
မိုင်းဆတ် အောက်တိုဘာ ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့ ရွှေဟင်္သာမိုတယ်မှ အလုပ် သမားတစ်ဦး ရေစင်ပေါ်မှ အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းက ပြုတ်ကျသေဆုံးမှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ရွှေဟင်္သာမိုတယ်မှ အလုပ်သမား အမျိုးသားသည် မိုတယ်အပေါ်ထပ်တွင် တင်ထားသည့် လီတာ ၂၅၀၀ ဆံ့ စတီးရေ တိုင်ကီများကို ဆေးကြောနေစဉ် ရေတိုင်ကီပေါ်မှ ပြုတ်ကျကာ ဦးခေါင်း နောက်စေ့ပေါက်ပြဲဒဏ်ရာရရှိခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများထံ အကြောင်းကြားခဲ့ရာ တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ရာ မွန်းလွဲ ၁နာရီတွင် သေဆုံးခဲ့ သည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ အောင်သူဝင်း အသက်(၃၂)နှစ်သည် ဓမ္မတာအတိုင်းသေဆုံးခဲ့ခြင်း ဟုတ်/မဟုတ် မိုင်းဆတ် မြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
မြင့်မောင်(မိုင်းဆတ်)