
နေပြည်တော် နိုဝင်ဘာ ၈
နိုင်ငံတော်မှ အကြမ်းဖက်အဖွဲ့အစည်း များအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် PDF အဖွဲ့များ၏ အကြမ်းဖက် လုပ်ရပ်များအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၃ ရက်တွင် အေးချမ်းစွာနေထိုင်လိုသော တာဝန်သိပြည်သူများ၏ သတင်းပေးချက် အရ လုံခြုံရေးပူးပေါင်းအဖွဲ့သည် အင်းစိန် မြို့နယ် အောင်ဆန်းရပ်ကွက် သီဟိုဠ် ကျောင်းလမ်း အမှတ် (၅၆၁) နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့ရာ အောင်ကောင်းစံ(ခ) ကောင်းကောင်း(၁၇)နှစ်၊ ရှိုင်းအောင်(ခ)ဝိုင်းချစ်(၂၂)နှစ်နှင့် နေမင်းထက်(၁၈)နှစ်တို့ သုံးဦးကို လက်လုပ်ဗုံး နှစ်လုံး၊ ဗြောက်အိုး ၂၂ ဘူး၊ ဓာတ်ငွေ့ကာမျက်နှာဖုံး သုံးခု၊ ဓာတ်ငွေ့ကာမျက်မှန် သုံးခုနှင့် အခြား ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ ခဲ့သည်။
တရားခံ နေမင်းထက်၏ ထွက်ဆို ချက်အရ အောက်တိုဘာ ၂၃ ရက်တွင် အင်းစိန်မြို့နယ်အတွင်း ဖောက်ခွဲဖျက်ဆီး ရေး ဆောင်ရွက်နေသော သူရိန်(ခ) နိုင်လင်းခန့် (၁၈)နှစ်၊ ဘုန်းမြတ်လှိုင်(၁၈)နှစ်၊ ဆန်းရတနာကျော်(၁၇)နှစ်၊ ခိုင်မာစိုး (၁၈)နှစ်နှင့် စောဝင်းကိုကိုထွန်း(၃၁)နှစ် တို့ ငါးဦးကို TOYOTA Vitz အမျိုးအစား မော်တော်ယာဉ်တစ်စီးနှင့်အတူ အင်းစိန် မြို့နယ် ရွာမအရှေ့ရပ်ကွက် မင်းကြီးလမ်း ကွယ်ကဘောဆေးရုံအနီးတွင် ထပ်မံ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိ
တရားခံ သူရိန်(ခ)နိုင်လင်းခန့်၏ ထွက်ဆိုချက်အရ အောက်တိုဘာ ၂၃ ရက် တွင် အင်းစိန်မြို့နယ် မြို့သစ်(က+ခ)ရပ်ကွက် (က-၆)လမ်း အမှတ်(၁၂၃) နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ
တရားခံ ကျော်ကျော်အောင် (၃၁)နှစ်မှာ တိမ်းရှောင်လျက်ရှိပြီး ဇွဲကိုကို(၂၂)နှစ်နှင့် သန့်ဇင်မျိုး(၃၈)နှစ်တို့ကို လက်လုပ်မိုင်း ၁၀ လုံး၊ ဂျင်ကလိ အချောင်း ၅၀၊ ဝိုင်ယာ မျိုးစုံ သုံးခွေ၊ စက်ဘီးကုန်းသီး ၂၂ လုံး၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံ ဖမ်းဆီးရမိခဲ့သည်။
တရားခံ သူရိန်(ခ)နိုင်လင်းခန့်၏ ထွက်ဆိုချက်အရ အောက်တိုဘာ ၂၄ ရက် တွင် မရမ်းကုန်းမြို့နယ် သမိုင်းရပ်ကွက် အမှတ်(၆၆၃) နေအိမ်သို့ ဝင်ရောက်ရှာဖွေ ခဲ့ရာ အောင်ချမ်းမြေ့(၁၈)နှစ်အား Glock ပစ္စတို တစ်လက်၊ ကျည်အိမ် တစ်ခု၊ ကျည် အတောင့် ၂၀ နှင့် လည်းကောင်း၊ သူရိန်(ခ) နိုင်လင်းခန့် နေထိုင်ခဲ့သည့် သင်္ဃန်းကျွန်း မြို့နယ်(ဆ/က)ရပ်ကွက် လေးထောင့်ကန် လမ်း တိုက်အမှတ်(၈) (၆)လွှာတိုက်ခန်း အား ဝင်ရောက်ရှာဖွေခဲ့ရာ လက်လုပ်ဗုံး မျိုးစုံ ၁၃ လုံးကို လည်းကောင်း၊ လှိုင်မြို့ နယ် သီရိမြိုင်ရပ်ကွက် (၉)လမ်း၌ မိုးကျော်သူ(ခ)ကွမ်းသီး (၃၂)နှစ်ကို လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
တရားခံ သူရိန်(ခ)နိုင်လင်းခန့်၏ ထွက်ဆိုချက်အရ အောက်တိုဘာ ၂၉ ရက်တွင် ရွှေပြည်သာမြို့နယ် အမှတ်(၅)ရပ်ကွက်ရှိ“အောင်မြတ်စံ” လက်ဖက် ရည်ဆိုင်၌ တရားခံ အာကာဖြိုး(၂၀)နှစ်၊ စိုင်းဖြိုးမင်းဝင်း(ခ) ကိုစိုင်း (၂၈)နှစ်တို့ ကို ဖမ်းဆီးရမိခဲ့ပြီး အင်းစိန်မြို့နယ် ရွာမ(အနောက်)ရပ်ကွက် မုဒိတာအိမ်ရာ (၂) အမှတ်(၄၈၆) နေအိမ်၌ နွေးနွေးလှိုင် (ခ) ခင်သစ္စာ (၃၅)နှစ်ကို ထပ်မံဖမ်းဆီး ရမိခဲ့သည်။
ထပ်မံဖမ်းဆီးရမိ
တရားခံများ၏ ထွက်ဆိုချက်အရ အောက်တိုဘာ ၂၉ ရက်တွင် ရွှေပြည်သာ မြို့နယ် (၅)ရပ်ကွက် စိန်ခြယ်လမ်း အမှတ်(၂၄၈/က) နေအိမ်အား သွားရောက် ရှာဖွေစဉ် နေအိမ်အတွင်းမှ ခုခံပစ်ခတ် သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက စနစ်တကျ ပြန်လည်ပစ်ခတ်ဖမ်းဆီးရာ အဆိုပါ နေအိမ်မှ ကျော်စည်သူ (၃၉)နှစ်နှင့် သီဟ အောင်(၃၆)နှစ်တို့ကို ချိန်ကိုက်ဗုံး သုံးလုံး၊ လက်လုပ်မိုင်း ငါးလုံးတို့နှင့်အတူ ဖမ်းဆီး ရမိခဲ့ပြီး လှိုင်မြို့နယ် (၁)ရပ်ကွက် ဦးအေး(၃)လမ်း အမှတ်(၉၃) နေအိမ်မှ အကြမ်းဖက်သင်တန်းတက်ရောက်ခဲ့သူ ဆုသစ္စာ (၁၉)နှစ်ကို ထပ်မံဖမ်းဆီးရမိခဲ့ သည်။
တရားခံများ၏ ထွက်ဆိုချက်အရ နိုဝင်ဘာ ၁ ရက်တွင် လှိုင်မြို့နယ် (၁၂)ရပ်ကွက်၌ ခင်မောင်ချို (ခ)ချာတိတ် (၆၂)နှစ်ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထွက်ဆို ချက်အရ လှိုင်မြို့နယ် (၁၂)ရပ်ကွက် ပါရမီ လမ်း၌ ဇေယျာလင်း(၃၄)နှစ်ကို ထပ်မံ ဖမ်းဆီးရမိခဲ့သည်။
တရားခံ ခင်မောင်ချို(ခ)ချာတိတ်၏ ထွက်ဆိုချက်အရ နိုဝင်ဘာ ၂ ရက်တွင် လှည်းကူးမြို့နယ် ဒကူတုန်းကျေးရွာနေ ဖမ်းဆီးရန်ကျန် တရားခံ ကိုအောင်(ခ) အောင်အောင်၏ နေအိမ်အား ဝင်ရောက် ရှာဖွေရာ ကျော်ကျော်လွင်(၂၉)နှစ်နှင့် အေးအေးမွန်(၃၃)နှစ်တို့ နှစ်ဦးကို ယမ်းမှုန့် တစ်ထုပ်၊ လက်လုပ်ဒုံးသီး ခုနစ် လုံး၊ လက်လုပ်ဗုံး တစ်လုံး၊ လက်လုပ် ချိန်ကိုက်မိုင်း နှစ်လုံး၊ ဂြိုဟ်တုဖုန်း သုံးလုံး၊ Laptop သုံးလုံး၊ CD အချပ် ၅၀ ပါ တစ်ထုပ်၊ ဂျင်ကလိ နှစ်ချောင်း၊ M-22 ကျည် ၆၅ တောင့်၊ ပြုလုပ်ဆဲ လက်လုပ်ဗုံး အလုံး ၄၀ တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ထပ်မံဖမ်းဆီးရမိ
တရားခံ အေးအေးမွန်၏ ထွက်ဆို ချက်အရ နိုဝင်ဘာ ၂ ရက်တွင် ဒကူတုန်း ကျေးရွာ အနောက်ဘက် တောင်ယာတဲ အတွင်းမှ စိုးကြူမျိုး(ခ)အာနိုး (၂၁)နှစ် ကို M-16 သေနတ် တစ်လက်၊ ၎င်းကျည် အိမ် တစ်ခု၊ M-22 သေနတ် တစ်လက်၊ ၎င်းကျည်အိမ် တစ်ခု၊ ၁၂ ဗို့သေနတ် တစ်လက်၊ တူမီးသေနတ် တစ်လက်၊ ၅.၅၆ ကျည် အတောင့် ၅၀၊ ၁၂ ဗို့ကျည် အတောင့် ၂၀ တို့နှင့်အတူ ထပ်မံဖမ်းဆီး ရမိခဲ့သည်။
တရားခံ စိုးကြူမျိုး(ခ)အာနိုး၏ ထွက်ဆိုချက်အရ နိုဝင်ဘာ ၂ ရက်တွင် ဒကူတုန်းကျေးရွာ အနောက်ဘက် တောင်ယာတဲအနီးမှ ဇော်ဇော်ထက်(၂၃)နှစ်နှင့် သက်ပိုင်ဦး(၂၉)နှစ်တို့ နှစ်ဦးကို Sigsauer ပစ္စတို တစ်လက်၊ ကျည်အိမ် တစ်ခု၊ ၎င်းကျည် အတောင့် ၂၀ နှင့် လည်းကောင်း၊ မျိုးမင်းနိုင်(၃၉)နှစ်နှင့် ခင်မောင်ဦး(၆၆)နှစ်တို့ နှစ်ဦးကို လက်လုပ်သေနတ် တစ်လက်နှင့် လည်း ကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။
တရားခံ မျိုးမင်းနိုင်၏ ထွက်ဆိုချက် အရ နိုဝင်ဘာ ၄ ရက်တွင် တွံတေးမြို့ နယ်၊ ကျွဲလမ်းကျေးရွာရှိ ဖမ်းဆီးရန်ကျန် တရားခံ ကျော်ကျော်လင်း(ခ) တရုတ်လေး ၏ ငါးကန်မှ လက်လုပ်သေနတ် တစ်လက်၊ လက်လုပ်စိန်ပြောင်း ငါးလက်၊ လက်လုပ် စိန်ပြောင်းဗုံးသီး ၁၆၈ လုံး၊ လက်လုပ်ဗုံး အလုံး ၅၀၊ လက်လှည့် ယမ်းကြိတ်ကိရိယာ တစ်ခု၊ ဂျင်ကလိ ၁၅ ချောင်းတို့ကို လည်းကောင်း၊ နိုဝင်ဘာ ၇ ရက်တွင် ငါးကန်အား ထပ်မံရှာဖွေရာ လက်လုပ် စိန်ပြောင်း တစ်လက်ကိုလည်း သိမ်းဆည်း ရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများမှ အကြမ်း ဖက်ဖောက်ခွဲရေးသင်တန်း တက်ရောက် ခဲ့မှုအနေဖြင့် တရားခံဆုသစ္စာသည် KNLA တပ်မဟာ(၆)နယ်မြေတွင် လည်းကောင်း၊ တရားခံ စိုးကြူမျိုး(ခ)အာနိုးသည် ဖမ်းဆီး ရန်ကျန် တရားခံ ဖြိုးမာန်ဦး (ငါးဆူတောင် ရွာနေသူ)၏ ချိတ်ဆက်ပေးမှုဖြင့် KNLA တပ်မဟာ(၇)နယ်မြေတွင် လည်းကောင်း အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းများ တက်ရောက်ခဲ့ကြောင်း၊ တရားခံ ဇော်ဇော် ထက်နှင့် သက်ပိုင်ဦးတို့သည် ဖမ်းဆီး ရန်ကျန် တရားခံ ကျော်ကျော်လင်း(ခ)တရုတ်လေး နေထိုင်သော တွံတေးမြို့ နယ်၊ ကျွဲလမ်းရွာ၊ ငါးကန်၌ ဖောက်ခွဲရေး သင်တန်း တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
အင်အား၂၀ ဖြင့် စတင်ဖွဲ့စည်းပေးခဲ့
တရားခံ ခင်မောင်ချို(ခ) ချာတိတ်၏ ထွက်ဆိုချက်အရ ကျော်မင်းယု(ခ)ဂျင်မီ ဦးဆောင်သော Moon Light Operation အကြမ်းဖက်အဖွဲ့မှ ဖမ်းဆီးရန်ကျန် တရားခံ စောသက်ထွန်း (ခ)တည်ကြည် နှင့် တင်မောင်လွင်တို့က Star Light Operation အဖွဲ့အား အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဩဂုတ် ၈ ရက်တွင် အင်အား၂၀ ဖြင့် စတင်ဖွဲ့စည်းပေးခဲ့ကြောင်း၊ Star Light Operation အဖွဲ့ကို အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လက်နက်/ ခဲယမ်းများအား အောက်တိုဘာ ၇ ရက် တွင် Moon Light Operation အကြမ်း ဖက်အဖွဲ့မှ ဖမ်းဆီးရန်ကျန် တရားခံ စောသက်ထွန်း (ခ) တည်ကြည်သည် အကြမ်းဖက် အဖွဲ့အစည်းဖြစ်သော NUG မှ တရားခံပြေး လွင်ကိုလတ်နှင့် ဆက်သွယ်၍
Star Light Operation အဖွဲ့ခေါင်းဆောင် ခင်မောင်ချို(ခ)ချာတိတ်ထံသို့ M-16 လေးလက်၊ AK-47 နှစ်လက်၊ MK-12 နှစ်လက်၊ 12-V Short Gun နှစ်လက်၊ ၉ မမ ကျည် ၁၈၀၊ AK-47 ကျည် ၃၆၀၊ M-16 ကျည် ၃၅၀ တို့ကို တွံတေးမြို့နယ် ကျွဲလမ်းရွာရှိ ငါးကန်တွင် ပေးအပ်ခဲ့ ကြောင်း ဖော်ထုတ်သိရှိရသည်။
တရားခံ ခင်မောင်ချို(ခ)ချာတိတ်၊ သက်ပိုင်ဦး၊ မျိုးမင်းနိုင်၊ ဇော်ဇော်ထက်၊ ဇေယျာလင်းနှင့် ခင်မောင်ဦးတို့သည် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တွံတေးမြို့နယ် ကျွဲလမ်းရွာရှိ ဖမ်းဆီးရန်ကျန် တရားခံ ကျော်ကျော်လင်း (ခ) တရုတ်လေး၏ ငါးကန်တွင် လက်လုပ်ဗုံးများ၊ လက်လုပ် သေနတ်များ ပြုလုပ်ခဲ့ကြောင်း၊ Star Light Operation အဖွဲ့တွင် လက်လုပ်ဗုံး များပြုလုပ်ရန် လိုအပ်သော ငွေကြေးအား တွံတေးမြို့နယ်၊ NLD ပါတီ ဘဏ္ဍာရေးမှူး ဟောင်း ဖမ်းဆီးရန်ကျန် တရားခံ ကိုကိုလတ်နှင့် ကျော်ကျော်လင်း(ခ)တရုတ်လေးတို့မှ ထောက်ပံ့ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
တရားခံ ခင်မောင်ချို(ခ)ချာတိတ်မှ Moon Light Operation လုပ်ဆောင်ရန် အတွက် လုံခြုံရေးတပ်ဖွဲ့များ ဖြန့်ခွဲထားရှိ မှုနှင့်ပတ်သက်၍ စုံစမ်းရန်၊ ဖမ်းဆီးရန် ကျန်တရားခံ အောင်ပိုင်ထက်(ခ) မိထက် အား တွံတေးနှင့် လှည်းကူးမြို့နယ်ကို လည်းကောင်း၊ ဖမ်းဆီးရန်ကျန် တရားခံ ပြည့်စိုးနိုင် (ခ) သံချောင်း (ခ) ပီနိုအား ရန်ကင်း၊ ဒလနှင့် မင်္ဂလာဒုံမြို့နယ်တို့ကို လည်းကောင်း၊ ဖမ်းဆီးရန်ကျန် တရားခံ အောင်အောင်(ခ)ကိုအောင်အား မရမ်းကုန်း မြို့နယ်ကို လည်းကောင်း တာဝန်ပေးအပ် ထားကြောင်း ဖော်ထုတ်သိရှိရသည်။
Moon Light Operation အကြမ်းဖက် အဖွဲ့မှ ကျော်မင်းယု(ခ)ဂျင်မီအနေဖြင့် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက် နိုင်ရေး Star Light Operation အဖွဲ့အား တွံတေးမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၊ တွံတေးမြို့မရဲစခန်း ဘုရားငုတ်တို ကျေးရွာ ရဲကင်းနှင့် ရပ်ကွက်စီမံအုပ်ချုပ် ရေးအဖွဲ့မှူး တစ်ဦးကို လည်းကောင်း၊ လှည်းကူးမြို့နယ်ရှိ ထွေ/အုပ်ရုံး၊ မြေစာရင်း ရုံး၊ EPC ရုံး၊ သမဝါယမရုံး၊ မြို့မရဲစခန်းနှင့် ၃-လမ်းဆုံ လုံခြုံရေးစခန်းတို့ကို လည်းကောင်း၊ ဒလမြို့နယ်ရှိ မှော်စက် ရစဖရုံး၊ မြို့ဝင်ဆိပ်ကြီးနှင့် လုံခြုံရေးစခန်း တို့ကို လည်းကောင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ ထွေ/အုပ်ရုံး၊ စည်ပင်ရုံးနှင့် ကညနရုံးတို့ ကို လည်းကောင်း၊ မရမ်းကုန်းမြို့နယ်ရှိ မြို့နယ်ရဲစခန်း၊ ရပ်ကွက်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံး၊ EPC ရုံးနှင့် လမ်းဆုံမီးပွိုင့်တို့ကို လည်းကောင်း လက်လုပ်ဗုံးဖြင့် တိုက်ခိုက် ရန် ညွှန်ကြားစေခိုင်းထားကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံများမှ လှိုင်မြို့နယ် နှင့် တွံတေးမြို့နယ်အတွင်း အကြမ်းဖက် လုပ်ငန်းဆောင်ရွက်ခဲ့မှုအနေဖြင့်-
တရားခံ မျိုးမင်းနိုင်သည် ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် လှိုင်မြို့နယ် သီရိ မင်္ဂလာဈေး ကွမ်းဒိုင်ပိုင်ရှင် အပြစ်မဲ့ ပြည်သူ ဦးအုန်းထွန်းကို လည်းကောင်း၊ ဇူလိုင် ၁၈ ရက်တွင် တွံတေးမြို့ ကွမ်းခြံကုန်းရပ်ကွက် ထန်းညီနောင် ဆန်စက်လမ်းနေ အပြစ်မဲ့ပြည်သူ ဦးစိန်လွင်ကို လည်းကောင်း ဓားဖြင့် လုပ်ကြံသတ်ဖြတ်ရာတွင် ပါဝင် ကျူးလွန်ခဲ့ကြောင်း။
တရားခံ မိုးကျော်သူ(ခ)ကွမ်းသီးသည် အောက်တိုဘာ ၁၃ ရက်တွင် လှိုင် မြို့နယ် အုတ်ကျင်းဘူတာရုံလမ်းရှိ တပ်မတော်ဒန်သတ္တုစက်ရုံ၏ အုတ် တံတိုင်းအနီးတွင် လက်လုပ်ချိန်ကိုက် မိုင်းတစ်လုံးကို ဖောက်ခွဲခဲ့ကြောင်းနှင့် အောက်တိုဘာ ၂၀ ရက်တွင် လှိုင် မြို့နယ် သီရိမြိုင်ဘူတာအနီးရှိ အပြစ်မဲ့ ပြည်သူ ဦးသိန်းဦးကို သွားရောက် လုပ်ကြံရာတွင် တရားခံ မိုးကျော်သူ(ခ) ကွမ်းသီး၊ ဆုသစ္စာတို့မှာ ကင်းထောက် ပေး၍ ဖမ်းဆီးရန် ကျန်တရားခံ ဇော်ဇော်က ပစ္စတိုသေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း ဖော်ထုတ်သိရှိ ရသည်။
ဖြစ်စဉ်တွင် တရားခံ ကျား ၂၂ ဦး၊ မ ငါးဦး၊ ပေါင်း ၂၇ ဦး၊ လက်နက်ငယ်မျိုးစုံ ငါးလက်၊ တူမီးသေနတ် တစ်လက်၊ လက်လုပ်သေနတ် နှစ်လက်၊ ကျည်အိမ် မျိုးစုံ လေးခု၊ ကျည်မျိုးစုံ ၁၇၅ တောင့်၊ ယမ်းမှုန့် တစ်ထုပ်၊ လက်လုပ်စိန်ပြောင်း ခြောက်လက်၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၁၇၅ လုံး၊ လက်လုပ်ဗုံးမျိုးစုံ ၁၂၆ လုံး၊ ဂျင်ကလိ ၆၇ ချောင်း၊ ဂြိုဟ်တုဖုန်း သုံးလုံး၊ ဓာတ်ငွေ့ကာမျက်နှာဖုံး သုံးခု၊ ဓာတ်ငွေ့ကာ မျက်မှန် သုံးခု၊ Laptop သုံးလုံး၊ ယမ်းကြိတ် ကိရိယာတစ်ခုနှင့်အတူ အခြားဆက်စပ် ပစ္စည်းများကို ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက်နေသူများအားပြည်သူတစ်ရပ်လုံးကဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံ များအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွား လာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူ နှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးမည်ဖြစ် ကြောင်းနှင့် မြို့ရွာများအမြန်ဆုံး အေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင် ပါရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။
သတင်းစဉ်