ကော့သောင်း၊ ရွာငံ၊ မရမ်းကုန်းနှင့် သာကေတမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော်   နိုဝင်ဘာ    ၃ 


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂ ရက် ည ၉   နာရီ တွင် ကော့သောင်းမြို့ အေးမြကန်သာရပ်ကွက် မနော်ဟရီ (၃)လမ်းနေ ဆန်းဦး၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၄၇၇၀၀၊ အိုက်စ် ၀ ဒသမ ၄၅ ကီလိုတို့ကို သိမ်းဆည်းရမိသည်။

 


 ထို့အတူ  ယင်းနေ့ နံနက် ၇ နာရီခွဲတွင် ရွာငံမြို့နယ် ရွာငံ-ကျောက်ဆည်သွားကားလမ်း     ကျောက်ကူပြင် ကျေးရွာ အုပ်စု ကျောက်ကူပြင်ကျေးရွာအနီးတွင် မင်းစိုးမောင်းနှင် လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၁၀ ဒသမ ၅ ကီလိုကို လည်းကောင်း။

 


ထို့နောက် နိုဝင်ဘာ ၂ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် မရမ်း ကုန်းမြို့နယ်  အမှတ်(၂)ရပ်ကွက် သမိုင်းဘူတာရုံလမ်းရှိ ဟိုတယ်အနီး၌ သတင်းအရစောင့်ဆိုင်းနေစဉ် ဖေမြတ်ဝင်း (ခ)ဦးဖေ မောင်းနှင်ပြီး  ဇေယျအောင်  လိုက်ပါလာသည့် Toyota Belta မော်တော်ယာဉ်သည် ဟိုတယ်ရှေ့သို့ ရောက်ရှိ လာခဲ့ကြောင်းနှင့် ဇေယျအောင်သည် ခရီးဆောင်အိတ်ကို ကိုင်ဆောင်ကာ  အဆိုပါ ယာဉ်ပေါ်မှ ဆင်းလာပြီး   ဟိုတယ် အနီးတွင် စောင့်ဆိုင်းနေသည့် တင်ကိုကို၊ အောင်မျိုးဦးတို့ထံ ၎င်းအိတ်အားပေးအပ်၍   ဟိုတယ်ဝင်းအတွင်းသို့ ဝင်ရောက် လာသည်ကို တွေ့ရှိရသဖြင့်  စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၀၀၀၀၀   သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက် ချက်အရ မွန်းလွဲ ၂ နာရီခွဲတွင် ပူးပေါင်းအဖွဲ့က သာကေတ မြို့နယ်  အမှတ်(၆)ရပ်ကွက်  မြင်တော်သာလမ်းနေ ဖေမြတ် ဝင်း(ခ)ဦးဖေ၏   နေအိမ်သို့   ဝင်ရောက်ရှာဖွေရာ  စိတ်ကြွ ရူးသွပ်ဆေးပြား ၁၀၀၀၀  စုစုပေါင်းငွေကျပ်သိန်း   ၁၁၀၀ တန်ဖိုးရှိ      စိတ်ကြွရူးသွပ်ဆေးပြားများကိုလည်းကောင်း  ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။ 


ရဲပြန်ကြား