ချောင်းဦးမြို့နယ် အမြင့်မြို့ဟောင်းတွင် မီးကြွင်းမီးကျန်မှ မီးလောင်မှုဖြစ်

 

ချောင်းဦး   အောက်တိုဘာ   ၃၀


စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ် အမြင့်မြို့ဟောင်း မြို့ကုန်းရပ်တွင်     အောက်တိုဘာ ၃၀ ရက်   နံနက်အစောပိုင်းက မီးလောင်မှု ဖြစ်ပွားသည်။

 


ဖြစ်စဉ်မှာ ယနေ့ နံနက် ၃ နာရီက ချောင်းဦးမြို့နယ် အမြင့်ကျေးရွာ တွင်  မီးလောင်နေကြောင်း သတင်းအရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးဝင်းအောင်နှင့် တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မှ တပ်မတော်သားများ၊ မြို့နယ်မီးသတ်နှင့်  သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များပါဝင်သည့်   ပူးပေါင်းအဖွဲ့သည်   နံနက် ၄ နာရီခွဲတွင် မီးလောင်နေသည့် နေရာသို့ ရောက်ရှိပြီး အမြင့်ရဲကင်း စခန်းမှူး ဒုရဲအုပ် မြတ်ဘုန်းကိုကိုနှင့်   ရဲတပ်ဖွဲ့ဝင်များ၊  ရွာသူ/ရွာသားများနှင့်အတူ မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီတွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၅ နာရီ မိနစ် ၂၀ တွင် လုံးဝမီးငြိမ်းသွားခဲ့သည်။

 


မီးလောင်မှုကြောင့် မြေစိုက်တဲ နှစ်လုံးနှင့် ဂိုဒေါင်တစ်လုံး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း၊ မီးလောင်မှုကို စုံစမ်းစစ်ဆေးရာ ဦးဌေးလွင် နေအိမ် ၌  ဝါးမျောများထားသည့်  ဂိုဒေါင်အတွင်း  မီးကြွင်းမီးကျန်မှ စတင် လောင်ကျွမ်းခဲ့ကြောင်း   သိရှိရသဖြင့်  ဦးဌေးလွင်အား  ဥပဒေအရ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။                                      

ဝင်းမြင့်အောင်(မြို့နယ်ပြန်ဆက်)