ကျောင်းမအပ်၊ ကျောင်းမတက်ရေး လှုံ့ဆော်နေသူများသို့ . . .

Type

 

မျိုးငြိမ်းငယ်

နိုဝင်ဘာလ ၁ ရက်နေ့က အခြေခံပညာကျောင်းတွေ ပြန်ဖွင့်ပါပြီ။   ကိုဗစ်-၁၉  ကြောင့်  ကျောင်းတွေ ပိတ်ထားရတာလည်း လေးလကျော် ကြာခဲ့ပါတယ်။  ယခင်ကလည်း ၂၀၂၀ ပြည့်နှစ်ထဲမှာ ကိုဗစ်ဖြစ်လို့ တစ်နှစ်ကျော်    ပိတ်ထားခဲ့ရပါတယ်။      ဒီကာလ အတွင်းမှာ ကျောင်းသား ကျောင်းသူတွေရဲ့ နေ့စဉ် ဘဝတွေ ဘယ်လိုဖြတ်သန်းနေကြသလဲ၊ အနာဂတ် တွေဆိုတာ    ဘယ်လိုဖြစ်လာမယ်ဆိုတာ    မှန်းဆ ကြည့်လို့ ခက်ခဲခဲ့ပါတယ်။ 

 


ဒီဂယက်ကို  တွေ့ကြုံခံစားခဲ့ကြ


တတ်နိုင်တဲ့သူတွေ၊ ငွေကြေးကြွယ်ဝပြည့်စုံတဲ့သူတွေရဲ့   သားသမီးတွေကတော့    နိုင်ငံခြားပို့ပြီး ကျောင်းတက်ကြ၊    အွန်လိုင်းကနေ       သင်ကြနဲ့ သားသမီးတွေရဲ့ အနာဂတ်ကို ဖန်တီးနိုင်ကြပါတယ်။ ဒါပေမယ့် အများစုသော သာမန်မိသားစုတွေအတွက်  ကတော့    သားသမီးတွေရဲ့    ပညာရေးအနာဂတ် ဆိုတာ မရေရာမှုတွေနဲ့ ဖြတ်ကျော် နေကြရတာပါ။ ကိုဗစ် -  ၁၉ ကြောင့် ကျောင်းတွေ ပိတ်ထားရတာမို့  ကျန်းမာရေးနဲ့ ပညာရေးအကြား ကျန်းမာရေးကို ဦးစားပေးခဲ့ကြရပါတယ်။ ကိုဗစ်ကြောင့် ကျောင်း တွေ    ပိတ်ထားရတယ်ဆိုတာကလည်း    မြန်မာ နိုင်ငံတစ်နိုင်ငံတည်းမှာ   မဟုတ်ပါဘူး။  ကမ္ဘာမှာ ကိုဗစ်-၁၉   ခံစားရတဲ့   နိုင်ငံတိုင်း    ဖြစ်နေတာပါ။ ဒီတော့   ဒီဂယက်ကို  လူအများစု  တွေ့ကြုံခံစားခဲ့ ကြရပါတယ်။

 


ဒါပေမယ့် မြန်မာနိုင်ငံဆိုတာ သူများနိုင်ငံတွေနဲ့  မတူညီတာတွေ အများကြီးပါ။ ဒီတော့ ပညာရေး ဆိုတာ   နိုင်ငံရဲ့အနာဂတ်ဖြစ်သလို   ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်တွေရဲ့ အနာဂတ်လည်း ဖြစ်ပါတယ်။    ပညာမတတ်ရင်     ဖြစ်လာမယ့် နောက်ဆက်တွဲ အကျိုးဆက်တွေ ဘယ်လိုဖြစ်လာ နိုင်သလဲဆိုတာ ထွေထွေထူးထူး ပြောစရာကိုမလို ပါဘူး။ ပညာတတ်တဲ့ လူငယ်လူရွယ်နဲ့ ပညာတတ် တဲ့ နိုင်ငံတွေရဲ့ အခြေအနေနဲ့ နှိုင်းယှဉ်ကြည့်ရင် သိသာနိုင်တဲ့ အချက်ဖြစ်ပါတယ်။ 

 


သတင်းမီဒီယာကြီးတစ်ခုက ဖော်ပြထား


အခုလိုအချိန် နိုင်ငံအတွက် အခြေခံလိုအပ်ချက်  ပညာရေးအတွက် ကျောင်းတွေဖွင့်လို့ ကျောင်းသား၊ ကျောင်းသူတွေ  ကျောင်းအပ်တာ၊  ကျောင်းတက် တာကို   ကျောင်းမအပ်နှံဖို့၊  မတက်ရောက်ကြဖို့ အခြေခံပညာ ကျောင်းသားများရေးရာ အဖွဲ့ချုပ်  (အ.က.ရ)  က  ပူးတွဲတိုက်တွန်း  နှိုးဆော်ချက် ထုတ်ပြန်ကြောင်း   သတင်းမီဒီယာကြီး  တစ်ခုက ဖော်ပြထားတာ တွေ့ရပါတယ်။ အံ့ဩလို့မဆုံးပါဘူး။  အဲဒါကို   တချို့သတင်းမီဒီယာတွေက   ဖော်ပြပေး နေတာ တွေ့ရပါတယ်။ ဘယ်လိုရည်ရွယ်ချက်တွေ၊ မျှော်မှန်းချက်တွေ၊ စဉ်းစားဉာဏ်တွေနဲ့ ပြောကြ သလဲလို့ သိချင်မိပါတယ်။ 
ဒီနေရာမှာ နိုင်ငံရေးနဲ့ ပညာရေး ခွဲခြားမြင်ကြဖို့ လိုပါတယ်။ နေရာတကာ ကျားကျား မီးယပ်ဆိုတဲ့  အတွေးအခေါ်နဲ့ကတော့ ဒီမိုကရေစီဆိုတာ အဝေး ကြီးမှာပဲ  ရှိနေပါလိမ့်ဦးမယ်။  ကျောင်းသားတွေ ကျောင်းတက်တာဟာ ဘယ်သူ့ကိုမှ အားပေးတာ မဟုတ်သလို  ဘယ်သူ့ကိုမှ  ဆန့်ကျင်တာ မဟုတ် ပါဘူး။ ကျောင်းသားက ကျောင်းသားအလုပ်လုပ် နေခြင်းပဲ ဖြစ်ပါတယ်။ နောက်ပြီး အခုကျောင်းတက် နေကြတဲ့ ကျောင်းသားလူငယ်တွေက အခြေခံပညာ  ကျောင်းသား ကျောင်းသူလေးတွေပါ။ လူငယ်လေး တွေကို    နိုင်ငံရေးအရောင်တွေ    ဆိုးသင့်သလား၊ မဆိုးသင့်ဘူးလားဆိုတာ     ကိုယ်ချင်းစာတရားနဲ့ ချင့်ချိန်စဉ်းစားကြစေချင်ပါတယ်။

 


ပညာသင်ကြားရေးဟာ အခြေခံလိုအပ်ချက်ဖြစ်


မနိုင် နိုင်ရာလုပ်ချင်လို့ ငါ့မြင်းကို သူတစ်နေကုန် စီးတာ သူ့လှေကို ငါတစ်နေကုန် ပြန်လှော်လိုက် မယ်ဆိုတာဟာ ဖြစ်သင့်လား၊ မဖြစ်သင့်ဘူးလား၊ လုပ်သင့်လား   မလုပ်သင့်ဘူးလားနဲ့   ဖြစ်လာမယ့် အကျိုးဆက်ကို   မစဉ်းစားတတ်တဲ့    နိမ့်ကျတဲ့ အတွေးအခေါ်နဲ့ လုပ်ရပ်ပဲဖြစ်ပါတယ်။ တကယ်ကို နိုင်ငံပြောင်းလဲစေချင်တယ်၊ တိုးတက်စေချင်တယ် ဆိုရင်  ပညာတတ်တွေ၊  အတွေးအခေါ်မြင့်မားတဲ့ သူတွေ၊ တီထွင်ဖန်တီးသူတွေ၊ ကျွမ်းကျင်လုပ်သား တွေ မွေးထုတ်ပေး၊ ပြုစုပျိုးထောင်ပေးကြရမှာပါ။  ဒီလိုလူသားရင်းမြစ်တွေ မွေးထုတ်ဖို့ ပညာသင်ကြား ရေးဟာ အခြေခံလိုအပ်ချက် ဖြစ်ပါတယ်။

 


ကျောင်းသားတွေရဲ့    ပညာသင်ကြားရေးကို ဟန့်တားလို့၊  နှောင့်ယှက်လို့  ပညာရေး မျိုးဆက် တွေ ပြတ်သွားခဲ့ရင် နောင်ဖြစ်လာမယ့် ဆယ်စုနှစ် တွေမှာ ဘယ်လိုလူမျိုးတွေနဲ့ နိုင်ငံကိုခရီးဆက်ကြ မလဲဆိုတာ စဉ်းစားကြစေချင်ပါတယ်။ ကျောင်းသား  လူငယ်တွေရဲ့ အသက်တွေဆိုတာ ရပ်ထားလို့ မရ ပါဘူး။ အခု ကျောင်းမတက်နဲ့ ကျောင်းမအပ်ဆိုရင်  ဘယ်ပညာရေးကို သင်ရမလဲ။ ဘယ်သူတွေက တာဝန်ယူ ဦးဆောင်မှာလဲ။ ဒီပညာရေးကို မသင်ကြ ရနဲ့ဆိုရင်   ဘယ်ပညာရေးကို    သင်ရမလဲဆိုတာ  အဖြေကို တစ်ခါတည်းပြောဖို့၊ လက်တွေ့လုပ်ပြဖို့  လိုပါလိမ့်မယ်။ ဒီအလုပ်က လေနဲ့လုပ်ရတဲ့အလုပ် မဟုတ်ပါဘူး။ သူများလုပ်တာမကြိုက်ရင် ကိုယ်တိုင် လုပ်ပြနိုင်တဲ့ အရည်အချင်းရှိဖို့ လိုအပ်ပါတယ်။

 


လမ်းမှားတွေဆီ ပို့ကြမှာလား


ကိုယ့်တစ်ဦးတစ်ယောက်တည်းက ပညာရေး ကို မယုံကြည်ရင် ကိုယ်တစ်ယောက်တည်းပဲ ကျောင်း မတက်ဘဲ၊  ပညာမသင်ဘဲ နေနိုင်ပါတယ်။ ဒါပေမယ့် အခြား     ပညာလိုလားတဲ့သူတွေ၊   ပညာရှာလိုတဲ့ သူတွေကိုတော့ မဟန့်တား၊ မနှောင့်ယှက်ရပါဘူး။ ကိုယ်ကြောင့် သူတစ်ပါးဘဝတွေ ပျက်စီးအောင်  မလုပ်သင့်၊ မလုပ်အပ်ပါဘူး။ ကျောင်းသားလူငယ် လေးတွေဆိုတာ   နုနယ်လှပါတယ်။  မျှော်လင့်ချက် တွေ၊ အနာဂတ်တွေရှိပါတယ်။ တစ်ချိန်မှာ နိုင်ငံ တော်ကို   သူတို့လက်ထဲ   လွှဲခဲ့ကြရမှာပါ။    အဲဒီ အချိန်မှာ    ပညာတတ်တွေလက်ထဲ       နိုင်ငံကို ထည့်ထားခဲ့ဖို့ လိုပါတယ်။ ဒါကြောင့် အခုချိန်မှာ သူတို့ တစ်တွေကို ရှေ့မျိုးဆက်တွေက လမ်းကြောင်း မှန်ပေါ်ရောက်အောင်   ခေါ်ကြမှာလား၊    လမ်းမှား တွေဆီ  ပို့ကြမှာလား  ကိုယ့်ကိုယ်ကိုယ်  ပြန်မေး ကြပါလို့ တိုက်တွန်းပါရစေ။

 


ဖျက်ဆီးတဲ့ လုပ်ရပ်သက်သက်ပဲဖြစ်


နောက်ပြီး ကျောင်းမတက်ကြနဲ့ ကျောင်းမအပ် ကြနဲ့လို့ အခုပြောနေတဲ့သူတွေရော၊ အဲဒီသတင်း ဖြန့်နေတဲ့ မီဒီယာတွေကရော ကျောင်းသားလူငယ် တွေ အနာဂတ်ပညာရေးအတွက် ဘာတွေ လုပ်ပေး ထားကြလို့လဲ၊ ပညာရေးအတွက် ဘာတွေလက်တွေ့ ကျကျ လုပ်ပေးနေပြီလဲဆိုတာ မေးချင်ပါတယ်။ လေထဲမှာ   အိမ်ဆောက်သလို    လူကြားကောင်း တရားနာနေရုံနဲ့တော့ ဘာမှလက်တွေ့ ဖြစ်မလာ နိုင်ပါဘူး။ နိုင်ငံရေးဝါဒဖြန့်ဖို့သက်သက်နဲ့ အပြောနဲ့ သက်သေမပြကြပါနဲ့၊   အလုပ်နဲ့   လုပ်တွေ့ပြတာ မြင်ချင်ပါတယ်။ အပြောသက်သက်တွေကတော့ နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ ပညာရေးနဲ့ ကျောင်းသား လူငယ်တွေကို ဖျက်ဆီးတဲ့ လုပ်ရပ်သက်သက်ပဲ ဖြစ်ပါတယ်။  

 


နောက်ပြီး ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ကြ တယ်ဆိုရင်လည်း ဒီမိုကရေစီသဘောကို နားလည် စေချင်ပါတယ်။  ကိုယ့်ဘာသာ  ကျောင်းမတက် ခြင်းဟာ   တစ်ဦးတည်းရဲ့   လွတ်လပ်တဲ့ဆန္ဒနဲ့ ဆုံးဖြတ်ချက်ဖြစ်တဲ့အတွက်  အငြင်းပွားစရာ   မရှိ ပေမယ့် သူတစ်ပါးတွေကို ကျောင်းမတက်နဲ့၊ ကျောင်း မအပ်နဲ့ဆိုတာကတော့ သူတစ်ပါးအပေါ် ထိခိုက်စေ တာမို့ ဒီမိုကရေစီကို ဆန့်ကျင်ခြင်းပဲဖြစ်ပါတယ်။   မတူကွဲပြားမှုကို နားလည်လက်ခံနိုင်တာ၊ လွတ်လပ် စွာ သဘောကွဲလွဲခွင့်ရှိတာဟာ ဒီမိုကရေစီအနှစ် သာရတစ်ခု      ဖြစ်ပါတယ်။     ကျောင်းမတက်ဖို့ ပြောနေတဲ့သူတွေနဲ့    လွတ်လပ်စွာ   သဘောထား    ကွဲလွဲချင်ပါတယ်။   ပညာရေးဟာ     နိုင်ငံအတွက် ဘုံအကျိုးစီးပွား  အတွက်ဖြစ်လို့ အခုလိုသဘောထား ကွဲလွဲနေခြင်း ဖြစ်ပါတယ်။

 


ဒီမိုကရေစီနဲ့ လူထုကိုဖြားယောင်း


ကျောင်းမတက်နဲ့လို့      ပြောနေတဲ့သူတွေ ကျောင်းမတက်ကြပါနဲ့၊    ပညာ  မသင်ကြပါနဲ့၊ မလေ့လာကြပါနဲ့။    မတားပါဘူး။    လွတ်လပ်စွာ လုပ်နိုင်ပါတယ်။   ဒါပေမယ့်   အခြားကျောင်းသား လူငယ်တွေကိုတော့   ကိုယ်တိုင်လည်း   မဖျက်ဆီး ကြနဲ့၊ ဖျက်ဆီးနေတဲ့သူတွေကိုလည်း အားမပေးကြ ပါနဲ့။  ဒါဟာ  လူတစ်ယောက်ရဲ့ အခြေခံရပိုင်ခွင့် ဖြစ်တဲ့ လွတ်လပ်စွာ ပညာသင်ကြားခွင့် ဖြစ်လို့ပါပဲ။ ဒါဟာ ဒီမိုကရေစီရဲ့ အနှစ်သာရအရ ဖြစ်ပါတယ်။  အဲဒီလို ဒီမိုကရေစီအလေ့အကျင့်နဲ့ အနှစ်သာရကို တောင်   ဖင်နဲ့ခေါင်း   မခွဲတတ်တဲ့သူတွေက   ဒီမို ကရေစီလိုလားတယ်လို့    ပြောနေခြင်းဟာ    ဒီမို ကရေစီနဲ့ လူထုကို ဖြားယောင်းခြင်း၊ မျှော်လင့်ချက် အမှားပေးခြင်းနဲ့ အသုံးချခြင်းသက်သက်တွေပါပဲ။ 
ဒီနေ့တိုးတက်တဲ့   အင်အားကြီး    နိုင်ငံတွေ နိုင်ငံကို ဘာနဲ့တည်ဆောက်ကြသလဲ။ ပညာခေတ်  ဆိုတဲ့ ကာလကြီးမှာ  ပညာမသင်ကြနဲ့၊ ကျောင်း မသွားကြနဲ့၊ ကျောင်းမတက်ကြနဲ့ဆိုတဲ့ အတွေးတွေ၊  အပြောတွေ၊ လုပ်ရပ်တွေအတွက် ပြောစရာစကား ရှာမရပါဘူး။  

 


ဖွံ့ဖြိုးပြီးနိုင်ငံတွေ၊   ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ တောင်   ပညာနဲ့   နိုင်ငံတော်ကို  တည်ဆောက်နေ ချိန်မှာ အခုကျောင်းမတက်ကြနဲ့၊  ကျောင်းမအပ် ကြနဲ့လို့   ပြောနေသူတွေ၊  ဖြန့်ဝေနေတဲ့ မီဒီယာ တွေက ဘာနဲ့မြန်မာနိုင်ငံတော်ကြီးကို တည်ဆောက် ချင်ကြသလဲ  မစဉ်းစားတတ်ပါဘူး။ လူသားရင်းမြစ် တွေ၊ ကျွမ်းကျင်အသိ ပညာရှင်တွေ၊ အတတ်ပညာ ရှင်တွေ မြန်မာနိုင်ငံမှာ ပြည့်စုံလုံလောက်နေပြီလား  စဉ်းစားစရာပါပဲ။
နောက်တစ်ခုက  ကျောင်းသားလူငယ်လူရွယ် တွေရဲ့ အနာဂတ်ခရီးကို ထည့်သွင်းစဉ်းစားကြဖို့ပါ။ အခုကျောင်းတက်နေတဲ့ ကျောင်းသားလူငယ်လူရွယ် တွေ  ကျောင်းမတက်ကြရရင်၊  ကျောင်းမအပ်ရင် ဘာလုပ်ကြရမှာလဲဆိုတဲ့ မေးခွန်းကို ဖြေပေးစေချင် ပါတယ်။  ကျောင်းသားမိဘ တစ်ယောက်အနေနဲ့ ဖြစ်စေ၊ ကျောင်းသားလူငယ်တစ်ယောက်အနေနဲ့ ဖြစ်စေ  ကိုယ်ချင်းစာတရားနဲ့ ဝင်ရောက်စဉ်းစား ပေးဖို့     လိုပါလိမ့်မယ်။  

 

 ကျောင်းသားလူငယ် တွေဆိုတာ       နိုင်ငံရေးရဲ့     ရုပ်သေးရုပ်တွေ မဟုတ်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းတို့ ကြီးပြင်း ကျင်လည်ခဲ့တဲ့ ခေတ်တောင်မှ ကျောင်းမတက်ဘဲ နေခဲ့ကြသလား။  ပညာဆိုတာ  အသုံးချတတ်ရင်  ဘယ်နေရာမဆို အသုံးဝင်ပါတယ်။  ကိုယ်တိုင်က  ပညာတတ်ဖို့ပဲ လိုပါတယ်။ပညာမတတ်ရင်သာ အကောင်းအဆိုး၊ စဉ်းစားတွေးခေါ်မှုနဲ့ အကျိုးဆက် ကို  နားမလည်နိုင်ဘဲ သူတစ်ပါးကြိုးဆွဲရာ ကနေ ကြရတာပါ။ 
ဒီတော့ ကျောင်းသားလူငယ်တွေ ပညာရှာကြ၊  ပညာသင်ကြ၊   ကျောင်းတွေ    တက်ကြတာဟာ နိုင်ငံရေးအတွက်    မဟုတ်ပါဘူး။    လူငယ်တွေ အနာဂတ်ဘဝ၊ နိုင်ငံရဲ့ အနာဂတ်ဘဝတွေအတွက်ပဲ ဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့အကျိုး စီးပွားအတွက်   မဟုတ်ပါဘူး။   မျက်တောင်မွေး တစ်ဆုံး   မြင်တတ်ဖို့ထက်   မျက်စိတစ်ဆုံးမြင် တတ်ကြဖို့ အကြံပြုပါရစေ။ ဒါကို ကိုယ်ကျိုးသမား တွေ၊   နိုင်ငံရေး    အသုံးချလိုသူတွေနဲ့    သူတစ်ပါး ကြိုးဆွဲရာကနေသူတွေရဲ့     အတ္တဆန္ဒနောက် ဝေလေလေမဖြစ်ကြဖို့   တိုက်တွန်း   လိုပါတယ်။ သူ့အကျိုး၊ ကိုယ့်အကျိုး၊ အများအကျိုးအကြား  မှန်ကန်တဲ့ ရွေးချယ်မှု၊ ဆုံးဖြတ်မှု၊ လုပ်ဆောင်မှုဖြစ်ဖို့ လိုအပ်ပါကြောင်း တိုက်တွန်းပါရစေ။