြုံရေးတပ်ဖွဲ့ ဝင်များ ဟန်ဆောင်၍  လက်ဝတ်ရတနာ များရယူမှု၊       သေနတ်ပစ်ဖောက်၍  မော်တော်ယာဉ်အား   အပိုင်စီးမှုစသည့်  နည်းမျိုးစုံဖြင့်   ပြည်သူလူထုကို  ဒုက္ခပေး လျက်ရှိကြောင်း  တွေ့ရပါသည်။ 
ဗုံးဖြင့်ပစ်ခတ်မှု၊  တိုက်ခိုက်မှု၊ မီးရှို့မှုနှင့်  
တာဝါတိုင်ဖောက်ခွဲဖျက်ဆီးမှုများ 
အကြမ်းဖက်အုပ်စု   PDF  မှ  ဖော်ပြပါ ကာလအတွင်း   လက်ပစ်ဗုံး/ လက်လုပ် ဗုံးဖြင့်     ပစ်ခတ်မှုအရေအတွက်မှာ  စာသင်ကျောင်းများသို့  ၂၃၈ လုံး၊     ဌာန ဆိုင်ရာရုံးများသို့  ၅၄၆ လုံး၊  အခြား နေရာများသို့  ၂၃၉၃  လုံးဖြစ်ပါသည်။  တိုက်ခိုက်မှု    အကြိမ်အရေအတွက်မှာ  တပ်မတော်      လုံခြုံရေးနေရာများသို့  အကြိမ် ၄၀၊ ရဲစခန်းများသို့    ၂၃၃ ကြိမ်၊  လမ်းကြောင်းများသို့  ၇၇   ကြိမ်နှင့်  အခြားနေရာများသို့ အကြိမ် ၁၃၅၀   ဖြစ် ပါသည်။    မီးရှို့မှုများမှာ  စာသင်ကျောင်း  ၉၁  ကျောင်း၊ ခရိုင်/မြို့နယ်/ရပ်ကွက် /ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ရုံး   ၁၀၁ ရုံး၊   ဌာနဆိုင်ရာရုံး ၇၆ ရုံး၊  ရဲစခန်း  ၁၀၉ ခုနှင့်အခြား ၂၈၇ နေရာတို့ဖြစ်ပါသည်။  တာဝါတိုင်ဖောက်ခွဲဖျက်ဆီးမှုများမှာ  အစိုးရပိုင်  လျှပ်စစ်တာဝါတိုင်  သုံးတိုင်၊  MPT  ၁၉ တိုင်၊    Mytel  ၂၇၅ တိုင်၊  Telenor ၁၃ တိုင်၊  Ooredoo ၁၀ တိုင် စုစုပေါင်း ၃၁၇ တိုင်ဖြစ်ပါသည်။
အကြမ်းဖက်အုပ်စု  PDFတို့ထံမှ  
သိမ်းဆည်း/ဖမ်းဆီးရမိမှု
အကြမ်းဖက်အုပ်စု    PDF  တို့ထံမှ  RPG/ M79 ၆၁ လက်၊  ပစ္စတို/မောင်းပြန် သေနတ်အလက်  ၇၅၀ ၊  တူမီး ၃၁၄၅ လက်၊   လက်လုပ်အမြောက်  ၄၈  လက်၊  လက်လုပ်သေနတ်    ၉၅၆    လက်၊  လေသေနတ်  ၁၂၅၂ လက်၊ Gas သေနတ်   အလက် ၉၀၀ ၊    လက်ပစ်ဗုံး   ၁၅၆၉ လုံး၊  လက်လုပ်ဗုံး/မိုင်း ၈၃၀၄  လုံးနှင့်   အခြားလက်နက်   ၁၉၁၇၉၁  ခုတို့ကို  သိမ်းဆည်း/ဖမ်းဆီးရမိခဲ့ပါသည်။
အထက်တွင် ဖော်ပြခဲ့သည့်  အကြမ်း ဖက် အုပ်စု PDF တို့၏ အကြမ်းဖက်မှုနှင့် သက်ဆိုင်သော    ကိန်းဂဏန်းအချက် အလက်များကို   တိကျစွာ ဖော်ပြရခြင်း မှာ အကြမ်းဖက်မှုကို  ဦးဆောင်ညွှန်ကြား နေသူများ၊  ကိုယ်တိုင်ပါဝင်ဆောင်ရွက် နေသူများနှင့်     အားပေးအားမြှောက် ထောက်ခံ    ထောက်ပံ့နေကြသူများ၏ နိုင်ငံတော်နှင့်      ပြည်သူလူထုအပေါ်  မည်သည့် အကြမ်းဖက်မှုများကို မည်မျှ ကျူးလွန်နေကြကြောင်းကို  ပေါ်လွင်စေ ရန်နှင့်       ပြည်သူလူထုတစ်ရပ်လုံးက   သတိပြုနိုင်ကြစေရန်    ဖြစ်ပါသည်။  ထို့အပြင်          ပြည်သူ့ကာကွယ်ရေး တပ်မတော်ဟု အမည်နှင့်ဖွဲ့စည်းထား သည့်  အဖွဲ့များ၏   လုပ်ဆောင်ချက် များသည်   အမည်နှင့်လိုက်ဖက်မှုရှိ/မရှိ လေ့လာသုံးသပ်နိုင်ကြစေရန်လည်း ဖြစ် ပါသည်။
အသက်ကိုပင် မငဲ့ကွက်နိုင်တော့
ဤနေရာတွင်  အလျဉ်းသင့်၍  ကြား ညှပ် ပြောရပေဦးမည်။   စောအယ်ကော်၊  မန်းစံမင်း၊   ရဲဘော်ဘခက်၊  ရဲဘော်မြနှင့်  ရဲဘော်သံဒိုင်တို့ရေးခဲ့ကြသည့်   “ပြည်သူ့ စစ်  ဒို့စစ် ဒို့စစ်” စာအုပ်တွင်  ၁၉၆၇/၆၈ ခုနှစ်    ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၌  ဗကပနှင့်   မဒညတအဖွဲ့ဝင်  KNU တို့၏  အာဏာနီတည်ဆောက်ရေးနှင့်  အခြေခံ နယ်မြေတည်ဆောက်ရေး  အကြောင်း ပြလျက်    ရွာလုံးကျွတ်မီးရှို့၊  လူသတ်၊  ပစ္စည်းဥစ္စာတို့ကို                မတရားသိမ်းပိုက်၊   ပြည်သူလူထုအပေါ်  တရားလက်လွတ် သောင်းကျန်းမှုများ    ပြုခဲ့ကြသည်ကို တွေ့ရပါသည်။ နောက်ပိုင်းတွင်    နီးရာ ဓားကို      ကြောက်ရပါသည်ဆိုသော     ပြည်သူလူထုသည်  သောင်းကျန်းသူများ ၏  အဓမ္မလုပ်ရပ်များကို မခံမရပ်နိုင်ဖြစ် ကာ  မိမိအသက်ကိုပင်   မငဲ့ကွက်နိုင်တော့ ဘဲ      တပ်မတော်နှင့်        လက်တွဲ၍ သောင်းကျန်းသူများကို အမြစ်ပြတ်ချေမှုန်း အောင်ပွဲဆင်ခဲ့ကြသည်ကို      တွေ့ရပါ သည်။    အတုယူဖွယ်ကောင်းလွန်းသည့် သင်ခန်းစာဖြစ်ပါပေ၏။
လူတို့သည်       ပင်ကိုအားဖြင့်  လွတ်လပ်စွာ နေထိုင်လိုကြ၏။    လုံခြုံမှု ကို လိုလားကြ၏။
တည်ငြိမ်အေးချမ်းမှုကို    မြတ်နိုး  ကြ၏။   ထိုလွတ်လပ်မှု  လုံခြုံမှု တည်ငြိမ် အေးချမ်းမှုတို့     ဆုံးရှုံးခဲ့လျှင်လည်း  အတိုင်းအတာတစ်ခုအထိ   သည်းခံ၍  တစ်ချိန်ချိန်တွင်        တစ်နည်းနည်း ဖြင့်  ပြန်လည်ရယူတတ်ကြ၏။   သို့ဖြစ် ၍  လူသားဆန်သည့်လူတို့နေထိုင်လျက် ရှိသော     နယ်မြေဒေသတစ်ခုသည်  မည်သည့်အခါမျှ ဆိုခဲ့သည့်လွတ်မြောက် နယ်မြေမျိုး         ဖြစ်မလာနိုင်သည်ကို  အာမခံနိုင်၏။  သို့ဆိုလျှင် အဖြူရောင်တွင် အမည်းစက်သည်   အလိုလို    ထင်ရှား၍ နေပေလိမ့်မည်။    ပြည်သူလူထုအနေ ဖြင့်   အကြမ်းဖက်အုပ်စု  CRPH၊  NUG ၊  PDF  တို့၏  အကြမ်းဖက်မှုများကြောင့်  ဖြစ်ပေါ်လာသည့်အကျိုးဆက်ကို  မည်မျှ အထိ  သည်းခံခဲ့ကြပြီးပြီနည်း။    မည်မျှ အထိ    သည်းခံနေကြဦးမည်နည်း။  ထို မေးခွန်းတို့ကို  အချိန်အခါနှင့်  အကြောင်း တိုက်ဆိုင်မှုတို့က တာဝန်ယူ၍  ဖြေရှင်း ပေးပေလိမ့်မည်။
သင်ခန်းစာရဖို့လည်း ကောင်း
 ဤအကြောင်းအရာကို   ဆရာကြီးမောင်သာရရေးသားခဲ့သည့်“ကျဉ်တုတ် ခံဝံ့ မခံဝံ့”   ဟူသည့်   ဖြစ်ရပ်မှန်နောက်ခံ  လုံးချင်းဝတ္ထု၏ နိဒါန်းပိုင်းနှင့် နိဂုံးပိုင်းစာပိုဒ်လေးနှစ်ပိုဒ်ကို ကိုးကား၍ အဆုံး သတ်လိုပါသည်။   ဝတ္ထုတစ်ပုဒ်လုံး၏  နိဒါန်းပိုင်းကို    အောက်တွင်  ဖော်ပြထား သည့်အတိုင်း  စာပိုဒ်လေးတစ်ပိုဒ်မျှဖြင့်  အစချီထားပါသည်။
    “မင်းမှာလုပ်ချင်၏၊     တင်းကုပ် မှာ အချုပ်ခံဝံ့ မခံဝံ့။
    ပဲဟင်းကို ရှုပ်ချင်၏၊   နှုတ်ခမ်းမွေး ကို အနုတ်ခံဝံ့ မခံဝံ့။
    မှိုနှင့် မျှစ်ကိုနုတ်ချင်၏၊ ကျဉ်တုတ် ခံဝံ့ မခံဝံ့။
   (ကျည်းကန်ရှင်ကြီး မေတ္တာစာ)”
ဆရာကြီးသည်   ဝတ္ထုတစ်ပုဒ်လုံး ကို ၁၉၅၃  ခုနှစ်  မန္တလေးတက္ကသိုလ် ကျောင်းသားသပိတ်တွင်    ပါဝင်ခဲ့ကြ သည့်          ကျောင်းသားခေါင်းဆောင် ငါးယောက်၏  ဖြစ်ရပ်မှန်ကို  ဇာတ်လမ်း ဆင်၍   ရေးသားထားပါသည်။    ဇာတ် ကောင်  ငါးယောက်၏ သပိတ်တိုက်ပွဲတွင်  တက်ကြွစွာ    ဦးဆောင်လှုပ်ရှားမှုများ၊  ချုပ်နှောင်စစ်ကြောခံရပုံများကို   ဝေဝေ ဆာဆာ ပုံဖော်ထားပါသည်။  သို့ရာတွင်  လူ့ဘဝ၏အဓိကလိုအပ်ချက်မှာ  နိုင်ငံရေးမဟုတ်၊စားဝတ်နေရေးသာဖြစ်သည့် အတွက်   ထောင်မှလွတ်လာသည့်အခါ  ငါးယောက်အနက်  တစ်ယောက်မှအပ  ကျန်လေးယောက်မှာ    နိုင်ငံရေးကို လုံးဝစွန့်လွှတ်၍ တစ်ဝမ်းတစ်ခါးရှာဖွေစားသောက်ကြရပုံများကို ဝတ္ထုအဆုံး ပိုင်း၌ သရော်စာသဖွယ် ရေးသားဖော်ပြ ထားပါသည်။
နိဂုံးပိုင်းမှာလည်း    နိဒါန်းပိုင်းကဲ့သို့ ပင်  စာပိုဒ်လေးတစ်ပိုဒ်မျှဖြင့်    အဆုံး သတ်ထားပါသည်။ 
“ မှန်သည်။ မနေ့ကနှင့်  သည်ကနေ့ ကို   ပေါင်း၍ ကြည့်လိုက်တော့  လောက သည်  ရယ်ဖို့လည်း    ကောင်းသည်။  သင်ခန်းစာရဖို့လည်းကောင်းသည်။  အံ့ဖို့ လည်းကောင်းသည်။  မောင်သာရ” 
ဟူ၍ဖြစ်ပါသည်။
ဆရာကြီးသည်     ဝတ္ထုခေါင်းစဉ် ရွေးရာတွင်     ကျည်းကန်ရှင်ကြီး မေတ္တာစာ စာပိုဒ်ထဲမှ   အသင့်လျော်ဆုံး စာသားကို ရှာဖွေတွေ့ရှိခဲ့မည်  ထင်ပါ သည်။ သို့ရာတွင် ထိုစာသားကို   အသုံးပြု လိုက်လျှင်  တိုက်ရိုက်တည့်တိုးကြီးဖြစ် နေ ၍  ရိုင်းရာကျမည်စိုး၍လား၊     လိမ္မာ ယဉ်ကျေးပြီး  ပဟေဠိဆန်စေလို၍   ယခု အသုံးပြုသည် စာသားကို    ရွေးချယ်ခဲ့လေ သလား၊  ဆရာကြီး၏  ရည်ရွယ်ချက်ကို မခန့်မှန်းနိုင်ပါပေ။  စာရေးသူအနေဖြင့် လည်း   ဤဆောင်းပါးခေါင်းစဉ်အတွက်  မည်သည့်    ရည်ရွယ်ချက်ဟု     ကိုယ်တိုင် ဝေခွဲရန်   ခက်ခဲလျက်နှင့်ပင်   ကျည်းကန် ရှင်ကြီးမေတ္တာစာမှ     စာသားတစ်ခု ကောက်ယူသုံးစွဲမိပြန်ပါသည်။          ။