
နေပြည်တော် နိုဝင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အသံချဲ့စက်ဖြင့် ပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်နေသည့် သင်ပျိုကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူးကို နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို မလိုလားသည့်အကြမ်းဖက်သမားများက နိုဝင်ဘာ ၁ ရက် ညနေပိုင်းတွင် လက်နက်ငယ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွား ခဲ့သည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသ ကြီး ကျောက်ဆည်မြို့နယ် သင်ပျို ကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးမြင့်သိန်းဌေး(ဘ) ဦးကျော်ညွန့်သည် တာဝန်ရှိသူ များနှင့်အတူ ကျေးရွာအုပ်ချုပ် ရေးမှူးရုံးအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်း များ ဆောင်ရွက်ရန်အတွက် အသံ ချဲ့စက်ဖြင့် ပညာပေးနှိုးဆော်ခြင်း များ ဆောင်ရွက်နေစဉ် နိုဝင်ဘာ ၁ ရက် ညနေ ၆ နာရီခွဲခန့်တွင် တည်ငြိမ်အေးချမ်းမှုကို မလိုလား သည့် အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်နေသည့် အကြမ်းဖက် အမျိုးသားနှစ်ဦးက ဆိုင်ကယ် တစ်စီးဖြင့်ရောက်ရှိလာပြီး ဦးမြင့် သိန်းဌေး ကို ပစ္စတိုသေနတ်ဖြင့် ငါးချက်ခန့် ပစ်ခတ်ထွက်ပြေး သွားခဲ့သည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ဦးမြင့်သိန်းဌေးတွင် ဝဲရင်ဘတ်၊ ဝမ်းဗိုက်နှင့် ဝဲနံစောင်းတို့တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ သဖြင့် ကျောက်ဆည်မြို့ ပြည်သူ့ ဆေးရုံသို့ပို့ဆောင်ခဲ့ရာ ည ၈ နာရီ ခန့်တွင် ရရှိဒဏ်ရာများဖြင့် သေဆုံး ခဲ့ကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုတားဆီးနိုင်ရန် ဒေသ အကျိုးဆောင်ရွက်နေသူကို ယခု ကဲ့သို့ အကြမ်းဖက်ဆောင်ရွက်မှု အတွက် ထိရောက်စွာအရေးယူ ဆောင်ရွက်နိုင်ရန် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြည်သူများနှင့် ပူးပေါင်း၍ ဖမ်းဆီးရမိရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်