နိုင်ငံ့အတွက် အကျိုးရှိမည့် ဝန်ထမ်းများလိုချင်လျှင် တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ရာတွင် တကယ်သတ်မှတ်သင့်သည်များမှာ. . .

Type

 

သိန်းမြင့်ကျော်

 

ယခုနှစ်    သိပ္ပံပညာထူးချွန်တံဆိပ် ပထမဆုရ အသက် ၈ဝ အရွယ် အငြိမ်း စားပါမောက္ခဆရာကြီး      တစ်ဦးနှင့် စကားပြောဖြစ်သည်။ ‘‘ဆရာမေးလို့သာ ပညာရေးစနစ်သစ်ကိုပြောရရင်   စနစ် က  အမြဲအသစ်သစ် ပြောင်းနေတော့ ဘယ်ဟာစနစ်သစ်မှန်းတောင်   မသိ တော့ပါဘူးဗျာ။  စနစ်တွေက    အမြဲ စမ်းသပ်တာမပြီးတော့       ပညာသင် ကလေးတွေဘဝ သနားစရာကောင်းတာ ပေါ့။’’ 

 


ပါမောက္ခဆရာကြီး      ပြောစကား ကြားမှ  ပညာရေးအကြောင်း   တွေးမိ တော့သည်။     မြန်မာနိုင်ငံပညာရေးလောကတွင်    ပြဋ္ဌာန်းချက်ရေးတာက တစ်ဖွဲ့၊    ပြဋ္ဌာန်းချက်ကိုသင်ကြားတဲ့    အထက်တန်းကျောင်း ဆရာ  ဆရာမကတစ်ဖွဲ့၊ စာမေးပွဲစစ်အဖြေလွှာကိုစစ်တဲ့ တက္ကသိုလ် ဆရာ၊ ဆရာမနှင့် အထက် တန်းပြဆရာ  ဆရာမပူးပေါင်းအဖွဲ့က တစ်ဖွဲ့၊ မေးခွန်းထုတ်တဲ့ တက္ကသိုလ် ပါမောက္ခ    ဆရာ    ဆရာမကြီးများက တစ်ဖွဲ့ဟူ၍ လေးဖွဲ့ရှိတာတွေ့ရပါသည်။ 

 


ယခုသင်ကြားနေတဲ့    ၁ဝ  တန်း (Grade-11) အတန်းအတွက်  သိပ္ပံအတွဲ သင်ကြားသော ကျောင်းသား၊ ကျောင်းသူ အနေဖြင့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ စုစုပေါင်း ခြောက်ဘာသာကို    ပြဋ္ဌာန်းထားတာ တွေ့ရပါသည်။ ဘောဂဗေဒဘာသာတွဲ၊ ဝိဇ္ဇာတွဲလည်းရှိပါသည်။ ပညာရေးတွင် ပြဋ္ဌာန်းသတ်မှတ်သော    ပြဋ္ဌာန်းချက် သည် အရေးကြီးသည်။     သိပ္ပံတွဲ  ခြောက်ဘာသာတွင်    အင်္ဂလိပ်ဘာသာ စကားဖြင့်        ရေးသားထားသော ကျောင်းသားများ       ကျက်ရန်သင်ရန် စာမျက်နှာ ၁၁၄၉ ရှိပြီး မြန်မာဘာသာ စကားဖြင့်ရေးသားထားသော မြန်မာစာ အတွက် စာမျက်နှာ ၂၆၆ မျက်နှာရှိသည်။

 


လေ့လာသုံးသပ်


ဝိဇ္ဇာတွဲတွင် အင်္ဂလိပ်ဘာသာစကား ဖြင့် ကျက်မှတ်သင်ယူရန်  စာမျက်နှာ   ၁ဝ၆၂  မျက်နှာရှိသည်။    ကျောင်းသား များသည် ကျောင်းစဖွင့်ချိန်  ဇွန်လမှ ဖေဖော်ဝါရီလကုန်အထိ ကိုးလတာတွင် ယင်းအင်္ဂလိပ်လို    ရေးသားထားသော  ဘာသာစကားစာမျက်နှာကို ကျက်မှတ် ရသည်။ ထို့ပြင် သိပ္ပံတွဲအတွက် မြန်မာ စာနှင့်ဝိဇ္ဇာတွဲအတွက် ဘောဂဗေဒများ ကျက်မှတ်ရသည်။ ပြဋ္ဌာန်းချက်ရေးသား သောဆရာကြီး        ဆရာမကြီးများ အနေဖြင့်   မိမိရေးသားပြဋ္ဌာန်းသော တစ်ဘာသာအတွက်သာ        အဓိက အားစိုက်မယ့်အစား သင်ကြားကျက်မှတ်ရမည့်ကျောင်းသားများအတွက် ဘာသာစုံပြဋ္ဌာန်းချက်အနည်းအများကို ပညာရှိ သတိဖြစ်ခဲဆိုသလို လေ့လာသုံးသပ်ဖို့ လိုပါသည်။ မိမိတို့ကိုယ်တိုင် ၁ဝ တန်း တုန်းက အသက်အရွယ်ကိုပြန်ပြောင်းသုံးသပ်မှသာ ပြဋ္ဌာန်းချက်ကို ကျက်မှတ် ရမည့် ကျောင်းသားအသက်အရွယ်ကိုသတိရစေမှာဖြစ်ပါသည်။ ကျောင်းသား များကိုသင်ကြားဖို့    ဘာသာရပ်ဆိုင်ရာ ပြဋ္ဌာန်းချက်များကို  ကျောင်းသားများ အား သင်ကြားပေးမည့် ဆရာ  ဆရာမ များကိုယ်တိုင် ကျောင်းသား၊ ကျောင်းသူ များအား ရှင်းလင်းပြတ်သားစွာ သင်ကြား ပို့ချပေးနိုင်ပါသလားဆိုတာလည်း ယခု အချိန်တွင် ပြတ်ပြတ်သားသား မေးခွန်း ထုတ်ရမည့်အချိန် ဖြစ်ပေသည်။

 


ပြဋ္ဌာန်းချက်      ရေးသားပြုစုသော ဆရာ     ဆရာမကြီးများကိုယ်တိုင် ကျောင်းသား ကျောင်းသူများ သင်ကြား ရမည့် ဘာသာစုံပြဋ္ဌာန်းချက်အားလုံးကို    ကျောင်းသား၊ ကျောင်းသူများနည်းတူ စာသင်နှစ်ကိုးလအတွင်း       သင်ယူကျက်မှတ်နိုင်ခြင်း ရှိ၊ မရှိ သုတေသန ပြုလုပ်ခြင်းဖြင့် ကောင်းမွန်သော အဖြေ တစ်ခုရနိုင်ပါသည်။

 


အင်္ဂလန်တွင် ပညာသင်ကြားခဲ့သူဖြစ်တက္ကသိုလ်ဝင်အတန်းတင်စာမေးပွဲ တွင် မေးသော    မေးခွန်းလွှာများပင် အမှားအယွင်းပါသော   မေးခွန်းများ တွေ့ရတတ်သည်။ စာမေးပွဲဖြေဆိုရမည့် ကျောင်းသား ကျောင်းသူများအနေဖြင့် ကိုယ်ဖြေရမည့်မေးခွန်းလွှာ    အမှား အယွင်းကင်းဖို့ အရင်ဆုတောင်းရမည့်ပုံ ဖြစ်နေသည်။      ယင်းကြုံတွေ့ရမှုနှင့် ပတ်သက်၍       ဆွေမျိုးတော်စပ်သော ၁၉၈၉ ခုနှစ်ခန့်တွင်   မေးခွန်းထုတ်ခဲ့သောပါမောက္ခဆရာကြီးအား  မေးဖြစ် သည်။ ယင်း ပါမောက္ခဆရာကြီးသည် အင်္ဂလန်တွင် ဘာသာရပ်ဆိုင်ရာပညာသင်ကြားခဲ့သူဖြစ်သည်။

 


‘‘ငါ   မေးခွန်းထုတ်တာကတော့ စာမေးပွဲမဖြေခင်    ခြောက်လခန့်ကစ မေးခွန်းသုံးစုံထုတ်တယ်။   အဲဒီသုံးစုံကို    စာအုပ်ကြားညှပ်ထည့်ထားပြီး နှစ်ပတ်တစ်ခါ   ထုတ်ထားတဲ့ မေးခွန်း သုံးစုံမှ      တွေ့ရာ  မေးခွန်းတစ်စုံယူ ပြီး   ကိုယ်ကိုယ်တိုင်ဖြေကြည့်တယ်။  ကျောင်းသား ကျောင်းသူများ   ၃ နာရီ ဖြေရမည့်ယင်းမေးခွန်းကို ငါကိုယ်တိုင် နာရီဝက်နဲ့ ဖြေဆိုပြီး၊   မပြီး၊   ရမှတ် ၉၅ ကျော်မကျော်      ဆန်းစစ်တယ်။’’ မှတ်သားဖွယ်ဖြစ်သည်။    ပြဋ္ဌာန်းထား ချက်ကို   ကျောင်းသားများနည်းတူ စာသင်နှစ်အတွင်း   ကျက်မှတ်နိုင်ခြင်း ရှိ၊ မရှိ   အတန်းတင်စာမေးပွဲအတွက် ထုတ်သောမေးခွန်းကို ကိုယ်ကိုယ်တိုင် ဘယ်လိုဖြေဆိုမလဲဆိုတာ    ဆန်းစစ် သုတေသနလုပ်ဖို့ လိုအပ်လှပေသည်။

 


သင်ကြားရေး ဆရာ  ဆရာမများ အတွက်   အကောင်းဆုံးဆန်းစစ်ချက် အနေဖြင့်   ကျောင်းသား   ကျောင်းသူများ အတန်းတင်စာမေးပွဲဖြေဆိုချိန်တွင် ကျောင်းသား    ကျောင်းသူများနှင့် တစ်ပြိုင်တည်း၊   တစ်ချိန်တည်းဖြေဆိုခြင်းဖြင့်      ရရှိလာမည့်ရမှတ်သည် ကောင်းမွန်သော ဆန်းစစ်ချက်ဖြစ်သလို လိုအပ်ချက်     ပေါ်ပေါက်လာရင်လည်း    နိုင်ငံတော်မှ     အချိန်မီပံ့ပိုးပေးနိုင်မည် ဖြစ်ပေသည်။ Albert Einstein က ဆရာ၊ ဆရာမများနှင့် ပတ်သက်၍   "If you can't explain it simply, you don't understand it well enough"၊ ‘‘ရိုးရိုး လေး မရှင်းပြနိုင်ရင် သေချာနားမလည် သေးလို့။      စာရှင်းရင်းလည်နေရင် စာတကယ်မတတ်လို့။’’ရေးသားချက်ကိုမှတ်သားဖူးပေသည် ။ 

 


ရန်ကုန်မြို့  ဗဟန်းမြို့နယ်ရှိ နာမည် ကြီးအစိုးရကျောင်းတွင် ရူပဗေဒဘာသာ သင်ကြားသောဆရာမသည်  ကျောင်း တွင် သင်ကြားရာ၌  ပြဋ္ဌာန်းစာအုပ်ပါ မေးခွန်းကို    ကျောင်းသားကိုယ်တိုင် မေးခွန်းထုတ်ရင်  ဘယ်လိုထုတ်မလဲ မေးမြန်းသင်ကြားကြောင်း  လေးစား အတုယူဖွယ်  ဆရာမများလည်း      ရှိ ကြောင်း သိရသည်။

 


အတတ်ပညာရှင်များ ပေါ်ထွက်မည်


၁ဝ တန်းပြဋ္ဌာန်းချက်စာများ  ခက်ခဲ မှ  နိုင်ငံတော်အတွက် အတတ်ပညာရှင် များပေါ်ထွက်မည်ဟု ယူဆလျှင်  ပညာ ရေးစနစ်ဟောင်းဖြင့်     သင်ကြားခဲ့ပြီး ယခုမြန်မာနိုင်ငံတွင် တကယ်တတ်ကျွမ်း ပြီး ကျော်ကြားနေသော  ပညာရှင်များ ပေါ်ထွန်းခြင်းက    အဖြေတစ်ခုရရှိမည် ဖြစ်သည်။

 


ပညာရေးအတွက် သတ်မှတ်ပြဋ္ဌာန်း ထားသော ဘာသာရပ်အလိုက် ပြဋ္ဌာန်း ချက်များကို    အစိုးရစာသင်ကျောင်း များရှိ ဆရာ    ဆရာမများကိုယ်တိုင် ကျောင်းသားများကို      ရှင်းလင်းစွာ သင်ကြားနိုင်ခြင်းရှိ၊ မရှိက ပြင်ပကျူရှင် များပေါ်လာခြင်းက    အဖြေတစ်ခုပင် ဖြစ်သည်။ သင်ကြားရေး ဆရာ ဆရာမ များကို အပြစ်တင်ခြင်းထက်  ဘယ်လို ကုစားမလဲ အဖြေရှာသင့်သည်။   နိုင်ငံ တကာအဆင့်မီ    ဘာသာရပ်ဆိုင်ရာ ပြဋ္ဌာန်းချက်များကို ပြဋ္ဌာန်းထားသည် ဟုဂုဏ်ယူဝင့်ကြွားမှာလား၊ သတ်မှတ် ပြဋ္ဌာန်းချက်များကို      သင်ကြားပေး သောဆရာ ဆရာမများကို ကျောင်းသား များ        နားလည်တတ်ကျွမ်းအောင် သင်ကြားနိုင်သည့်     အရည်အချင်းရ အောင် ဆောင်ရွက်မည်လား    ရွေးချယ် သင့်သည်။ 

 


 မေးခွန်းများစွာ ပေါ်ထွက်လာ


နိုင်ငံတကာအဆင့်မီ ပြဋ္ဌာန်းချက် များပြဋ္ဌာန်းလို့ ယင်းပြဋ္ဌာန်းချက်များကို သင်ကြားသော ဆရာ ဆရာမများက ကျောင်းသား         ကျောင်းသူများကို နားလည်အောင် မသင်ကြားပေးနိုင်လျှင် ငွေကုန်ကြေးကျများသော   ဝိုင်းကျူရှင် များ၊ ကိုယ်ပိုင်အထက်တန်းကျောင်း များသို့ သွားရောက်သင်ကြားကြရမည်။ ကိုယ်ပိုင် အထက်တန်းကျောင်းများနှင့် ပတ်သက်၍   ပြောစရာဖြစ်လာသည်။ ကိုယ်ပိုင်အထက်တန်းကျောင်းတွင် တက်သော ကျောင်းသား    ကျောင်းသူ များသည် ကိုးတန်းအတန်းတင် စာမေး ပွဲကို ကိုယ်တက်သောကိုယ်ပိုင်အထက် တန်းကျောင်းတွင်ပင်    ဖြေဆိုရသည်။ ထိုသတ်မှတ်ချက်ကြောင့်    မေးခွန်း များစွာ ပေါ်ထွက်လာသည်။ ၁ဝ  တန်း ပြဋ္ဌာန်းချက်များခြင်း၊ ခက်ခြင်းဖြစ်ပေါ်ပါ က ကိုယ်ပိုင်အထက်တန်းကျောင်းများ တွင်တက်သော ကျောင်းသား  ကျောင်းသူများကို ကိုးတန်းကတည်းက ၁ဝ တန်း စာသင်ကြားကြပါက    အစိုးရကျောင်း များတွင် ၁ဝ တန်းရောက်မှ ၁ဝ တန်းစာသင်ကြားခွင့်ရသည့်   ကျောင်းသား ထက် ၁ဝ တန်းစာကို၊ ကိုယ်ပိုင်အထက် တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ များသည်          စာသင်နှစ်တစ်နှစ်ပို၍  ကိုးတန်းကတည်းက သင်နိုင်ခွင့်ရနိုင် ပေသည်။ ကိုယ်ပိုင်အထက်တန်းကျောင်း မှ ကျောင်းသား   ကျောင်းသူများသည် ၁ဝတန်းစာမေးပွဲတွင် ဘာသာစုံဂုဏ်ထူး ရှင်  ခြောက်ဘာသာ၊ ငါးဘာသာဂုဏ်ထူး ရှင်များ၊      အစိုးရကျောင်းများထက် အောင်ချက်   ပိုကောင်းနိုင်ပေသည်။ အစိုးရကျောင်းများတွင်    ၁ဝ  တန်း Grade-11 ရောက်မှ ၁ဝ တန်းစာစသင် ပြီး  ခြောက်ဘာသာဂုဏ်ထူးထွက်သောကျောင်းသား    ကျောင်းသူများထက် ကိုယ်ပိုင်အထက်တန်းကျောင်းများက ကိုးတန်းကတည်းက ၁ဝ တန်း Grade- 11 စာကိုသင်ကြားပြီး    တစ်နှစ်ပိုသင် လို့     ခြောက်ဘာသာဂုဏ်ထူးရသော ကျောင်းသား ကျောင်းသူချင်းယှဉ်လျှင် ဘဝအတွက်       ဘယ်ကျောင်းသား     ကျောင်းသူက စိတ်ဓာတ်ယုံကြည်ချက် ပိုခိုင်မလဲ   အဖြေက ရှင်းနေပေသည်။   

 


တက္ကသိုလ်ဝင်စာမေးပွဲ     ရမှတ် သတ်မှတ်ချက်ဖြင့်     ရွေးချယ်သော နည်းစနစ်မမှားယွင်းရန်   အရေးကြီး သည်။ နည်းစနစ်မှားယွင်းပါက ကြိုးစား ချင်စိတ်၊ ဝါသနာပါသော အလုပ်လုပ်ကိုင် လိုသော    စိတ်ဓာတ်ရှိသောလူငယ်များ စိတ်ဓာတ်ပျက်ယွင်း     သွားနိုင်ပါသည်။ ကြိုးစားချင်စိတ်ရှိသော   လူငယ်များ စိတ်ဓာတ်ပျက်ယွင်းပါက တိုင်းပြည်ရဲ့အနာဂတ်သည် စိုးရွံ့ထိတ်လန့်ဖွယ်ရာအခြေအနေဖြစ်သလို ယင်းတိုင်းပြည်ရှိ ပြည်သူများ လူသားဆန်စွာ နေထိုင်နိုင် မှုအဆင့် ကင်းမဲ့သွားမည်မှာ မလွဲဧကန် ဖြစ်နေပေမည်။ ထို့ကြောင့် ၁ဝ တန်း (Grade-11)   အောင်မှတ်အများဆုံး ရရှိသော ကျောင်းသား      ကျောင်းသူ များသာ  ဆေးတက္ကသိုလ်၊  သွားဆေးတက္ကသိုလ်    တက်ရောက်သင်ကြားခွင့် စနစ်သည်  တိုင်းပြည်အတွက်  အရေး တကြီး အမြန်ဆုံးပြင်ဆင်ရန်   လိုအပ် သည်ဟု ထင်မြင်ပါသည်။ 

 


 ထူးချွန်မှုရှိသူကို ရွေးချယ်သင့်


တက္ကသိုလ်ဝင်တန်း    ၁ဝ   တန်း (Grade-11) တွင် သိပ္ပံတွဲ၌ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒပါဝင်ပြီး ဆရာဝန်တစ်ယောက်ရဲ့ အရေးကြီးဆုံး  ဖောင်ဒေးရှင်းအုတ်မြစ် ဖြစ်တဲ့   2nd  MB  အဓိကဘာသာ သုံးဘာသာမှာ Anatomy  (ခန္ဓာဗေဒ)၊ Physiology  (ဇီဝကမ္မဗေဒ)၊    Bio-chemistry(ဇီဝဓာတုဗေဒ)   ပါဝင်နေ ပေရာ   ဆေးတက္ကသိုလ်တက်ရောက် သင်ကြားမည့် ကျောင်းသား ကျောင်းသူ များအနေဖြင့်   ဇီဝဗေဒဘာသာရပ်ကို စိတ်ဝင်စားမှု၊  ဝါသနာပါမှုရှိသူ ဖြစ်ရ မည့်အပြင်    ယင်းသို့    စိတ်ဝင်စားမှု၊  ဝါသနာပါမှုရှိသော  ကျောင်းသားများ သည်  ၁ဝ  တန်း   တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင်     ဇီဝဗေဒဘာသာရပ်ကို အနည်းဆုံးရမှတ် ၉ဝ မှတ် ရသူကိုသာ ရွေးချယ်သင့်ပေသည်။      ထို့ပြင် ဆေးတက္ကသိုလ်သင်ကြားရေးအတွက် ပတ်သက်ဆက်စပ်သည့် ဘာသာရပ်များ ဖြစ်သော     အင်္ဂလိပ်စာဘာသာသည် လည်း  အနည်းဆုံးရမှတ်  ၇ဝ    မှတ် နှင့်   ဓာတုဗေဒဘာသာရပ်တွင်လည်း အနည်းဆုံးရမှတ် ၈၅ မှတ် အထက် ရသော ကျောင်းသားများသာ   တက် ရောက်သင့်သည်။ ဆေးတက္ကသိုလ်တွင် သင်ကြားရမည့်    ဘာသာရပ်များ၏ အခြေခံအင်္ဂလိပ်စာ၊ ဓာတုဗေဒ၊ ဇီဝဗေဒ ဘာသာရပ်များကို ၁ဝတန်းကတည်းက စိတ်ဝင်စားမှု၊  ဝါသနာပါမှု၊   ထူးချွန်မှု တို့ရှိသူကို ရွေးချယ်သင့်သည်။   ယင်း တက္ကသိုလ်များနှင့်     ပတ်သက်သော အခြေခံဘာသာရပ်  တစ်ခုချင်းရမှတ် ကို   အဓိကသတ်မှတ်မှ    သင့်တော်ပေ မည်။

 


ယခုအခါ          (ရန်ကုန်နည်းပညာ တက္ကသိုလ်များ)     တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရာ၌ တက္ကသိုလ်ဝင်စာမေး ပွဲတွင် ရူပဗေဒ၊   ဓာတုဗေဒ၊  သင်္ချာနှင့် အင်္ဂလိပ်စာ လေးဘာသာပေါင်း ရမှတ် ၃၂ဝ အထက်ရှိသူသာ   လျှောက်ထား နိုင်သည်ဟုဖြစ်သင့်သည့်   သတ်မှတ် ချက်ထားရှိပြီး ရွေးချယ်နေသလို ယခု နှစ် ဆေးတက္ကသိုလ်များခေါ်ယူရာတွင် ဆေးတက္ကသိုလ်    တက်ရောက်ရာတွင် သက်ဆိုင်မည့်  ဘာသာရပ်များဖြစ်သော ဇီဝဗေဒ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ အင်္ဂလိပ်စာ လေးဘာသာပေါင်းရမှတ် ၃၃ဝ အထက် ရှိသူများကိုသာ ရွေးချယ်သတ်မှတ်ခြင်းက ပိုမိုသဘာဝကျသလို နိုင်ငံအတွက် သက်ဆိုင်ရာ    တက္ကသိုလ်များတွင် လိုအပ်သော   အခြေခံဘာသာထူးချွန်သူများ  တက်ရောက်သင်ကြားသဖြင့် ထူးချွန်တတ်မြောက်သော ဘွဲ့ရပညာရှင် များ ပေါ်ထွက်လာနိုင်ပေသည်။ ထို့ပြင် နိုင်ငံတော်က ၁၂   တန်းပညာရေးစနစ် အဖြစ်   ပြောင်းလဲသတ်မှတ်သွားနေ သောကြောင့်    ကြားနှစ်နှစ်အတွက် ကျောင်းသားမရှိမည်      ဖြစ်သဖြင့် တက္ကသိုလ်ဝင်ခွင့်    အသီးသီးအတွက် ယခုနှစ်ကတည်းက         ခေါ်ယူမည့်  ကျောင်းသားအရေအတွက်ကို ကြိုတင် စဉ်းစားခေါ်ယူထားသင့်ပေသည်။ နှစ်နှစ် ကြားကာလအတွက် ဆေးကျောင်းသား ကျောင်းသူ တက်ရောက်မှုမရှိမှ စဉ်းစား လုပ်ကိုင်မည့်အစား ယခုနှစ်ကတည်းက ဆေးကျောင်းသား ကျောင်းသူ အရေ အတွက် ကြိုတင်စုဆောင်းထားဖို့ သတိ ပြုရန်လည်း လိုအပ်ပေသည်။

 


ပညာရှင်များ ပေါ်ထွက်လာမည်


ဆေးတက္ကသိုလ်အတွက် မြန်မာစာ ရမှတ် ၇၅ မှတ်၊ အင်္ဂလိပ်စာရမှတ် ၇ဝ မှတ်၊ သင်္ချာရမှတ် ၇ဝ မှတ်၊ ဓာတုဗေဒ ရမှတ် ၈၅ မှတ်၊ ရူပဗေဒရမှတ် ၈ဝ မှတ်၊ ဇီဝဗေဒရမှတ် ၉ဝ မှတ် စုစုပေါင်း ရမှတ် ၄၇ဝ ရမှတ်ရသူနှင့်  မြန်မာစာ   ရမှတ် ၇၅ မှတ်၊ အင်္ဂလိပ်စာရမှတ် ၆၅ မှတ်၊ သင်္ချာရမှတ် ၉၅ မှတ်၊ ဓာတုဗေဒ ရမှတ် ၈ဝ မှတ်၊ ရူပဗေဒရမှတ် ၉၅ မှတ်၊ ဇီဝ ဗေဒရမှတ် ၈ဝ  မှတ်  စုစုပေါင်းရမှတ် ၄၉ဝ မှတ်ရသူနဲ့    နှိုင်းယှဉ်ပါက ဆေး တက္ကသိုလ်၌သင်ကြားရမည့် အထောက် အကူဖြစ်စေသော  အခြေခံဘာသာရပ် များဖြစ်သော အင်္ဂလိပ်စာ   ၇ဝ မှတ်၊ ဓာတုဗေဒ ၈၅ မှတ်၊ ဇီဝဗေဒ ၉ဝ မှတ် ရသူသည် စုစုပေါင်းရမှတ် ၄၇ဝ ရသော် လည်း စုစုပေါင်းရမှတ် ၄၉ဝ ရသောသူ ထက် ဆေးတက္ကသိုလ်တက်ရောက်ခွင့် ရွေးချယ်သင့်သူဖြစ်ပြီး     စုစုပေါင်း ရမှတ် ၄၉ဝ မှတ်ရသော   ကျောင်းသား ကျောင်းသူများအနေဖြင့်  နည်းပညာ တက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ ကွန်ပျူ တာတက္ကသိုလ်တို့၌     သင်ကြားရမည့် အထောက်အကူဖြစ်စေသော   အခြေခံ ဘာသာရပ်များ ရူပဗေဒ ၉၅ မှတ်နှင့် သင်္ချာ ၉၅ မှတ်ရထားသူကို တက်ရောက် ခွင့်ရွေးချယ်သင့်သူ       ဖြစ်ပါသည်။ ကျောင်းသား ကျောင်းသူ၏   ပင်ကို ဝါသနာပါသော၊     စိတ်ဝင်စားသော၊ ထူးချွန်သော      ဘာသာရပ်ရမှတ်ကို တက္ကသိုလ်များက ရွေးချယ်သတ်မှတ် ပေးခြင်းဖြင့်    ယင်းကျောင်းသားဘဝ အတွက် အထောက်အကူဖြစ်စေသလို နိုင်ငံတော်အတွက်လည်း ထူးချွန်သော ဝါသနာရှင်ပညာရှင်များ      ပေါ်ထွက်လာပေမည်။  ဆေးတက္ကသိုလ်ဝင်ခွင့် စုစုပေါင်းရမှတ်ကို အဓိကထားသတ်မှတ် ချက်ကြောင့် ကျောင်းသား၏   ပင်ကို ထူးချွန်သည့်ဘာသာရပ်နှင့် မသက်ဆိုင် သော  တက္ကသိုလ်ကို    တက်ရောက်မိ ခြင်းကြောင့် သက်ဆိုင်ရာ တက္ကသိုလ် တွင် စာမလိုက်နိုင်၍ ကျောင်းထွက်လိုက် ရသော    ကျောင်းသား     ကျောင်းသူ များ    ပေါ်ထွက်လာခြင်း ဖြစ်ပေသည်။ ဆရာဝန်ဖြစ်ပြီး       ဆေးဆိုင်ဖွင့်သူ၊ ဆရာဝန်ဖြစ်ပြီး ကားဝယ်ရောင်းလုပ်သူ၊ ဆရာဝန်ဖြစ်ပြီး     ဆောက်လုပ်ရေး လုပ်ငန်းလုပ်နေသူ၊    ဆရာဝန်ဖြစ်ပြီး မော်ဒယ်လုပ်နေသူများကို သာဓကစံပြု ရပေမည်။

 


ဆရာဝန်ဘွဲ့အတွက်    နိုင်ငံခြား တိုင်းပြည်တွင်    သွားရောက်သင်ကြား ပါက  သိန်း ၁ဝဝဝ မှ   သိန်း ၄ဝဝဝ ခန့်ထိ  ကုန်ကျနိုင်သလို    နည်းပညာ တက္ကသိုလ်ဆိုင်ရာ     ဘာသာရပ်တွဲ များ၊ စက်မှုအင်ဂျင်နီယာဘွဲ့များအတွက်လည်း  သိန်းရာပေါင်းများစွာ ကုန်ကျမှ ရရှိမည့်ဘွဲ့များ       ဖြစ်သည်ကိုလည်း တက္ကသိုလ်ဝင်ခွင့် သတ်မှတ်သော တာဝန်ရှိသူများကလည်း  သတိပြုမိဖို့ လိုပေသည်။  နိုင်ငံတော်မှ   ကျောင်းသား အတွက် စိုက်ထုတ်ကုန်ကျငွေနှင့် ယင်း ကျောင်းသားမှဘွဲ့ရပြီး ပြည်သူ့အတွက် ထိုက်သင့်သော   အကျိုးပြုမှုရရှိမည့်  ကျောင်းသား         ကျောင်းသူကိုသာ ရွေးချယ်သင်ကြားခွင့်ပြုသင့်ပေသည်။ ရွေးချယ်မှု မှားယွင်းသောစနစ်ကို ကျင့် သုံးမိပါက  မဖော်ပြနိုင်သောဆုံးရှုံးမှုကို   ကြုံတွေ့ရမည်ဖြစ်သည်။  ဆင်းရဲချို့တဲ့ သော တိုင်းပြည်အတွက်  နိုင်ငံတော်ရဲ့ပေးဆပ်မှုက   ကြီးမားခြင်းကို အသိ အမှတ်ပြုသင့်သလို    နိုင်ငံတော်အတွက် အကျိုးပြုမည့်    လူငယ်များအတွက် လမ်းကြောင်းမှန် တက္ကသိုလ်သို့ရောက်ရှိ အောင်   ပို့ဆောင်ပေးရမည့် တာဝန်ကို သက်ဆိုင်ရာတက္ကသိုလ် ဝင်ခွင့်ရွေးချယ် ရေးအဖွဲ့တာဝန်ရှိသူများက ကျေပွန်ဖို့ လိုအပ်ပေသည်။

 


အမှတ်စာရင်းဖြင့် သတ်မှတ်သော နိုင်ငံဖြစ်သဖြင့်       အမှတ်စာရင်းနှင့် ပတ်သက်၍        ရေးစရာရှိပေသည်။ 
တက္ကသိုလ်ဝင်စာမေးပွဲ  အောင်စာရင်း ထုတ်ပြန်ပြီးလျှင်       ဖြေဆိုခဲ့သော ကျောင်းသား ကျောင်းသူများအတွက် ဘာသာရပ်အလိုက် ရမှတ်အမှတ်စာရင်း ထုတ်ပြန်သည်။           ကျောင်းသား       ကျောင်းသူက  မိမိရရှိသော  အမှတ် စာရင်းရမှတ်ကို မကျေနပ်၊    လက်မခံ နိုင်ပါက    မြန်မာနိုင်ငံစာစစ်ဦးစီးဌာန တွင် နိုင်ငံတော်ကို တရားဝင်တစ်ဘာသာ ကို ၂၅ဝဝဝ ကျပ်ငွေသွင်းပြီး  မိမိအဖြေ လွှာကို ပြန်စစ်ပေးဖို့ တောင်းဆိုခွင့်ပြု ထားသည်။ 

 


ပြန်လည်စိစစ်ရန်တင်ပြ


ထို့ပြင်     တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်များ   ပြန်လည်စိစစ်ရန်တင်ပြ သော ကျောင်းသားအဖြေလွှာပြန်လည်စစ်ရာတွင်လည်း တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာ မူလစစ်ဆေးရာတွင် ပါဝင် ခြင်းမရှိခဲ့သော        ဆေးတက္ကသိုလ်၊ သွားဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊    ကွန်ပျူတာ တက္ကသိုလ်မှ ဘာသာရပ်ဆိုင်ရာ ဆရာ ဆရာမများက စစ်ဆေးမှသာ ပြည်သူ များ   သံသယကင်းရှင်းစေမှာဖြစ်သလို  တရားမျှတမှုပေါ်လွင်စေမှာ     ဖြစ်ပါ သည်။  မြန်မာစာ    မြန်မာစကားတွင် ‘‘သူ့အရပ်နဲ့သူ့ဇာတ်’’   စာသားသည် အလကားပေါ်ပေါက်ခဲ့ဟန်မတူပေ။

 


ဒါ့အပြင်     တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်များ ပြန်လည်စိစစ်ရန် တင်ပြသော ကျောင်းသားသည်      နိုင်ငံတော်ရဲ့ သတ်မှတ်ငွေပေးသွင်းပြီး  သူ၏ အဖြေ လွှာကို  ပြန်လည်စိစစ်ရန်  တင်ပြခြင်း ဖြစ်၍ ယင်းအဖြေလွှာနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ‘‘ပြန်လည် စစ်ဆေးကြည့်ရှုရာတွင် ရမှတ်များသည် အမှတ်ပေး စည်းမျဉ်းစည်းကမ်းအတိုင်း အမှတ်ပေးထားသည့်အပြင်   အမှား အယွင်းတစ်စုံတစ်ရာမရှိဘဲ ရမှတ်များ အားလုံး မှန်ကန်ကြောင်း   သိရှိနိုင်ရန် ပြန်ကြားပါသည်’’ဟု အကြောင်းပြန်ရုံ နှင့် လုံလောက်သည်ဟု     မယူဆနိုင် ပေ။   ပြန်လည်စိစစ်ရန်  တင်ပြသော ကျောင်းသား၏   အမှတ်ခြစ်ပြီးသော အဖြေလွှာမိတ္တူကို   ကျောင်းသားထံပေးမှသာ အမှတ်ပေးစည်းကမ်းအတိုင်း အမှားအယွင်း    တစ်စုံတစ်ရာမရှိဘဲ ရမှတ်များ   အားလုံးမှန်ကန်ကြောင်း တာဝန်ယူမှု၊   တာဝန်ခံမှုအနေဖြင့် သက်သေပြရန် တာဝန်ရှိသလို   ယင်း ကျောင်းသားအနေဖြင့်လည်း သံသယ ကင်းရှင်းပြီး ပညာရေးကို  ယုံကြည်မှု ပိုရမည်ဖြစ်သည်။ ယင်းသို့ ပညာရေး ဝန်ကြီးဌာနအနေဖြင့်     တာဝန်ယူမှု၊ တာဝန်ခံမှုမူကို  လက်ခံကျင့်သုံးခြင်း ကြောင့်  ၎င်းကျောင်းသား၏    အမှတ် ခြစ်ခဲ့သော စာမေးပွဲအဖြေလွှာမိတ္တူကို ယင်းကျောင်းသားလက်ဝယ် ပြန်လည် ပေးအပ်မှသာ   ယင်းကျောင်းသားအနေ ဖြင့် နောက်နောင် ဘယ်လိုဖြေမှ အမှတ် ရမယ်၊ ဘယ်နေရာအမှားကို   ဘယ်လို ပြင်မယ်ဆိုတဲ့ ဘဝသင်ခန်းစာအတွေ့အကြုံကောင်းရရှိမည်ဖြစ်သည်။ 

 


အသိတရား လက်ကိုင်ထား


ထို့ကြောင့် အမှန်တကယ်ပညာရေး စနစ်ကို ပြောင်းလဲချင်ရင် အလွတ်ကျက် ပညာအထောက်အကူပြုမည့်   ပြဋ္ဌာန်း ချက်၊   အထောက်အကူပြုသင်ကြား ပြသပေးနိုင်မည့် ဆရာ ဆရာမ စွမ်းရည် တိုးတက်အောင်ပြုပြင်မှု၊  ဖြစ်သင့်သော စာမေးပွဲမေးခွန်းလွှာ၊ နှစ်တိုင်းပြောင်းလဲ နေသော အမှတ်ပေးစည်းမျဉ်းသတ်မှတ် ချက်တို့ကို       ဘက်စုံပြုပြင်သင့်တာ ရဲရဲဝံ့ဝံ့ပြုပြင်ခြင်း၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ တက်ရောက်မည့် တက္ကသိုလ်များအနေဖြင့်လည်း ကိုယ့်တက္ကသိုလ်ရဲ့သင်ကြားပေးမည့် ပညာ ရပ်ကို တကယ်ဝါသနာပါသူ၊  စိတ်ဝင် စားသူ၊ ကိုယ့်တက္ကသိုလ်မှ တက်ရောက် ၍ဘွဲ့ရသူများသည်  တိုင်းပြည်ကောင်း ကျိုးအတွက်   အစစ်အမှန်အကျိုးပြု မည့် ကျောင်းသား   ကျောင်းသူများ ရရှိ အောင်     တက္ကသိုလ်ဝင်ခွင့်ရွေးချယ် စနစ်ကို အမြန်ဆုံးပြုပြင်ခြင်း၊ တိုင်းပြည် အနာဂတ်ဖွံ့ဖြိုးမှုအတွက် ဆောင်ရွက် မည်ဟူသောစိတ်ဓာတ်ကို အမှန်တကယ် အရင်းခံပြီး  တိုင်းပြည်အနာဂတ်ဖွံ့ဖြိုးတိုးတက်မှု၏အခြေခံဖြစ်သောပညာရေးစနစ်မှ အမှားများတွေ့ရင်  ရဲရဲဝန်ခံပြီး အမြန်ပြုပြင်ခြင်း၊ ပညာရေးစနစ် အမှား အယွင်းဖြစ်အောင် ငါတကော ကောနေ သူများ၏  အတွင်းရန်၊     အပြင်ရန် ဆောင်ရွက်ချက်များ    ရှိပါကလည်း အသိတရား လက်ကိုင်ထားကာကွယ်ဖို့ လည်း လိုအပ်လှပါကြောင်းကို ‌ရေးသား တင်ပြအပ်ပါသည်။            ။