ဝိဇ္ဇာ၊ သိပ္ပံ အထူးပြုဘာသာရပ်များဖြင့် ကျောင်းအပ်နှံရန်ကျန်ရှိသည့် အဝေးသင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်မှတ်ပုံတင်ရန် ကြေညာ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပညာရေးဝန်ကြီးဌာန
အဆင့်မြင့်ပညာဦးစီးဌာန
ကြေညာချက်

 


ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်အသီးသီး၏ အဝေးသင်ဌာနခွဲများတွင် ဝိဇ္ဇာ၊ သိပ္ပံ အထူးပြုဘာသာရပ် များဖြင့် ၂၀၂၀ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရန်ကျန်ရှိသည့် အဝေးသင် ကျောင်းသား၊  ကျောင်းသူများသည် အောက်ပါအတိုင်း ကျောင်းအပ်မှတ်ပုံတင်ရန် ကြေညာအပ်ပါသည်-  

 


ပညာသင်နှစ်    -    ၂၀၂၀ ပညာသင်နှစ်


မှတ်ပုံတင်လက်ခံမည့်နေ့ရက်    -     (၁-၁၁-၂၀၂၁) ရက်နေ့မှ (၉-၁၁-၂၀၂၁) ရက်နေ့အထိ (စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ အပါအဝင်)


သင်တန်းနှစ်များ    -     ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်နှင့် ပဉ္စမနှစ် 


အဝေးသင်ဌာနခွဲများ    -    မြစ်ကြီးနားတက္ကသိုလ်၊ ဗန်းမော်တက္ကသိုလ်၊ မိုးညှင်းတက္ကသိုလ်၊  လွိုင်ကော်တက္ကသိုလ်၊   ဘားအံ တက္ကသိုလ်၊ ပခုက္ကူတက္ကသိုလ်၊ ဟားခါးတက္ကသိုလ်၊ မုံရွာတက္ကသိုလ်၊ ကလေးတက္ကသိုလ်၊  ရွှေဘို တက္ကသိုလ်၊ စစ်ကိုင်းတက္ကသိုလ်၊ ထားဝယ်တက္ကသိုလ်၊ မြိတ်တက္ကသိုလ်၊ တောင်ငူတက္ကသိုလ်၊ ပြည် တက္ကသိုလ်၊ ပဲခူးတက္ကသိုလ်၊ မကွေးတက္ကသိုလ်၊ ရေနံချောင်းတက္ကသိုလ်၊ မန္တလေးအဝေးသင်တက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်၊ မိတ္ထီလာတက္ကသိုလ်၊ ကျောက်ဆည်တက္ကသိုလ်၊ မြင်းခြံတက္ကသိုလ်၊ မန္တလာ တက္ကသိုလ်၊ မော်လမြိုင်တက္ကသိုလ်၊ စစ်တွေတက္ကသိုလ်၊ တောင်ကုတ်တက္ကသိုလ်၊ ရန်ကုန်အဝေးသင် တက္ကသိုလ်၊  ဒဂုံတက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ တောင်ကြီး တက္ကသိုလ်၊ ပင်လုံတက္ကသိုလ်၊ လားရှိုးတက္ကသိုလ်၊ ကျိုင်းတုံတက္ကသိုလ်၊ ပုသိမ်တက္ကသိုလ်၊ ဟင်္သာတ တက္ကသိုလ်၊ မအူပင်တက္ကသိုလ်
အဆင့်မြင့်ပညာဦးစီးဌာန၊ နေပြည်တော်