
နေပြည်တော် အောက်တိုဘာ ၂၇
အမှတ်(၇) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များ ပါဝင် သောပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၆ ရက် နံနက် ၁၁ နာရီ မိနစ် ၅၀ တွင် မောင်တောမြို့နယ် မင်းကြီးကျေးရွာ အုပ်စု မင်းကြီးကျေးရွာအနီး မောင်တော-တောင်ပြို(ဝဲ)သွား ကားလမ်းတွင် မောင်သန်းရွှေ မောင်းနှင်ပြီး အောင် ကျော်ဝင်း(ခ)အောင်ကျော်မိုး လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၄၀၈ ပြားကိုလည်းကောင်း။
အလားတူ ယင်းနေ့ ညနေ ၄ နာရီ ၁၀ မိနစ်တွင် မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ညောင်တုန်းမြို့နယ် ကျုံတမာ ကျေးရွာအုပ်စု ကျုံတမာကျေးရွာအနီးတွင် မြထွဋ်ခေါင် မောင်းနှင်ပြီး မျိုးဇော်ထွန်း လိုက်ပါလာသည့် Toyota Caldina အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား