မြို့နယ်အချို့၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

နေပြည်တော်   အောက်တိုဘာ   ၂၆ 


ဟိုပင်နယ်မြေရဲစခန်းမှ   တပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၅ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် မိုးညှင်းမြို့နယ်  ဇီးကုန်းကျေးရွာအနီးတွင် ထွန်းလင်းထက်(ခ)ပါကျဲ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ် ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၃၉၆ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၆၀၀ ကိုလည်းကောင်း၊  အလားတူ ယင်းနေ့ ည ၈ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်   မိုးကောင်းမြို့  ရွာသစ် ရပ်ကွက် ဗိုလ်တေဇလမ်းနှင့် စံပယ်လမ်းဆုံ တွင် စိုးမြင့်ကျော်(ခ)ကိုငယ်နှင့် မနီလာဝင်းစိုး တို့ နှစ်ဦးကို     တွေ့ရှိသဖြင့်   စစ်ဆေးရှာဖွေ ရာ     စိတ်ကြွရူးသွပ်ဆေးပြား  ၁၂၆၀၀  ကို   လည်းကောင်း။


ထို့အတူ ယင်းနေ့ နံနက် ၈ နာရီ ၄၅ မိနစ် တွင်     မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော  ပူးပေါင်း အဖွဲ့သည် ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာ ပိတ်ချင်းမြောင်  စစ်ဆေးရေးစခန်းအနီးတွင် သန့်ဇင် မောင်းနှင်လာသည့် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဆီခဲ ၅ ဒသမ ၈ ကီလိုကိုလည်းကောင်း၊ ထို့ပြင် ယင်းနေ့ နံနက် ၁၁ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်   ဒေါပုံမြို့နယ်   နွယ်အေး ရပ်ကွက် မြတ်လေးနွယ်(၂)လမ်း အမှတ်(၁၈၄/အေ)   မြေညီထပ်ရှိ   မမြစိန်၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ သန်းဝင်းခိုင်၊ မအေးအေးအောင်တို့ကိုတွေ့ရပြီး    စိတ်ကြွ ရူးသွပ်ဆေးပြား   ၃၀၂၀  ကို      လည်းကောင်း၊ အလားတူ   ယင်းနေ့ နံနက် ၁၁ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော  ပူးပေါင်းအဖွဲ့သည် မိုင်းရယ်မြို့နယ်        မိုင်းရယ်-လားရှိုးသွား ကားလမ်း မိုင်တိုင်အမှတ် (၃၉/၅)အနီးတွင် ကျနူး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ် ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀၀၀ ကိုလည်းကောင်း သိမ်းဆည်း ရမိခဲ့သဖြင့်  ၎င်းတို့အား   မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ    အရေးယူထားကြောင်း   သိရ သည်။      

ရဲပြန်ကြား