ပန်းကလေးတွေ လှနေတာကိုပဲ ကြည့်နေချင်သည်

Type
1

 

စန်းနီလာဝင်း

ပညာဥယျာဉ်ထဲက မနွမ်းပန်း
    l    နွေမှာပွင့်လန်း၊ ပိတောက်ပန်းကို
        ဆင်မြန်းပန်ဆင်၊ လှယဉ်ယဉ်မင့်
        သူ့တွင် အလှမမြဲပါ။
    l     မိုးမှာပွင့်လန်း၊ စံပယ်ပန်းကို
        ဆင်မြန်းပန်ဆင်၊ လှယဉ်ယဉ်မင့်
        သူ့တွင် အလှမမြဲပါ။
    l     ဆောင်းမှာပွင့်လန်း၊ သဇင်ပန်းကို
        ဆင်မြန်းပန်ဆင်၊ လှယဉ်ယဉ်မင့်
        သူ့တွင် အလှမမြဲပါ။
    l     ပိတောက်၊ သဇင်၊ စံပယ်ယဉ်ကို
        အသင်စွဲလမ်း၊ ပန်ဆင်မြန်းလည်း
        ပန်း၏အလှ၊ တဒင်္ဂမျှ
        ကြွေနွမ်းဘဝ၊ သင်္ခါရကြောင့်
        တစ်ဘဝမှာ၊ ထာဝရလန်း
        ပညာပန်းကို၊ လိုလိုချင်ချင်
        သင်ပန်ဆင်က၊ အစဉ်ထာဝရ
        လှပနေမည်သာတည်း။         ။ 

 


နိုဝင်ဘာလ ၁ ရက်နေ့က  စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်၍ ပညာရည်နို့သောက် စို့နေကြသည့်  ပညာသင်မောင်မယ်များ ကိုဗစ်-၁၉ ရောဂါဆိုးကြီးကြောင့်  ပညာမိုးယာယီခေါင်နေခဲ့ရာ မှ ပညာရွှေမိုး ရွာသွန်းဖြိုးပြီဖြစ်သောကြောင့် ပညာ ပန်းကလေးများ  စိုပြည်လန်းဆန်းလာကြပြီ ဖြစ်သည်။

 


အတုမြင် အတတ်သင်


ပျိုမျစ်နုနယ်   ဆယ်ကျော်သက်ရွယ်  ပညာသင် မောင်မယ်တို့မှာ အတုမြင် အတတ်သင်ကာ အရာရာ တွင် တိမ်းလွယ်၊ ယိမ်းလွယ်၊ ယိုင်လွယ်၊ ဆွတ်လွယ်၊ ညွတ်လွယ်  ဖြစ်တတ်လေ့ရှိကြသည်။  ပုံစံသွင်း လျှင်လည်း ဖော့ဖယောင်းပမာ ပျော့ပျောင်းလှသည်။ ရေသည်  ထည့်သည့်ပုံစံပေါ်မူတည်၍   ပြောင်းလဲ တတ်သည့်နှယ်   ရေလှိုင်းပေါ်တွင်ရှိနေသော  လှေ တစ်စင်းပမာ  အရာရာ၌   လူးလွန့်ယိမ်းယိုင်တတ် သည့် သဘောရှိသည်။ သစ်ရွက်တွေ မြေခကြွေကျ နေသည်ကိုပင်ကြည့်၍ ရယ်မောတတ်သည့် အရွယ် ပါတည်း။

 


အဖြူ၏    ပင်ကိုသဘာဝသည်    သန့်ရှင်းလှ သည်။   အပြစ်လည်းကင်းစင်ပါသည်။   သို့တစေ အဖြူရောင်သက်သက်ကို       အရောင်မျိုးစုံဖြင့် ခြယ်လှယ်စိုးမိုးလိုက်သောအခါ    အဖြူ၏   မူလ ပကတိဘဝသည်       အလိုအလျောက်     ပျက်ပြယ် ပျက်စီးသွားရပါသည်။
မီးဟူသည်    မသိ၍    ကိုင်တွယ်မိသည်ဖြစ်စေ၊ သိလျက်နှင့်  ကိုင်တွယ်မိသည်ဖြစ်စေ   အပူလောင် ခံရမှာ သေချာလှသည်။ မီးစွဲလောင်နေသော နေအိမ်  သည်လည်း      ရှိရှိသမျှသော      အရာအားလုံးကို လည်းကောင်း၊  အနီးပတ်ဝန်းကျင်ကို လည်းကောင်း  ကူးစက်လောင်ကျွမ်းမည်သာ ဖြစ်သည်။

 


ထိုဥဒါဟရုဏ်ကဲ့သို့ပင်        နိုင်ငံရေးသမား မသမာသူများ၊    ခေါင်းဆောင်တု    ခေါင်းဆောင် ယောင်များ၊ ဆရာတု   ဆရာယောင်တို့သည်  မိမိတို့ ၏ အယူအဆအမှား၊  အပြောအဆိုအမှား၊ အလုပ် အကိုင်အမှားတို့ဖြင့်  မိမိကိုသာမက    မိမိနှင့်ပေါင်း သင်းဆက်နွှယ်သူမှန်သမျှကိုပါ    ကူးစက်ဒုက္ခပေး မည်မှာ မလွဲပေ။

 


ထို့ကြောင့် မြတ်ဗုဒ္ဓ၏ သုံးဆယ့်ရှစ်ဖြာမင်္ဂလာတရားတော်တွင်   “အသေဝနာစ ဗာလာနံ”  လူမိုက်၊ လူယုတ်မာ၊ လူဆိုးများနှင့် မပေါင်းသင်းမဆက်ဆံဘဲ လုံးဝရှောင်ကြဉ်နေနိုင်ခြင်းသည် လူနေမှုလောက၌ ပထမဦးဆုံးအရေးကြီးသော မင်္ဂလာတစ်ပါးဖြစ်ပြီး တစ်ဆက်တည်းမှာပင် “ပဏ္ဍိတာနဉ္စသေဝနံ” ပညာ ရှိ လူကောင်းလူတော်များကို  အစဉ်မှီဝဲ ဆည်းကပ် ကာ နည်းနာနိသယျ  အဆုံးအမတို့ကို ခံယူခြင်းသည် ဒုတိယအရေးကြီးဆုံး  မင်္ဂလာတစ်ပါးဖြစ်သည်ဟု ဟောဖော်ညွှန်ပြတော်မူခဲ့ခြင်းပင်ဖြစ်သည်။

 


 သွေးဆောင်ဖြားယောင်းလှည့်စား


လွန်ခဲ့သည့် နှစ် ၄၀ ကျော်က  တောတွင်း ဗကပ သောင်းကျန်းသူတို့၏ လွဲမှားသော သွေးဆောင်ဖြား ယောင်းလှည့်စားမှုများကို  မျက်စိမှိတ်ယုံစားမိခဲ့ကြ သည့်     တောခိုတက္ကသိုလ်ကျောင်းသားအချို့မှာ ဗကပခေါင်းဆောင် သခင်သန်းထွန်း၏ ဖြုတ်၊ ထုတ်၊ သတ် စီမံကိန်းနှင့်အတူ   ဟင်္သာကိုးသောင်း   ဇာတ် ခင်းကာ  လည်မျိုကို  ဝါးရင်းတုတ်များဖြင့် နှိပ်စက် ရိုက်နှက်သတ်ဖြတ်၍    လည်ချောင်းသွေးများနှင့် ခြေဆေးခဲ့ကြသည့်     အနိဋ္ဌာရုံဖြစ်ရပ်ဆိုးကြီး ပေါ်ပေါက်ခဲ့သည်။  ယခု NUG ၊ CRPH ၊ PDF  စသည့် နိုင်ငံရေးမသမာသူ      အကြမ်းဖက်လူရမ်းကားတို့ သည်လည်း    ယခင် တောတွင်း ဗကပ  သောင်းကျန်း သူအချို့၏    အကြမ်းဖက်ရမ်းကားရက်စက်မှုများထက်  အကြမ်းဖက်သတ်ဖြတ်မှုများတွင်  ရက်စက်မှု အပေါင်း    သရဖူဆောင်းခဲ့ကြသည်ကို      တွေ့ရသည်။

 


ဆရာမပြနည်းမကျ၊ ဆုံးမစကား မှတ်သားလိုက်နာ ကောင်းကျိုးဖြာ


လူနေမှုအဖွဲ့အစည်း၌      “အကွပ်အထိန်း” ဟူသော    ကျင့်ဝတ်ဝိနည်းဥပဒေ၊     စည်းမျဉ်း စည်းကမ်းများ    မရှိမဖြစ်     လိုအပ်လာပါသည်။ ကြမ်းခင်းကို    ပရမ်းပတာ     မဖြစ်ရလေအောင် “အကွပ်” လုပ်ပေးရသည်။      တကယ်တော့   အထု အဆစ်မခံရသော   ကျောက်သားသည်     မည်သို့မျှ လှပသော    ကျောက်ဆစ်ရုပ်တု   ဖြစ်မလာနိုင်ပါ။ ထို့အတူ ဆောက်ထွင်းမခံရသော သစ်သား၊ ပွတ်လုံး အထိမခံရသော သစ်သားတို့သည်လည်း မည်သို့မျှ လှပသော ပန်းပုရုပ်ဖြစ်မလာနိုင်ပါ။  အသွေး မခံရ သော   ဓားသည်လည်း    ထက်မြက်သော   ဓား တစ်ချောင်း ဖြစ်မလာနိုင်ပါ။  အရိုက်အပုတ်  မခံရ သော   ရွှံ့မြေသည်လည်း   မည်သို့မျှ    အိုးကောင်း တစ်လုံး ဖြစ်မလာနိုင်ပါ။

 


စင်ကြယ်မွန်မြတ်လှသူများ


ဆရာ  ဆရာမတို့သည်   ပညာသင်မောင်မယ်တို့ ၏ ဘဝပဲ့ကိုင်ရှင်များ  ဖြစ်ကြသကဲ့သို့   ဘဝဥယျာဉ် မှူးတို့လည်း  ဖြစ်ကြသည်။  “တပည့်မရှား၊ တစ်ပြား မရှိ၊ ပီတိကိုစား၊ အားရှိပါ၏” ဟူသော ဆိုစကားသည် စေတနာ၊ ဝါသနာ၊  အနစ်နာဟူသော   နာသုံးနာ စလုံးကို  အရင်းပြု၍  အသက်မွေးဝမ်းကျောင်းမှု စင်ကြယ်မွန်မြတ်လှသူများ ဖြစ်ကြသည်။

 


အနန္တဂိုဏ်းဝင်  ကျေးဇူးရှင်များဖြစ်ကြသည့်အလျောက် “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပ မချန်၊  ဘေးရန်ဆီးကာ၊   သင့်ရာအပ်ပို့၊   ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ”   ဟူသော  (၁) ပညာသင်ယူသူ တပည့်အားလုံး အသိပညာ၊ အတတ်ပညာ သင်ကြား ပေးခြင်း၊    (၂) တပည့်များအား   ကိုယ်ကျင့်တရား ကောင်းမွန်အောင် မကောင်းမှုများကို ရှောင်ကြဉ်ရန် သွန်သင်လမ်းပြဆုံးမခြင်း၊   (၃) ပညာသင်ပေးရာ တွင် ဆရာစားမချန် သင်ကြားပေးခြင်း၊  (၄) တပည့် တို့၏   ဘေးအန္တရာယ်  အသွယ်သွယ်  မှန်သမျှကို ကာကွယ်ဖြေရှင်းစောင့်ရှောက်ပေးခြင်း၊ (၅) တပည့် များကို လူကောင်းလူတော် ပညာရှင်များနှင့် ချိတ် ဆက်အပ်နှံ၍  တိုးတက်စေခြင်း ဟူသော ကျင့်ဝတ် ဝတ္တရားများကြောင့် အနန္တဂိုဏ်းဝင်ကျေးဇူးရှင်များ အဖြစ် ကျေးဇူးဆပ်၍  မကုန်နိုင်သော ပုဂ္ဂိုလ်မြတ်တို့ ဖြစ်ကြသည်။

 


မြန်မာမှုစကားတစ်ခုတွင်     “အစကောင်းမှ အနှောင်းသေချာမည်” (Good beginning is good ending) ဟူသော လမ်းညွှန်စကားနှင့်အညီ ပညာ သင်ရွယ်   လူငယ်မောင်မယ်တို့၏  ဘဝဥယျာဉ်မှူး များ ဖြစ်ကြသည့် ကျေးဇူးရှင်ဆရာ ဆရာမများ၏ အသင်အပြ၊  အဆုံးအမ   လမ်းညွှန်ပဲ့ပြင်မှုများကို ရိုသေလိုက်နာကြမှသာ  ကျောင်းနေပျော်၍ စာတော် ကြမည်။ “သားကောင်းတစ်ယောက်   ကျောက် ကောင်းတစ်စေ့၊  ပန်းကောင်းတစ်ပွင့်၊ သီးကောင်း တစ်ခိုင်၊ သစ်ကောင်းတစ်ပင်”ပမာ ကိုယ်စီကိုယ်ငှ နိုင်ငံ့သားကောင်းရတနာ၊ သမီးကောင်းရတနာများ ဖြစ်လာကြမည်မှာ မြေကြီး လက်ခတ်မလွဲပေ။

 


သို့ဖြစ်၍  စာရေးသူက  ပညာဥယျာဉ်များထဲမှ ပန်းကလေးများ လန်းဆန်းနေသည်ကိုသာ   အစဉ် ကြည့်မြင်လိုပြီး  ပန်းကလေးများ နွမ်းကြွေမည်ကို လည်း စိုးရိမ်ပါသည်။ ကျေးဇူးရှင်  ဘဝပဲ့ကိုင်ရှင် ဆရာ ဆရာမတို့၏     အစောင့်အရှောက်၊     အကာ အကွယ်၊ အသင်အကြား၊  အဆုံးအမတို့ကို    နာယူ လိုက်နာကာ   အနာဂတ်ခေါင်းဆောင်ကောင်းများအဖြစ်   နိုင်ငံ့တာဝန်၊     မိဘပြည်သူတို့၏ တာဝန်၊ လူ့အဖွဲ့အစည်း၏ တာဝန်များကို ဆတက်ထမ်းပိုး သယ်ပိုးစွမ်းဆောင်သွားနိုင်ကြပါစေဟု      ဆန္ဒပြု ရေးသားလိုက်ရပါသည်။      ။