ဘာစီလိုနာနည်းပြသစ် ဖြစ်လာသည့် ဂန္ထဝင်ကွင်းလယ်ကစားသမားဟောင်း ဇာဗီ

 

လာလီဂါနာမည်ကြီး   ဘာစီလိုနာအသင်းသည်  ဂန္ထဝင်ကွင်းလယ် ကစားသမားဟောင်း ဇာဗီကို အသင်းနည်းပြအဖြစ် အတည်ပြုလိုက် ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ဘာစီလိုနာအသင်းသည် အောက်တိုဘာလတွင်   ရလဒ်များဆိုးရွားနေသည့်အတွက်  နည်းပြ ရော်နယ်ကိုးမန်းကို  ထုတ်ပယ်လိုက်ပြီးနောက်   ဇာဗီနှင့်  ပြန်လည် ပေါင်းထုပ်လိုနေခြင်း ဖြစ်သည်။ 

 


ဇာဗီ  သည်  ကာတာကလပ်  အယ်လ်ဆတ်အသင်းကို တာဝန်ယူ ကိုင်တွယ်ပြီး အောင်မြင်မှုရယူထားနိုင်သည့် နည်းပြတစ်ဦး ဖြစ်သည်။ အသက် (၄၁ နှစ်)ရှိ ဇာဗီသည် အယ်လ်ဆတ်အသင်းကို ၂၀၁၉ ခုနှစ်  မေလမှ ၂၀၂၁ ခုနှစ် နိုဝင်ဘာလအထိ ၉၇ ပွဲ တာဝန်ယူ ကိုင်တွယ်ခဲ့ရာ ၆၄ ပွဲနိုင်၊ ၁၆ ပွဲသရေ၊ ၁၇ ပွဲ ရှုံးနိမ့်ထားသည်။  

 


ဇာဗီသည် ကစားသမားဘဝတွင် ဘာစီလိုနာအသင်းအတွက် ၇၆၇ ပွဲဖြင့် ဒုတိယမြောက်ပွဲအများဆုံး ကစားထားသူဖြစ်ကာ အသင်းနှင့်အတူ ဆုဖလားများစွာ ဆွတ်ခူးထားသူဖြစ်သည်။  ၎င်းသည် ဘာစီလိုနာအသင်း နှင့် နှစ်နှစ်ခွဲစာချုပ် ချုပ်ဆိုဖွယ်ရှိသည်။ ဘာစီလိုနာအသင်းနှင့် ၎င်း၏ ပွဲဦးထွက်ပွဲစဉ်ကို   နိုင်ငံတကာပွဲစဉ်များ  ယှဉ်ပြိုင်ကစားပြီးနောက် နိုဝင်ဘာ ၂၀ ရက်တွင် ယှဉ်ပြိုင်ကစားမည့် အက်စ်ပန်ညိုအသင်းနှင့် ပွဲစဉ်တွင် ကိုင်တွယ်သွားဖွယ်ရှိနေသည်။        
              အောင်ဇော်