နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ထောက်ခံကြောင်း ပြသကြ သည့် ဆန္ဒဖော်ထုတ်ပွဲများက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး တို့ရှိ မြို့နယ်များစွာတို့တွင် ပေါ်ပေါက်လာကြသည်။ အဆိုပါ ဆန္ဒ ဖော်ထုတ်ပွဲများသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်ကို တာဝန်ယူနေရသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဆောင်ရွက်ချက်များကို ထောက်ခံခြင်း၊ အမျိုးဘာသာ သာသနာကို စောင့်ရှောက်လျက်ရှိသည့် တပ်မတော်အား ထောက်ခံ ခြင်းဖြစ်ပြီး မိမိတို့နိုင်ငံ၏ ပြည်တွင်းရေးကို ပြည်ပမှ ဝင်ရောက် စွက်ဖက်မှုများကို ကန့်ကွက်ခြင်း၊ ဒီမိုကရေစီအမည်ခံ အကြမ်းဖက် အဖွဲ့အစည်းများ၏ အကြမ်းဖက်လုပ်ရပ်များကို ရှုတ်ချခြင်းဖြစ်သည်။ ဆန္ဒဖော်ထုတ်ပွဲများ ပေါ်ပေါက်လာရခြင်းက NUG, CRPH နှင့် PDF အကြမ်းဖက်အဖွဲ့အစည်းများ၏ အကြမ်းဖက်လုပ်ရပ်များ တစ်နေ့ တခြား ပိုမိုဆိုးရွားလာနေပြီး ပြည်သူလူထု၏ နေ့စဉ်လူမှုဘဝများ အပေါ် အကြောက်တရားဖြင့် စိုးမိုးနိုင်စေရန် အကြမ်းဖက်ခြိမ်းခြောက် မှုများ၊ မြန်မာနိုင်ငံ ငြိမ်းချမ်းသာယာမှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့ကို မလိုလားဘဲ ၎င်းတို့စိတ်ကြိုက်ခြယ်လှယ်နိုင်မည့် အစိုးရအာဏာရရှိ ရေးကိုသာ လိုလားသည့် ပြည်ပနိုင်ငံတို့၏ စွက်ဖက်မှုများအပေါ် တိုင်းရင်းသားပြည်သူများ၏ တုံ့ပြန်မှုများပင်ဖြစ်သည်။
နိုင်ငံသူ နိုင်ငံသား၊ တိုင်းရင်းသားပြည်သူတို့၏ ဆန္ဒအစစ်အမှန် သည် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး၊ မိမိတို့နိုင်ငံ ခေတ်မီဖွံ့ဖြိုး တိုးတက်ရေး၊ ပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွားဘဝများ မြင့်မားရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ဖြစ်ပြီး စစ်မှန်သည့် ဒီမိုကရေစီ၊ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ ခိုင်မာ စွာ တည်ရှိရေးကို လိုလားကြခြင်းဖြစ်သည်။ အာဏာရှင်ဆိုပါက ရွေးကောက်ပွဲမှတက်လာပြီး ထင်ရာစိုင်းမည့် အာဏာရှင်မျိုးကိုလည်း အလိုရှိမည်မဟုတ်သည်မှာ သေချာသည်။ နိုင်ငံတွင် နိုင်ငံရေးအရ အရေးပေါ်ကာလအခြေအနေတွင် ဖြတ်သန်းနေရပြီး ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ တားဆီးကာကွယ်ထိန်းချုပ်နေရဆဲ အခြေအနေ တွင် ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် အောင်မြင်မှု များရရှိနေသည့် သာဓကများစွာရှိသည်။ ယခုအခါ မိမိတို့ နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ နေ့စဉ်ကူးစက်ပျံ့နှံ့မှုနှုန်း ကျဆင်းလာလျက်ရှိရာ ကိုဗစ်-၁၉ တတိယလှိုင်း အမြင့်မားဆုံးအခြေအနေတွင် စိန်ခေါ်မှု များစွာ၊ အခက်အခဲများစွာကို ရင်ဆိုင်ကျော်လွှားခဲ့ကြရပြီး ပြည်သူ များ၏ ပူးပေါင်းပါဝင်မှု အားကောင်းခဲ့ခြင်းကြောင့် ယနေ့အခြေအနေ မျိုး ရလဒ်ကောင်းများ ရရှိလာခဲ့ရခြင်းဖြစ်သည်။
နိုင်ငံရေးအပြောင်းအလဲတွင် ဆန္ဒပြပွဲများမှသည် အဓိကရုဏ်း များ၊ ရုန်းရင်းဆန်ခတ်မှုများ၊ လက်နက်ကိုင်တိုက်ခိုက်မှုများနှင့် အကြမ်းဖက်သတ်ဖြတ်မှုများဆီသို့ အဆင့်ဆင့် ပြောင်းလဲသွားခဲ့ရာ တွင်လည်း ပြည်သူများ၏ သတင်းပေးမှု၊ ပူးပေါင်းပါဝင်ဖော်ထုတ် မှုတို့ကြောင့် အကြမ်းဖက်အုပ်စုများ၊ ၎င်းတို့၏ အဆွယ်အပွားများ၊ လက်နက်ခဲယမ်း မီးကျောက်များကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး NUG, CRPH နှင့် PDF တို့၏ မြို့သိမ်း၊ ရွာသိမ်း အိပ်မက်များကို ပျက်ပြယ် စေခဲ့သလို အကြမ်းဖက်အုပ်စုတို့၏ ဥပဒေမဲ့ပြုကျင့်မှုများကို ဖော်ထုတ်နိုင်ခဲ့သဖြင့် တော်လှန်ရေးအမည်ခံထားသည့် လူသတ်မှု၊ လုယက်မှု၊ ဓားပြမှု စသည့် အမှုများလည်း ပေါ်ပေါက်စေခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏ တာဝန် များကို အခြေခံဥပဒေနှင့်အညီ ကြိုးပမ်းထမ်းဆောင်လျက်ရှိသည်။ ယင်းသို့ ထမ်းဆောင်ရာတွင် ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်တို့ကို ချမှတ်ကာ ရိုးသားစွာ ဆောင်ရွက်နေခြင်းဖြစ်သည့် အတွက် ပြည်သူတို့၏ ယုံကြည်မှုကို ရရှိသည်။ နိုင်ငံရေးအစွန်းရောက် များ၊ အကြမ်းဖက်သမားများက ဆန့်ကျင်မှုများ ရှိနေမည်ဖြစ်သော် လည်း ပြည်သူသည်သာ အခရာ၊ ပြည်သူသည် အဓိက ဟု ဆိုသည့် အလျောက် ပြည်သူကို ဦးတည်သည့်၊ ပြည်သူကို ဒုက္ခပေးသည့် အကြမ်းဖက်မှုတို့ များမကြာမီ ပြိုကွဲပျောက်ကွယ်သွားရမည်သာ ဖြစ်ပါကြောင်း။ ။