အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် မြန်မာ့လက်ရွေးစင်အသင်း တူရကီနိုင်ငံ၌ သွားရောက်လေ့ကျင့်ကာ ခြေစမ်းပွဲများ ကစားမည်

 

ရန်ကုန် အောက်တိုဘာ   ၂၇


မြန်မာ့လက်ရွေးစင်အသင်းသည် ယခုနှစ်ကုန်ပိုင်းကျင်းပမည့် အာဆီယံ ဆူဇူကီး ဖလားပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် တူရကီနိုင်ငံ Antalya မြို့၌ လေ့ကျင့်မှုများပြုလုပ်သွားမည်ဖြစ်ပြီး ခြေစမ်းပွဲများယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

 


မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာလကုန်အထိ တူရကီနိုင်ငံ၌ လေ့ကျင့် မည်ဖြစ်ပြီး အောက်တိုဘာ ၂၇ ရက်တွင် ရန်ကုန်မြို့မှ ထွက်ခွာသွားသည်။   မြန်မာ အသင်းသည် တူရကီနိုင်ငံတွင် တူရကီကလပ်အသင်းများနှင့် ခြေစမ်းကစား သွားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် ခြေစမ်းပွဲ သုံးပွဲနှင့်အထက် ကစားရန်စီစဉ်ထားပြီး ညှိနှိုင်းမှုများပြုလုပ်လျက်ရှိသည်။ အာဆီယံ ဆူဇူကီးဖလား ပြိုင်ပွဲကို ဒီဇင်ဘာ ၅ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (A) တွင် ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ခြေစစ်ပွဲအောင်အသင်း (ဘရူနိုင်း/တီမော)တို့နှင့်အတူ ကျရောက်နေသည်။ မြန်မာအသင်းသည် တူရကီနိုင်ငံမှ ပြိုင်ပွဲကျင်းပမည့် စင်ကာပူနိုင်ငံသို့ တိုက်ရိုက်သွားရောက်မည်ဖြစ်သည်။


 ရဲရင့်လွင်