NUG ၊ CRPH ၊ PDF စသည့် အကြမ်းဖက်အဖွဲ့အစည်းများ ပေါ်ပေါက်လာပြီးသည့်နောက်တွင် မြို့ပြများတွင် နေထိုင်ကြသည့် ပြည်သူလူထုကိုပါ တိုက်ရိုက်တစ်မျိုး၊ သွယ်ဝိုက်၍ တစ်မျိုး ခြိမ်းခြောက်နေကြသည်ကို တွေ့ရသည်။ အကြမ်းဖက်ခေါင်းဆောင် တို့က ဖေ့စ်ဘုတ်လူမှုကွန်ရက်မှတစ်ဆင့် မြို့ပြတိုက်ပွဲ၊ မြို့ပေါ်တိုက်ပွဲ၊ မြို့သိမ်းတိုက်ပွဲ စသည်ဖြင့် တွင်တွင်အော်နေကြကာ မြို့နေလူထု အတွင်း ကပ်ရပ်ခိုအောင်းနေကြသည့် အကြမ်းဖက်အုပ်စုတို့က လစ်လျှင်လစ်သလို လူသတ်၊ မိုင်းခွဲလုပ်ရပ်များကို လုပ်ကိုင်ရင်း ခြိမ်းခြောက်နေကြခြင်းဖြစ်သည်။
အကြမ်းဖက်အုပ်စုများမှာ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှု မရရှိစေရေး၊ တရားဥပဒေမစိုးမိုးနိုင်ရေးတို့အတွက် အဖျက်အမှောင့် လုပ်ရပ်အမျိုးမျိုးတို့ကို ပြုလုပ်လျက်ရှိရာ အေးချမ်းသာယာစွာနေ လိုသော၊ တရားဥပဒေစိုးမိုးမှုကို လိုလားသော ပြည်သူတို့၏ အလို ဆန္ဒနှင့် ဆန့်ကျင်လျက်ရှိသည်။ တောမီးလောင်လျှင် တောကြောင် လက်ခမောင်းခတ်ဆိုသော ဆိုရိုးစကားအတိုင်းပင် ပြည်သူလူထု အတွင်း ပူပင်သောကမီးတောက်လောင်ကာ စိုးရိမ်ထိတ်လန့်ခြင်းများ ပတ်ချာဝိုင်းနေမှသာ ၎င်းတို့ ရှင်သန်ရပ်တည်နိုင်မည်ဖြစ်သည့် အလျောက် မြို့များ၊ ရွာများကို အမှီပြုကာ တိုက်ခိုက်မှုများ ပြုလုပ်ကြ ခြင်းမှာ တစ်နည်းအားဖြင့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ် များကို ဓားစာခံပြုလုပ်ခြင်းပင်ဖြစ်သည်။
အကြမ်းဖက်အုပ်စုများ၏ အကြံအစည်မှာ တပ်မတော်ကို ရင်ဆိုင်တိုက်ခိုက်ရန်မဟုတ်ဘဲ ပြည်သူလူထု မြို့ရွာများမှ ထွက်ပြေးကာ စစ်ဘေးဒုက္ခသည်များ ဖြစ်ပေါ်လာရေး၊ စစ်ဘေး ရှောင်စခန်းများ ဖြစ်ပေါ်လာရေး၊ မြို့ရွာများ မီးလောင်ပျက်စီးပြာကျ သည့် ရုပ်ပုံများ ပြည်ပမီဒီယာများနှင့် ပြည်ပအဖွဲ့အစည်းများထံ ရောက်ရှိရေး၊ သတင်းတုသတင်းယောင်များ၊ နှုတ်ပြောဇာတ်လမ်း များနှင့် အချက်အလက်များ ဖြစ်ပေါ်လာစေရေးတို့အတွက် ကြိုတင် အကွက်ချ စီမံပြုလုပ်ခြင်းပင်ဖြစ်သည်။ နိုင်ငံတကာအဖွဲ့အစည်း များထံမှ အကူအညီ၊ အထောက်အပံ့များ တောင်းခံနိုင်ရန်၊ နိုင်ငံတကာတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ပုံရိပ်ဆိုးများကိုသာ မြင်စေရန်၊ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက ဖိအားပေးရန် အပါအဝင် ၎င်းတို့၏ ရည်မှန်းချက်များအတွက် ပြည်သူကို ဓားစာခံ လုပ်သည့် ဇာတ်ညွှန်းနှင့် ဇာတ်ကွက်တို့ကို ပြည်တွင်းပြည်ပ အတိုင် အဖောက်ညီညီ ကပြကြခြင်းဟုလည်း ဆိုနိုင်သည်။ ပြည်သူလူထု အနေဖြင့် မိမိတို့နေထိုင်ရာ မြို့ပြကျေးလက်ဒေသများ စစ်တလင်း ဘဝ ကျရောက်မသွားစေရန်အတွက် အကြမ်းဖက်သမားများနှင့် ၎င်းတို့၏ အကြမ်းဖက်အဖျက်လုပ်ရပ်များကို ဝိုင်းဝန်းဆန့်ကျင် သွားကြဖို့ လိုသည်။
လူမှုကွန်ရက်များပေါ်မှ အချက်အလက်များ၊ ရုပ်ပုံများ၊ သတင်းတု သတင်းမှားများ စသည်တို့ကို ကိုယ်ပိုင်အသိဉာဏ်ဖြင့် အမှားအမှန် ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းရှိရန် လိုသည်။ ဖေ့စ်ဘုတ် စာမျက်နှာများပေါ်မှ အကြမ်းဖက်လော်ဘီများ၊ နိုင်ငံရေးအစွန်း ရောက်များ၊ အမုန်းတရား ဖြန့်ချိနေသူများ၏ ရေးသားဖြန့်ချိမှုများက နိုင်ငံအတွက်၊ မိမိတို့ လူ့အဖွဲ့အစည်းအတွက် မည်သို့အကျိုး သက်ရောက်မှု ဖြစ်ပေါ်နိုင်သည်ကိုလည်း သိမြင်နိုင်စွမ်းရှိရန်လိုသည်။ ယခုအခါ တော်လှန်ရေးအမည်ခံကာ တောတွင်းသို့ ဝင်ရောက်သွား ကြသူများ၊ ပြည်ပနိုင်ငံများသို့ ထွက်ပြေးသွားကြသူများထံမှ ထွက်ပေါ်လာသည့် အက်ကွဲသံများ၊ အရှုပ်အထွေးများ၊ အညှီနံ့၊ အပုပ်နံ့များ တစ်စတစ်စ ထွက်ပေါ်လာလျက်ရှိသည်။ တစ်ဖက်တွင် လည်း အကြမ်းဖက်အုပ်စုများနှင့် အကြမ်းဖက်သမားတို့က ပြည်သူ လူထုကို လှည့်ဖြားလိမ်ညာမှုများဖြင့် စည်းရုံး၍တစ်မျိုး၊ ခြိမ်းခြောက် သည့် နည်းလမ်းများဖြင့် တစ်ဖုံ ၎င်းတို့ ရပ်တည်နိုင်ရေး၊ ၎င်းတို့ အကာအကွယ်ရရေးအတွက် လုပ်ဆောင်နေမှုများအား သတိပြုကာ မိမိတို့၏ မြို့ရွာများ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုး ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြစေလိုပါကြောင်း။ ။