အမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူများအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

 

နေပြည်တော်   နိုဝင်ဘာ   ၃


အမျိုးသမီးတစ်ဦးကို         တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူများအား   လူကုန် ကူးမှုဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 


ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်နေ မ---- (၂၇နှစ်)အား ရှမ်းပြည်နယ် မူဆယ် မြို့ ကောင်းမှုတုံရပ်ကွက်   နယ်မြေ(၃)နေ မဝါဆို(ခ)မနှင်းနှင်းအေး(ခ)မဝါ (၂၇နှစ်)နှင့် ရန်ကုန်တိုင်းဒေသကြီး  လှိုင်သာယာ မြို့နယ် အလယ်ရွာနေ ဇွဲကို (တိမ်းရှောင်) (၂၉နှစ်)ခန့်တို့က  တရုတ်နိုင်ငံတွင် တရုတ် ယောက်ျားယူပါက  ငွေအမြောက်အမြား ရမည်ဟု စည်းရုံး၍  ရှမ်းပြည်နယ် မူဆယ် မြို့ ဟိုမွန်ရပ်ကွက် (၄၅)ကုန်းနေ မင်းမင်း (တိမ်းရှောင်)  (၂၅ နှစ်)ခန့်နှင့် တရုတ်နိုင်ငံ ရွှေလီမြို့ ဒေါင်းဝိုင်းအနီးတွင်   နေထိုင်လျက် ရှိသူ    ပန်းနု (တိမ်းရှောင်)  (၃၄နှစ်)တို့ထံ ပို့ဆောင်ကာ       တရုတ်နိုင်ငံအတွင်းသို့ ပို့ဆောင်ရောင်းစားခဲ့သဖြင့် မူဆယ်မြို့မ ရဲစခန်း(ပ)၇၈၄/၂၀၂၀၊      လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၈(က)/ ၃၂ ဖြင့် အမှုဖွင့်အရေးယူခဲ့ပြီး   မူဆယ် ခရိုင်တရားရုံးသို့    တရားစွဲတင်ပို့ခဲ့ရာ အောက်တိုဘာ ၂၉ ရက်တွင် တရားခံ မဝါဆို (ခ)မနှင်းနှင်းအေး(ခ)မဝါကို  လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ ထောင်ဒဏ်   ၁၀  နှစ်  ကျခံစေရန်နှင့် တိမ်းရှောင်တရားခံများကို  တရားခံပြေး ကြေညာခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်