အောက်တိုဘာ ၂၇ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၀၀၃ ဦး တွေ့ရှိ

 

ထပ်မံသေဆုံးသူ ၂၁ ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း ၁၈၆၀၃ ဦးရှိ

(၂၇-၁၀-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ

 

­­ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်- ၁၉  ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်- ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာစည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

 


ကိုဗစ်- ၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်- ၁၉  ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက် လျက်ရှိပြီး (၂၆-၁၀-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၇-၁၀-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂၀,၅၉၄) ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်- ၁၉  ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁,၀၀၃) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၄.၈၇) ရာခိုင် နှုန်းရှိပါသည်။

 


သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၇၉၁,၈၄၇)ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်- ၁၉  ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၄၉၆,၉၀၁) ဦး ရှိပြီဖြစ်ပါသည်။
ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၁,၆၅၉) ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း (၄၆၁,၈၈၃) ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီး ဖြစ်ပါသည်။ ကိုဗစ်- ၁၉  ရောဂါဖြင့် ထပ်မံသေဆုံးသူ (၂၁)ဦး ရှိသဖြင့် ယနေ့ အထိ သေဆုံးသူစုစုပေါင်း (၁၈,၆၀၃) ဦး ရှိပါသည်။

 


ကိုဗစ်- ၁၉  ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၂၆-၁၀-၂၀၂၁) ရက်နေ့အထိ လူဦးရေ စုစုပေါင်း (12,798,322) ဦးအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ် အပြည့် ထိုးနှံပြီးစီးသူ (6,429,059) ဦး နှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ (6,369,263) ဦး ရှိပြီဖြစ်ပါသည်။ သို့ဖြစ်ပါ၍ (၂၆-၁၀-၂၀၂၁) ရက်နေ့အထိ မြန်မာနိုင်ငံတွင် ကိုဗစ်- ၁၉  ရောဂါကာကွယ်ဆေးအကြိမ်ရေ   စုစုပေါင်း (19,227,381) ကြိမ် ထိုးနှံပြီး ဖြစ်ပါသည်။

 

l     သီတင်းကျွတ်ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားလာသူများခြင်းနှင့် အချို့နေရာများတွင် လူစု လူဝေးများပြားခြင်းများရှိခဲ့ပါသည်။ ကိုဗစ်- ၁၉ ရောဂါကူးစက်ဖြစ်ပွားမှု ပြန်လည်မြင့်တက် လာမှု မရှိစေရန်နှင့် ရောဂါကူးစက်ဖြစ်ပွားမှု ဆက်လက်လျော့ကျလာစေရန်အတွက်  ပြည်သူ လူထုအနေဖြင့် အောက်ပါအချက်များကို တိကျစွာလိုက်နာကြရန် ဖြစ်ပါသည်။   
  

 -    အတတ်နိုင်ဆုံး မိမိတို့၏ နေအိမ်များတွင်သာ နေထိုင်ခြင်းနှင့် လူစုလူဝေးကို တတ် နိုင်သမျှ ရှောင်ကြဉ်ခြင်း၊
  

 -    နေအိမ်ပြင်ပသို့ သွားရောက်ရန်နှင့် လူအများစုဝေးရာသို့ သွားရောက်ရန်များရှိပါက ပါးစပ် နှင့်နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ စနစ်တကျတပ်ဆင်ခြင်း၊
  

 -    လက်ကို မကြာခဏဆေးကြောခြင်း၊
  

 -    တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ခြင်း၊ 
  

 -    အလှည့်ကျရရှိလာသည့် ကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့် မပျက်မကွက်ခံယူခြင်း၊


 -    သံသယရောဂါလက္ခဏာ တစ်စုံတစ်ရာရှိပါက မိမိဘာသာ ကုသခြင်းမျိုး မဆောင်ရွက်ဘဲ  နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံးဆက်သွယ်သတင်းပေးပို့၍ မိမိနှင့်  အနီးကပ် ထိတွေ့သူများအား ကျန်းမာရေးဌာနက စုံစမ်းရှာဖွေဖော်ထုတ်ရာတွင် သတင်းပေးပို့ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
  

 -    ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ဆက်စပ်ခဲ့သူများသည်လည်း ကျန်းမာရေး ဌာနသို့ သတင်းပေးပို့၍ အသွားအလာကန့်သတ်ခြင်းနှင့် ဓာတ်ခွဲစစ်ဆေးခြင်း လုပ်ငန်းများ ကို ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊


    l     ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် “ရုံးလုပ်ငန်းဌာနများတွင် ကိုဗစ်- ၁၉  ရောဂါ ကာကွယ်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်” နှင့် “တစ်ဦးကိုတစ်ဦး အသိပေး ခြင်း/ သတိပေးခြင်း မိသားစုစီမံချက်” အတိုင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများ အား အသိပေးခြင်းနှင့် သတိပေးခြင်းတို့ကို လူတိုင်း၊ မိသားစုတိုင်းမှ တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံပါသည်။
  

 l     ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင် အင်တာနက်စာမျက်နှာ www.mohs.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။


ကျန်းမာရေးဝန်ကြီးဌာန