ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပညာရေးဝန်ကြီးဌာန
ဆရာအတတ်ပညာဦးစီးဌာန
လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း၊
Pre-service Primary Teacher Training PPTT (7/2020) သင်တန်းဖွင့်လှစ်မည်ဖြစ်ကြောင်း
အသိပေးကြေညာခြင်း
ပညာရေးဝန်ကြီးဌာနရှိ ပညာရေးဒီဂရီကောလိပ်များ၌ လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း Pre-service Primary Teacher Training PPTT(7/2020) တက်ရောက်ရမည့်သူများ စာရင်းကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လတွင် ထုတ်ပြန်ကြေညာခဲ့ပြီး သက်ဆိုင်ရာ ပညာရေးဒီဂရီကောလိပ်များ၌ သင်တန်းတက်ရောက်ရန် စီစဉ်ခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေအရ ခေတ္တဆိုင်းငံ့ထားခဲ့ ရပါသည်။ အဆိုပါ ရွေးချယ်ထားသော PPTT (7/2020) သင်တန်းသားများသည် သက်ဆိုင်ရာ ပညာရေးဒီဂရီကောလိပ်များတွင် ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့မှစ၍ တက်ရောက်ကြရမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
ဆရာအတတ်ပညာဦးစီးဌာန