NUG အကြမ်းဖက်အဖွဲ့အစည်းက အသက်မပြည့်သေးသော လူငယ်များကို ဝါဒမှိုင်းတိုက်၍ ခိုင်းစေမှုကြောင့် ဖောက်ခွဲဖျက်ဆီးမှု တစ်ကြိမ်၊ အကြမ်းဖက်သတ်ဖြတ်မှု သုံးကြိမ် ကျူးလွန်ခဲ့သူ တရားခံ ကိုးဦး ဖမ်းဆီးရမိ

နေပြည်တော်   စက်တင်ဘာ   ၂၃


အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသော NUG က အသက်မပြည့်သေးသော လူငယ်များကို ဝါဒမှိုင်းတိုက်၍ ခိုင်းစေမှုကြောင့် ဖောက်ခွဲဖျက်ဆီးမှု တစ်ကြိမ်၊ အကြမ်းဖက်သတ်ဖြတ်မှု သုံးကြိမ် ကျူးလွန်ခဲ့သူ တရားခံ ကိုးဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၀ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်  (၄၉)ရပ်ကွက် ဘုရင့်နောင်လမ်းရှိ ဓမ္မာရုံရှေ့၌ ရပ်တန့်ထားသော ယာဉ်အမှတ် BGO 6R/8847 ၊ Spark (အဖြူရောင်) ယာဉ်အား မသင်္ကာ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့ရာ စက်တင်ဘာ ၁၃ ရက် တွင်  ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်  (၄၉)ရပ်ကွက် ဆယ်အိမ်မှူး ဦးနိုင်လင်းကို   လုပ်ကြံသတ်ဖြတ်ရာတွင်   ပါဝင်သည့်  တရားခံများ ဖြစ်သော ဟိန်းထက်အောင်(ခ)ဈာန်ရဲ(၁၉)နှစ်၊ သန့်ဇင်(၁၆)နှစ်နှင့် အောင်ကိုဦး (၁၆)နှစ်တို့ သုံးဦးကို ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဆက်စပ်တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ မရမ်းကုန်းမြို့နယ် သမိုင်း(၁)ရပ်ကွက် အတွင်း  အောင်အောင်ဦး (၂၁)နှစ်၊ ငြိမ်းချမ်းဖြိုး(ခ)ချမ်းဖြိုး(၂၁)နှစ်၊ အောင်ကိုထွေး(ခ)ဘာဘူ(၁၉)နှစ်၊  

 


ခန့်သူရိန် (၁၆)နှစ်နှင့် ကြယ်စင်နှင်းဝေ(ခ) ကြယ်စင်(၁၄)နှစ်တို့ကို လည်းကောင်း၊ အင်းစိန်မြို့နယ်    အနောက်ကြို့ကုန်း ရပ်ကွက်  အလယ်ဗဟိုလမ်း  အမှတ်(၃၉၃)တွင် ဝေယံဖြိုး (၁၇)နှစ်ကို လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။


သိမ်းဆည်းရမိ


စက်တင်ဘာ ၂၁ ရက်တွင် ဖမ်းဆီးရမိ တရားခံ ဟိန်းထက်အောင်၊ ဝေယံဖြိုး၊ သန့်ဇင်၊ ကြယ်စင်နှင်းဝေ၊ အောင်အောင်ဦး နှင့် ငြိမ်းချမ်းဖြိုးတို့၏   နေအိမ်များအား ရှာဖွေစစ်ဆေးခဲ့ရာ ယူနီဖောင်း ငါးစုံ၊ ဦးထုပ် နှစ်လုံး၊ စစ်ဖိနပ် သုံးရန်၊ Vest လေးထည်၊ ဖိုက်ဘာဦးထုပ်နှစ်လုံးနှင့် ဆက်စပ်ပစ္စည်း များအား  သိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်တွင် တရားခံများ ဖမ်းဆီးရမိမှု အနေဖြင့် ကျား ရှစ်ဦး၊  မ  တစ်ဦး၊  ပေါင်း ကိုးဦး ဖမ်းဆီးရမိခဲ့ပြီး ယူနီဖောင်း ငါးစုံ၊ ဦးထုပ် နှစ်လုံး၊   စစ်ဖိနပ်  သုံးရန်၊ Vest လေးထည်၊ ဖိုက်ဘာဦးထုပ် နှစ်လုံးနှင့် ဆက်စပ်ပစ္စည်းများအား  သိမ်းဆည်းရမိခဲ့ သည်။ 


ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆို ချက်အရ   ဇွန်  ၁  ရက်တွင် အာကာ (ဖမ်းဆီးရန်ကျန်) ဆိုသူနှင့် ချိတ်ဆက်ကာ ဒလန်ရှင်းလင်းရေးနှင့်    အကြမ်းဖက် ဖောက်ခွဲခြင်းများပြုလုပ်ရန် Freedom Fighters Force-Mayangone အဖွဲ့ကို ဟိန်းထက်အောင်(အဖွဲ့ခေါင်းဆောင်)၊ အောင်အောင်ဦး (F-1)၊ အောင်ကိုဦး (F-2)၊ ငြိမ်းချမ်းဖြိုး (F-3)၊ သန့်ဇင် (F-4)၊ လူကာ (F-5) (ဖမ်းဆီးရန်ကျန်)၊ ကိုထက်(F-6) (ဖမ်းဆီးရန်ကျန်)၊ အောင်ကိုထွေး(F-7)၊ ဝေယံဖြိုး(F-8)၊ ကြယ်စင်နှင်းဝေ(F-9)၊ ဟိန်းလတ်(F-10)   (ဖမ်းဆီးရန်ကျန်)၊ ခန့်သူရိန်(F-11)၊     သူရရှင်း(F-12) (ဖမ်းဆီးရန်ကျန်) တို့နှင့် ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ်သိရသည်။


သေနတ်ဖြင့်ပစ်ခတ်


ဖမ်းဆီးရမိတရားခံများမှ  လုပ်ကြံ သတ်ဖြတ်ခြင်းများ      ဆောင်ရွက်မှု အနေဖြင့်   ဇူလိုင်   ၂၅  ရက်တွင် ဟိန်းထက်အောင်၊ သန့်ဇင်နှင့် ဝေယံဖြိုး တို့မှ မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်သို့ သွားရောက်ခဲ့ပြီး ဟိန်းထက်အောင်(ခ)ဈာန်ရဲမှ အပြစ်မဲ့ပြည်သူ ဦးမိုးကျော်စိုး ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် သေဆုံးခဲ့ ကြောင်း၊ ဩဂုတ် ၁ ရက်တွင် ဟိန်းထက် အောင်၊   သန့်ဇင်၊   အောင်အောင်ဦးနှင့် ငြိမ်းချမ်းဖြိုးတို့မှ    မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်၊ ရစဖရုံးသို့ သွားရောက်ခဲ့ပြီး ငြိမ်းချမ်းဖြိုးနှင့် အောင်အောင်ဦး တို့မှ လက်ပစ်ဗုံး  နှစ်လုံးကို ပစ်ခတ်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ဦးဉာဏ်လှိုင်၊ ဦးနန်းဝင်း၊ ဦးသိန်းလွင်နှင့် မသီရိသော် တို့တွင် မိုင်းစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဖော်ထုတ် သိရသည်။ 
အလားတူ စက်တင်ဘာ ၁၁ ရက်တွင် ဟိန်းထက်အောင်၊ အောင်ကိုဦး၊ ခန့်သူရိန် နှင့်   အောင်ကိုထွေး  တို့မှ  မရမ်းကုန်း မြို့နယ်၊    (၁)ရပ်ကွက်၊    ပန်းတစ်ရာ လက်ဖက်ရည်ဆိုင်သို့ သွားရောက်ခဲ့ပြီး အောင်ကိုဦးမှ လက်ဖက်ရည်သောက်နေ သော အပြစ်မဲ့ပြည်သူ ဦးစိန်သောင်း ကို သေနတ်ဖြင့်   လေးချက်  ပစ်ခတ်ခဲ့သဖြင့် ဦးစိန်သောင်းတွင် (စိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ ကြောင်း၊   စက်တင်ဘာ  ၁၃  ရက်တွင် ဟိန်းထက်အောင်၊ အောင်ကိုဦး၊ အာကာ (ဖမ်းဆီးရန်ကျန်)နှင့်   သန့်ဇင်  တို့မှ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၉)ရပ်ကွက်သို့ သွားရောက်ခဲ့ပြီး သန့်ဇင်မှ  အပြစ်မဲ့ပြည်သူ ဦးနိုင်လင်း ကို သေနတ် ဖြင့် ခြောက်ချက် ပစ်ခတ်ခဲ့သဖြင့် သေဆုံး ခဲ့ကြောင်း ဖော်ထုတ်သိရသည်။ 
ဖမ်းဆီးရမိ  တရားခံများအနေဖြင့် ဖောက်ခွဲဖျက်ဆီးမှု (၁)ကြိမ်၊ အကြမ်းဖက် သတ်ဖြတ်မှု (၃)ကြိမ်တို့ ကျူးလွန်ခဲ့သူများ ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိ      တရားခံများသည် လှိုင်တက္ကသိုလ်နယ်မြေ၊ အုန်းတောဆောင် အနီးတွင်     အကြမ်းဖက်နှင့် ဖောက်ခွဲရေး သင်တန်း        တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရသည်။


ဖမ်းဆီးရမိ      တရားခံများသည် လုပ်ကြံသတ်ဖြတ်ရာတွင် အသုံးပြုသည့် သေနတ်နှင့် လက်ပစ်ဗုံးများအား NUG နှင့် ချိတ်ဆက်ဆောင်ရွက်သည့် အာကာ (ဖမ်းဆီးရန်ကျန်)ထံမှ  ရယူဆောင်ရွက် ခြင်းဖြစ်ကြောင်း၊   အကြမ်းဖက်  အဖွဲ့ အစည်းဖြစ်သည့် NUG မှ ရည်မွန်နှင့် ဇော်ဝေစိုး တို့အနေဖြင့် အသက်မပြည့် သေးသည့် လူငယ်များကို ဝါဒမှိုင်းတိုက်၍ ခိုင်းစေခဲ့သောကြောင့်     လူငယ်များ အနေဖြင့်     မူးယစ်ဆေးဝါးသုံးစွဲကာ အကြမ်းဖက်ဖောက်ခွဲမှုများနှင့် လုပ်ကြံ သတ်ဖြတ်မှုများကို  ကျူးလွန်ခဲ့ခြင်းဖြစ် ကြောင်း ဖော်ထုတ်သိရသည်။


ဆုငွေများချီးမြှင့်ပေးမည်


အထက်ပါ   ဖမ်းဆီးရမိတရားခံများ အား ဥပဒေအရ ထိရောက်စွာအရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အကြမ်းဖက်မှု ဆောင်ရွက် နေသူများကို      ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား   အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာ နေရာများ၊     လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက  သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ  သတင်းပေးတိုင်ကြားနိုင်ပါ ကြောင်း၊   သတင်းပေးသူနှင့်  ဖမ်းဆီး ပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ  ချီးမြှင့်ပေးမည်ဖြစ်ကြောင်း နှင့် မြို့ရွာများ    အမြန်ဆုံး  အေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါ ရန် မေတ္တာရပ်ခံ အသိပေးထားကြောင်း သိရသည်။        


သတင်းစဉ်