ကျန်းမာရေးစောင့်ရှောက်မှုယန္တရားလည်ပတ်မှုကို ထိခိုက်ယိုယွင်းစေရန်နှင့် ကျောင်းနေအရွယ်ကလေးသူငယ်များ၏ ပညာသင်ယူခွင့်ကို ပျက်စီးစေရန်အတွက် PDF အကြမ်းဖက်သမားများက ပြည်သူ့ဆေးရုံများနှင့် စာသင်ကျောင်းများအား ဖောက်ခွဲဖျက်ဆီးမှုများပြုလုပ်

 

နေပြည်တော်    နိုဝင်ဘာ    ၄


အကြမ်းဖက်အဖွဲ့အစည်းများအနေဖြင့်  ၎င်းတို့၏ ကိုယ်ကျိုးအတ္တကိုအခြေခံ၍  ၎င်းတို့ကို ထောက်ခံ အားပေးခြင်းမရှိသော အများပြည်သူအား သေကျေ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့်  ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေရန် အကြမ်းဖက်တိုက်ခိုက်မှုများ၊ လမ်း/ တံတား    ဖောက်ခွဲဖျက်ဆီးမှုများ၊ နိုင်ငံတော်နှင့် ပုဂ္ဂလိကပိုင် စက်ရုံ/ အလုပ်ရုံများအား မီးရှို့ဖျက်ဆီးဖောက်ခွဲတိုက်ခိုက်ခြင်းများကို အချို့ဒေသများတွင် လုပ်ဆောင်လျက်ရှိရာ  ကျောင်းများပြန်လည်ဖွင့်လှစ် သည့် ယခုအခါတွင်လည်း ကျောင်းသား ကျောင်းသူ များ ပညာသင်ကြားလျက်ရှိသည့် စာသင်ကျောင်းများ နှင့် အများပြည်သူများ  တက်ရောက်ကုသလျက်ရှိ သည့်  ပြည်သူ့ဆေးရုံများ၊  တိုက်နယ်ဆေးရုံများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ မီးရှို့ဖျက်ဆီးခြင်း များ ပြုလုပ်၍လည်း ကျန်းမာရေးစောင့်ရှောက်မှု ယန္တရားလည်ပတ်မှု   ယိုယွင်းစေရန်   ဦးတည်လုပ် ဆောင်လာကြောင်း တွေ့ရှိရသည်။

 


ထိုသို့လုပ်ဆောင်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသ ကြီး  တမူးမြို့နယ်ရှိ   ပြည်သူ့ဆေးရုံသို့  နိုဝင်ဘာ ၃ ရက် နံနက် ၈ နာရီခန့်တွင် ဆိုင်ကယ်စီးနင်းလာသည့် အကြမ်းဖက်သမားနှစ်ဦးက လက်ပစ်ဗုံးဖြင့်ပစ်ပေါက် ခဲ့ရာ အဆိုပါ လက်ပစ်ဗုံးသည် ဆေးရုံကျန်းမာရေး ဝန်ထမ်းအိမ်ရာရှိ  သူနာပြုဆောင်  ခြောက်ခန်းတွဲ လိုင်းခန်းအရှေ့သို့ ကျရောက်ခဲ့ပြီး အကြမ်းဖက်သမား နှစ်ဦးမှာ    ဆိုင်ကယ်ဖြင့်   ထွက်ပြေးသွားခဲ့သည်။ အဆိုပါ လက်ပစ်ဗုံးမှာ ပေါက်ကွဲမှုမရှိခဲ့သဖြင့် လူနှင့် အဆောက်အဦ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ 10.74 HAND Grenade စာတန်းပါ M-67 လက်ပစ်ဗုံး ဖြစ်ကြောင်း သိရှိရသည်။ 

 


အလားတူ မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့ နယ် ဆင်ကျွန်းကျေးရွာရှိ အခြေခံပညာမူလတန်း ကျောင်းသို့   ယနေ့နံနက်   ၄  နာရီခွဲခန့်တွင် PDF အကြမ်းဖက်အဖွဲ့ ၂၀ ဦးခန့်ရောက်ရှိလာပြီး လက်လုပ် မိုင်းနှစ်လုံးဖြင့် အကြောင်းမဲ့ဖောက်ခွဲဖျက်ဆီးခဲ့ရာ  ကျောင်းဝင်းအတွင်းရှိ ကျောင်းဆောင် တစ်ဆောင်၏  ပြတင်းပေါက်တံခါးများ ပြုတ်ထွက်၍ ကျောင်းဆောင် အုတ်နံရံများ   ပြိုကျပျက်စီးခဲ့မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ 

 


ဖြစ်စဉ်များအရ အကြမ်းဖက်သမားများသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ   ဆောင်ရွက်နေသည့်ကာလအတွင်း ဆေးရုံများနှင့် ကျန်းမာရေးစောင့်ရှောက်မှု စင်တာ များ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပုံမှန်  လည်ပတ်မှုမရှိစေရန်၊   အနာဂတ်မျိုးဆက်သစ် ကလေးသူငယ်များ၏ ပညာသင်ယူခွင့်ကို အနှောင့် အယှက်ဖြစ်စေရန်နှင့်   ပြည်သူလူထု၏  အကျိုး စီးပွားပျက်စီးကာ နယ်မြေဒေသ တည်ငြိမ်မှုပျက်ပြား စေလိုသော ရည်ရွယ်ချက်များဖြင့် ယခုကဲ့သို့ အကြမ်း ဖက်လုပ်ရပ်များကို လုပ်ဆောင်နေခြင်းဖြစ်သဖြင့်  ၎င်းတို့အား ဥပဒေအရ   ထိရောက်စွာ  အရေးယူ ဆောင်ရွက်နိုင်ရန်အတွက်  လုံခြုံရေးတပ်ဖွဲ့ဝင်များက မိဘပြည်သူများနှင့်ပူးပေါင်း၍ အမြန်ဆုံး ဖမ်းဆီးရမိ နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။                                        

သတင်းစဉ်