တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Sinovac အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ရေ နှစ်သန်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ထပ်မံရောက်ရှိ

 

နေပြည်တော်  နိုဝင်ဘာ  ၁၂


တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထပ်မံ လှူဒါန်းသည့် Sinovac   အမှတ် တံဆိပ် ကာကွယ်ဆေး အကြိမ်ရေ တစ်သန်းနှင့်     တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ထပ်မံဝယ်ယူထား သည့် Sinovac  အမှတ်တံဆိပ် ကာကွယ်ဆေးတစ်သန်း  ယနေ့ ညနေ၄ နာရီက ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ လာခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ကုသရေး/ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဦးဆောင်သည့်အဖွဲ့က လက်ခံရယူခဲ့သည်။

 


တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေးများ လွှဲပြောင်းလက်ခံခြင်း အခမ်းအနား ကို   ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်  ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr. CHEN HAI နှင့် တာဝန် ရှိသူများ တက်ရောက်သည်။ 

 


အဆိုပါ  အခမ်းအနားတွင်    ပြည်ထောင်စုဝန်ကြီးက  ယခုကဲ့သို့ လှူဒါန်းခြင်းများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ နယ်စပ်ကုန်သွယ် ရေးများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ရှမ်းပြည်နယ်နှင့် ကချင် ပြည်နယ်အပါအဝင် နယ်စပ်ဒေသတစ်လျှောက် ကိုဗစ်-၁၉  ကာကွယ် ဆေးများထိုးနှံခြင်း၊ အသွားအလာစောင့်ကြည့်ခြင်းနှင့် ကျန်းမာရေး ဝန်ထမ်းများ တိုးမြှင့်စေလွှတ်ခြင်းဖြင့် အချိန်နှင့်တစ်ပြေးညီ ကုသမှုများ ရရှိနိုင်ရေး အစရှိသည့် ပူးပေါင်းဆောင်ရွက်မှုကိစ္စများ၊  တရုတ်နိုင်ငံ အစိုးရက မြန်မာနိုင်ငံအား ကူညီပံ့ပိုးလျက်ရှိသည့် မြန်မာနိုင်ငံ ရောဂါ ထိန်းချုပ်ရေးဗဟိုဌာန(Myanmar Center of Disease Control) နှင့် ကျန်းမာရေးဝန်ထမ်းများအတွက်   လေ့ကျင့်ရေးသင်တန်းကျောင်း တည်ဆောက်ရေးစီမံကိန်းများ     အကောင်အထည်ဖော်ဆောင်ရေး အစရှိသည့် ကိစ္စရပ်များအား အပြန်အလှန် ဆွေးနွေးသည်။

 


ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍    ထိုးနှံပေးလျက်ရှိရာ   ယခုထပ်မံရောက်ရှိလာသည့် ကာကွယ်ဆေးများကို အသက် ၁၂ နှစ်အထက် ကျောင်းသား ကျောင်း သူများနှင့် အခြားသတ်မှတ်လူအုပ်စုများကို ထိုးနှံပေးသွားမည်ဖြစ် သည်။ အဆိုပါ ကာကွယ်ဆေးများကို တိုင်းဒေသကြီး/ပြည်နယ်များသို့ လိုအပ်ချက်အရ မြေပြင်ခရီးလမ်းကြောင်းမှလည်းကောင်း၊ တပ်မတော် (လေ)နှင့် မြန်မာ့လေကြောင်းတို့၏ အကူအညီဖြင့် လေကြောင်းခရီးမှ လည်းကောင်း အအေးလမ်းကြောင်းမပျက် ဆက်လက်ဖြန့်ဝေသွားမည် ဖြစ်သည်။ 

 


ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ နိုဝင်ဘာ ၁၁ ရက်အထိ လူဦးရေ စုစုပေါင်း ၁၄ ဒသမ ၄ သန်းအား ထိုးနှံပေးပြီးဖြစ်၍  ကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ ၉ ဒသမ ၃ သန်းနှင့်  ပထမအကြိမ်ထိုးနှံ ပြီးစီးသူ ၅ ဒသမ ၁ သန်း ရှိပြီဖြစ်သည်။   မြန်မာနိုင်ငံတွင်  နိုဝင်ဘာ ၁၁ ရက်အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ရေ စုစုပေါင်း ၂၃ ဒသမ ၇ သန်း ထိုးနှံပြီးဖြစ်သည်။

 


မိဘပြည်သူများအနေဖြင့် မိမိအတွက် ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မပျက်မကွက် အကြိမ်ပြည့်ထိုးနှံမှုခံယူခြင်း၊ ပထမအကြိမ်ကာကွယ်ဆေး   ထိုးနှံမှုရရှိထားသူများအနေဖြင့်လည်း ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုကို သတ်မှတ်ရက်တွင်(သို့မဟုတ်) အနီးဆုံး သတ်မှတ်ကာလအတွင်းတွင် နီးစပ်ရာကာကွယ်ဆေးထိုး စုရပ်များသို့ သွားရောက်၍  ထိုးနှံမှုခံယူခြင်းနှင့်  ကာကွယ်ဆေးထိုး လုပ်ငန်းများတွင်   တက်ကြွစွာ  ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် ကျန်းမာရေးဝန်ကြီးဌာနမှ   တိုက်တွန်းနှိုးဆော်ထားကြောင်း  သိရှိရ သည်။                                                                        

သတင်းစဉ်