
နေပြည်တော် နိုဝင်ဘာ ၂၅
CRPH/NUG အကြမ်းဖက်အဖွဲ့ အစည်းတို့မှ နိုင်ငံအတွင်း အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် အကြမ်းဖက် PDF များ ဖွဲ့စည်းနိုင်ရန်အတွက် NLD ပါတီဝင်/ အမာခံများ၊ CDM ပြုလုပ်သူများနှင့် အစွန်းရောက် လူငယ်များအား စည်းရုံးလှုံ့ဆော် ၍ KNU အဖွဲ့လှုပ်ရှားရာ နယ်မြေ များအတွင်း ဖောက်ခွဲဖျက်ဆီးရေး နှင့် အကြမ်းဖက်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း၊ ယင်းနောက် သင်တန်းတက်ရောက် ပြီးသူများအား နိုင်ငံအတွင်း မြို့ကြီးများသို့ စေလွှတ်၍ အကြမ်းဖက် လုပ်ငန်းများ ညွှန်ကြားဆောင်ရွက်စေလျက်ရှိ ကြောင်း သိရှိရသည်။
o NUG အကြမ်းဖက်မှ
ဧပြီ ၃၀ ရက်တွင် လှိုင်သာယာမြို့နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ခဲ့သော တရားခံများ ဖမ်းဆီးရမိမှုဖြစ်စဉ်မှ စိုင်းဖြိုးကိုကိုနှင့် ရှိုင်းထက်အောင်တို့အပါအဝင် တရားခံ ငါးဦး၏ ထွက်ဆိုချက်အရ ကျိုက်ထိုမြို့နယ် ကော်ကပ် ကျေးရွာအနီးရှိ KNLA တပ်မဟာ(၁)နယ်မြေတွင် အကြမ်းဖက်သင်တန်း တက်ရောက်ခဲ့သူများဖြစ် ကြောင်း၊ KNLA တပ်မဟာ(၁)အနေဖြင့် PDF အကြမ်းဖက်သမားများအား လက်ခံထားရှိ၍ အကြမ်းဖက်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း အပြင် ၎င်းအဖွဲ့များနှင့်ပူးပေါင်း၍ တပ်မတော်စခန်း များ၊ ရင်းဌာနချုပ်များနှင့်ရဲစခန်းများအား ရှော့တိုက် ဒုံးများဖြင့် အဝေးမှပစ်ခတ်ခြင်း၊ အုပ်ချုပ်မှုကိစ္စရပ် များ ဆောင်ရွက်လျက်ရှိသော တပ်မတော်သားများနှင့် မိသားစုဝင်များအား အလစ်အငိုက်တိုက်ခိုက် သတ်ဖြတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖော်ထုတ်ဖမ်းဆီးရမိ
ထို့ပြင် ဇွန်လအတွင်း ဖောက်ခွဲဖျက်ဆီးရေးသင်တန်းဖွင့်လှစ်ပြီး အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ခင်ကျော်(UNRA)နှင့် ကိုကိုနိုင်(ခ)ဒေါနအပါအဝင် အကြမ်းဖက်တရားခံ ၁၇၃ ဦးအား လက်နက်မျိုးစုံ ၁၃၁ လက်၊ လက်ပစ်ဗုံး ၅၅၉ လုံး၊ လက်လုပ်ဗုံး ၂၂၅၁၃ လုံး၊ ၄၀ မမဗုံးသီး ၁၄၇၃ လုံး၊ RPG ဒုံးသီး ၁၄ လုံးအပါအဝင် ဆက်စပ်ပစ္စည်းများ နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း၊ တရားခံ ခင်ကျော်(UNRA)၊ ကိုကိုနိုင်(ခ) ဒေါနနှင့် ဆက်စပ် တရားခံများ၏ ထွက်ဆိုချက်များအရ ခင်ကျော်နှင့် ကိုကိုနိုင်တို့သည် KNLA တပ်မဟာ(၁)နယ်မြေ ဝါးမြှီးခိုကျေးရွာအနီး၌ အခြေပြု၍ စခန်းဆောက် လုပ်ခဲ့ပြီး အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG၊ CRPH တို့၏ စီစဉ်ထောက်ပံ့မှုဖြင့် ပြည်သူလူထု ထိခိုက်ပျက်စီးစေရန်နှင့် အစိုးရအုပ်ချုပ်မှု ယန္တရား လည်ပတ်နိုင်မှုမရှိစေရေး ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းများ ကျူးလွန်ဆောင်ရွက်နိုင်ရန်အတွက် အကြမ်းဖက် PDF အဖွဲ့များအား အကြမ်းဖက်ဖောက်ခွဲ ရေးသင်တန်းများဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းနည်းပြများအနေဖြင့် KNLA တပ်မဟာ (၅)အဖွဲ့ဝင်များက ဖောက်ခွဲဖျက်ဆီးရေးနှင့် လက်နက် ငယ်သင်ခန်းစာများ သင်ကြားပေးခဲ့ပြီး လက်နက်ခဲယမ်းနှင့် ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများ ရောင်းချထောက်ပံ့ပေးခဲ့ကြောင်း သိရသဖြင့် ဇွန် ၂၄ ရက်တွင် တပ်မတော်က UNRA အကြမ်းဖက် သင်တန်းနေရာအား နယ်မြေလုံခြုံရေးအရ လိုအပ် သည့် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက်သင်တန်းများဖွင့်လှစ်
မတ် ၃၁ ရက်တွင် တောင်ငူမြို့ အမေ့အိမ် ဟိုတယ်၌ အကြမ်းဖက် UNRA အဖွဲ့ဝင် တရားခံ မျိုးမြင့်အောင်(ခ)အရှည်ကြီး(ခ)ဆံရှည်၊ ဩဂုတ် ၂၃ ရက်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၌ Music Zone KTV၊ ကမာရွတ်၊ မြောက်ဥက္ကလာနှင့် သင်္ဃန်းကျွန်းမြို့နယ် တို့ရှိ EPC ရုံးများအပါအဝင် ရန်ကုန်မြို့တွင်း ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ သော တရားခံများ ဖမ်းဆီးရမိမှုဖြစ်စဉ်မှ ဝေယံသိန်း (ခ)ဗစ်တာနှင့် နိုဝင်ဘာ ၁ ရက်တွင် တောင်ငူမြို့၌ ဖမ်းဆီးရမိတရားခံ ကျော်ကျော်(ခ)ကချင်ကျော်ကျော် တို့၏ ထွက်ဆိုချက်များအရ ထန်းတပင်မြို့နယ် တောကုန်းကျေးရွာ၏ အရှေ့ဘက်တောင်ကုန်းများ၌ ပြည်မြို့နယ် NLD ပါတီမှ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်း ကျော်ဇေယျ၏ ပြည်အကြမ်းဖက် PDF အဖွဲ့၊ တောင်ငူမြို့နယ် NLD ပါတီမှ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်ဟောင်း မိုးမခ၏ တောင်ငူအကြမ်းဖက် PDF အဖွဲ့၊ ဖြူးမြို့နယ် NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကျော်အေးဝင်း၏ ဖြူးအကြမ်း ဖက် PDF အဖွဲ့များသည် KNLA တပ်မဟာ(၂)မှ စစ်ဆင်ရေးမှူးအဆင့်ရှိ မောင်ရွှေနှင့် ညှိနှိုင်း၍ PDF အကြမ်းဖက်သင်တန်းများ ဖွင့်လှစ်၍ အဖျက်အမှောင့် လုပ်ငန်းများဆောင်ရွက်ကာ အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်းများ ဆောင်ရွက်နေကြောင်း သိရသဖြင့် တပ်မတော်က နယ်မြေစိုးမိုးရေးဆောင် ရွက်ခဲ့ရာ PDF အကြမ်းဖက်စခန်းနေရာ ငါးနေရာ အား ဖော်ထုတ်သိမ်းပိုက်ရရှိခဲ့ပြီး အဆိုပါစခန်းများ အတွင်းမှ အကြမ်းဖက်သမားငါးဦး အပါအဝင် လက်နက်/ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက် အရ KNLA တပ်မဟာ(၂)မှ လက်နက်ငယ်နှင့် ဖောက်ခွဲဖျက်ဆီးရေး သင်ခန်းစာများ သင်ကြားပေးခဲ့ ကြောင်း၊ ကျော်ဇေယျသည် PDF အကြမ်းဖက်အဖွဲ့ ဝင်များအား လက်နက်တပ်ဆင်နိုင်ရန်အတွက် KNLA တပ်မဟာ(၅)မှ လက်နက် ၁၀၀ ခန့်မှာယူထားရှိပြီး ၎င်းလက်နက်များ ရောက်ရှိပါက ဖြူး၊ အုတ်တွင်း၊ တောင်ငူနှင့် ပြည်အကြမ်းဖက် PDF အဖွဲ့များအား လက်နက်တပ်ဆင်ပေး၍ သက်ဆိုင်ရာမြို့များသို့ ပြန်လည်စေလွှတ်ကာ အကြမ်းဖက်လုပ်ငန်း ဆောင်ရွက်ခိုင်းထားသူများနှင့် ချိတ်ဆက်၍ မြို့တွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်သွားရန် စီစဉ် လျက်ရှိကြောင်း၊ အဆိုပါ PDF စခန်းများအတွက် လက်ပစ်ဗုံးများပြုလုပ်နိုင်ရန် လိုအပ်သည့် ကုန်ကြမ်း များနှင့် အုပ်ချုပ်ထောက်ပံ့မှုကိစ္စရပ်များအား KNLA တပ်မဟာ(၂)နှင့် KNU တောင်ငူခရိုင်အုပ်ချုပ်ရေး အဖွဲ့ဝင် ဝကြီးတို့က ချိတ်ဆက်ဝယ်ယူ ထောက်ပံ့ပေး ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖောက်ခွဲဖျက်ဆီးရေး သင်တန်းတက်ရောက်ခဲ့
မေ ၂၄ ရက်တွင် အလုံမြို့နယ်ရှိ ရန်ကုန်တိုင်း စာရင်းစစ်ချုပ်ရုံးရှေ့တွင် မိုင်းဖောက်ခွဲခြင်းဆောင် ရွက်ခဲ့သည့် တရားခံများ ဖမ်းဆီးရမိမှုဖြစ်စဉ်မှ တရားခံ ဌေးမင်းအောင်ပါ လေးဦး၏ ထွက်ဆိုချက် အရ ၎င်းတို့အနေဖြင့် KNLA တပ်မဟာ(၃)နယ်မြေ ကျောက်ကြီးမြို့နယ်အတွင်း၌ ဖောက်ခွဲဖျက်ဆီးရေး သင်တန်းတက်ရောက်ခဲ့သူများဖြစ်ကြောင်း၊ KNLA တပ်မဟာ(၃)အဖွဲ့ဝင်များအနေဖြင့် PDF အကြမ်း ဖက်သမားများအား စစ်သင်တန်းနှင့် ဖောက်ခွဲရေး သင်တန်းများ သင်ကြားပေးသည့်အပြင် ထွက်ပြေး တိမ်းရှောင်သူများကိုပါ လက်ခံထားရှိကြောင်း သိရ သည်။
နိုဝင်ဘာ ၁၄ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ Hotel 46 ၌ ရန်ကုန်မြို့အတွင်း အကြမ်း ဖက်ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသော တရားခံများ ဖမ်းဆီးရမိမှုဖြစ်စဉ်မှ အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ တရားခံ မြတ်သူ(ခ)နတ်ဆိုးနှင့် Mytel ရုံးချုပ်မှ ဦးသိန်းအောင် အား လုပ်ကြံသတ်ဖြတ်ရာတွင် ပါဝင်သည့် ဖမ်းဆီး ရမိတရားခံ စစ်ဇော်ကံ(ခ)ဟန်သာထွန်းတို့၏ ထွက်ဆိုချက်အရ ၎င်းတို့သည် ကြာအင်းဆိပ်ကြီး မြို့နယ်အနီး တပ်မဟာ(၆)တွင် PDF အကြမ်းဖက် သင်တန်း တက်ရောက်ခဲ့ပြီး အဆိုပါသင်တန်း ဆင်းပွဲသို့ CRPH/NUG အကြမ်းဖက်အဖွဲ့၏ တောင်ပိုင်း PDF အကြမ်းဖက်အဖွဲ့ တာဝန်ခံ လွင်ကိုလတ်နှင့် KNLA မှ ရင်းမှူးအဆင့်ရှိ စောရန်နိုင် တို့ လာရောက်ခဲ့ကြောင်း သိရသည်။
လေ့ကျင့်သင်ကြား
ထို့ပြင် နိုဝင်ဘာ ၁၆ ရက်တွင် သင်္ဃန်းကျွန်း မြို့နယ်၌ ဖမ်းဆီးရမိခဲ့သော အောင်ကိုဦး၏ထွက်ဆို ချက်အရ ၎င်းသည် KNLA တပ်မဟာ(၆)၊ ရင်း(၁၈)လှုပ်ရှားနယ်မြေ (ဘော်ဒိုင်းခွင်)တွင် မေ ၅ ရက်မှ ဇွန် ၂၀ ရက်အထိ ဖွင့်လှစ်သော PDF အကြမ်းဖက် သင်တန်း အမှတ်စဉ်(၃)အား တက်ရောက်ခဲ့ကြောင်း၊ အဆိုပါသင်တန်းမှ သင်တန်းဆင်းများဖြင့် KNLA တပ်မဟာ(၆)၊ ရင်း(၁၆)လှုပ်ရှားနယ်မြေ(အံဖခွင်) သဲဖြူချောင်းအနီးတွင် ဇူလိုင် ၂၂ ရက်မှ ဩဂုတ် ၃၀ ရက်အထိ SOF အကြမ်းဖက် သင်တန်းအား ရက် ၄၀ ကြာဖွင့်လှစ်ခဲ့ပြီး သင်တန်းတွင် အမေရိကန်နိုင်ငံသား ခံယူထားသူ လင်းလင်း(ခ)မစ္စတာဘော့က မြို့ပြ ပြောက်ကျားစစ်နည်းဗျူဟာများ လေ့ကျင့်သင်ကြား ပေးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၁၃ ရက်တွင် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာ တံတားထိပ်၌ လက်နက်ခဲယမ်း များနှင့်အတူ ဖမ်းဆီးရမိသည့် စောညီညီမင်းထက်နှင့် ဇင်ကိုကိုတို့၏ ထွက်ဆိုချက်အရ ဘုရားသုံးဆူမြို့ မက္ကသာကျေးရွာရှိ KNLA တပ်မဟာ(၆)ဌာနချုပ် နေရာတွင် အကြမ်းဖက်သင်တန်းအား ဇူလိုင်လ လယ်ခန့်အထိ တက်ရောက်ခဲ့ကြောင်း၊ နိုဝင်ဘာ ၁၇ ရက်တွင် ဘားအံမြို့ ပညာရေးဒီဂရီကောလိပ်အနီး လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသည့် ဝေယံဖြိုးနှင့် ဇေယျာလွင်တို့၏ ထွက်ဆိုချက်အရ မြဝတီမြို့ လေးကစ်ကော်မြို့သစ်အနီးတွင် KNLA တပ်မဟာ(၆)မှ ဖွင့်လှစ်သည့် အကြမ်းဖက်ဖောက်ခွဲ ရေးသင်တန်းသို့ နှစ်ပတ်ခန့်တက်ရောက်ခဲ့ကြောင်း၊
P စာမျက်နှာ ၁၄ မှ
စက်တင်ဘာ ၁၁ ရက်တွင် ဘားအံမြို့နယ် လွန်းညကျေးရွာ ဒေါနအောင်မြေ ဆီဆိုင်ရှေ့တွင် ဖမ်းဆီးရမိသည့် နိုင်လင်းထွန်း၏ ထွက်ဆိုချက်အရ မြဝတီ မြို့နယ် လေးကစ်ကော်မြို့သစ်အနီးရှိ ရေတံခွန်စခန်းနှင့် ဒေါနတောင် အရှေ့ဘက်ခြမ်းရှိ ဒေသအခေါ် တာဘိုးခီးစခန်းတို့တွင် တပ်မဟာ(၆)မှ ဖွင့်လှစ်သည့် အကြမ်းဖက်သင်တန်းအား တက်ရောက်ခဲ့ပြီး မိုင်းပြုလုပ် နည်းများအား လက်တွေ့ပြုလုပ်လေ့ကျင့်ခဲ့ရကြောင်း သိရသည်။
နိုဝင်ဘာ ၁၉ ရက်တွင် ဖမ်းဆီးရမိခဲ့သည့် ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်းများအား ကြိုးကိုင်ဆောင်ရွက်လျက်ရှိသော NLD ပါတီမှ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း မောင်ကျော်(ခ)ဖြိုးဇေယျာသော်၏ ထွက်ဆိုချက်အရ ရန်ကုန်တိုင်း ဒေသကြီးအတွင်း အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်လျက်ရှိသော ဖမ်းဆီးရမိ တရားခံများမှာ KNLA တပ်မဟာ(၆)မှ ရင်းမှူးအဆင့်ရှိ စောရန်နိုင်ထံတွင် အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းများ တက်ရောက် ခဲ့ကြောင်းနှင့် သိမ်းဆည်းရမိခဲ့သော လက်နက်/ခဲယမ်းများအား CRPH/NUG အကြမ်းဖက်အဖွဲ့၏ တောင်ပိုင်း PDF အကြမ်းဖက်အဖွဲ့တာဝန်ခံ လွင်ကိုလတ်နှင့် မြောက်ပိုင်း PDF အကြမ်းဖက်တာဝန်ခံ ရည်မွန်တို့က ဝယ်ယူပြီး KNLA အဖွဲ့များနှင့်ချိတ်ဆက်၍ KNU နယ်မြေများမှတစ်ဆင့် ကုန်းလမ်းကြောင်း/ရေလမ်းကြောင်းများဖြင့် ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ KNLA တပ်မဟာ (၆)အနေဖြင့် ၎င်းတို့လှုပ်ရှားရာ နယ်မြေအတွင်း၌ PDF အကြမ်းဖက် အဖွဲ့များအား လက်ခံထားရှိ၍ ဖောက်ခွဲဖျက်ဆီးရေးသင်တန်းများ သင်ကြားပေးသည့်အပြင် အဆိုပါအဖွဲ့များနှင့် ပူးပေါင်း၍ တပ်မတော် စစ်ကြောင်းများနှင့် တပ်စခန်းများအား နှောင့်ယှက်ပစ်ခတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိကြောင်း၊ ထိုကဲ့သို့ လုပ်ဆောင်ရန်အတွက် KNLA တပ်မဟာ(၆)မှ တပ်ရင်းမှူးအဆင့်ရှိ စောရန်နိုင်အနေဖြင့် NUG၊ CRPH နှင့် ပြည်ပအထောက်အပံ့များရယူ၍ ၎င်းတို့အား လက်ခံထားရှိခြင်းဖြစ်ကြောင်း သိရသည်။
KNLA တပ်မဟာ(၇)ငှက်ပျောတောစခန်း
မေ ၁၂ ရက်တွင် ပို့ပို့ရွှေဆိုင်အား လုယက်မှုကျူးလွန်ခဲ့သည့် တရားခံများ ဖမ်းဆီးရမိမှုဖြစ်စဉ်မှ တရားခံ ဖြိုးဝေလင်း(ခ)ကိုဂျက် နှင့် ညီညီလွင်တို့၏ ထွက်ဆိုချက်များအရ ၎င်းတို့အနေဖြင့် KNLA တပ်မဟာ(၇) ငှက်ပျောတောစခန်းတွင် သင်တန်းတက်ရောက်ခဲ့သူများ ဖြစ်ကြောင်း၊ သင်တန်းတက်ရန် သွားရောက်စဉ် KNLA တပ်မဟာ(၇) တပ်မဟာမှူးအဆင့်ရှိ စောဖောဒိုသည် မြဝတီမြို့နယ် ထိဝါပလော ကျေးရွာမှ မော်တော်ယာဉ်တစ်စီးဖြင့် ငှက်ပျောတောစခန်းသို့ လိုက်ပါ ပို့ဆောင်ပေးခြင်းဖြစ်ပြီး ၎င်းစခန်းတွင် သင်တန်းနှစ်ပတ်ခန့် တက်ရောက်ခဲ့ကြောင်း၊ အဆိုပါ အကြမ်းဖက်သင်တန်းများအား CRPH/ NUG အကြမ်းဖက်အဖွဲ့၏ ထောက်ပံ့မှုဖြင့် စောဖောဒိုက လက်ခံဖွင့်လှစ် ခြင်းဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် သင်တန်းတက်ရောက်ပြီး နေရပ် အသီးသီးသို့ ပြန်လည်ရောက်ရှိပါက CRPH/ NUG မှ ခန့်အပ်ထားသည့် ခေါင်းဆောင်များနှင့် ချိတ်ဆက်ကာ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်
အထက်ပါဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ CRPH/NUG အကြမ်းဖက်အဖွဲ့အနေဖြင့် ၎င်းတို့၏ စီစဉ်ထောက်ပံ့မှုဖြင့် တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများအတွင်း ဖွင့်လှစ်သည့် အကြမ်းဖက်နှင့် ဖောက်ခွဲဖျက်ဆီးရေးသင်တန်းများသို့ NLD ပါတီဝင်/အမာခံများ၊ CDM ပြုလုပ်သူများနှင့် အစွန်းရောက်လူငယ်များအား တက်ရောက်စေခဲ့ပြီး သင်တန်းတက်ရောက်ပြီးသူများ သက်ဆိုင်ရာ မြို့အသီးသီးသို့ ပြန်လည်ရောက်ရှိချိန်တွင် ၎င်းတို့အဖွဲ့က ခန့်အပ်ထား သည့် အကြမ်းဖက်ခေါင်းဆောင်များမှတစ်ဆင့် လက်နက်/ခဲယမ်းနှင့် ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများထောက်ပံ့မှုဖြင့် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်နှင့် ပြည်သူလူထု စိုးရိမ်ထိတ်လန့်မှု ဖြစ်ပွားစေရန်ရည်ရွယ်၍ ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ ဆောင်ရွက် စေခြင်း၊ အေးချမ်းစွာနေထိုင်လိုသော ဒေသခံပြည်သူများ၊ အစိုးရဌာန ဆိုင်ရာများနှင့် နီးစပ်သူများအား သူလျှို/ ဒလန်ဟုစွပ်စွဲကာ လုပ်ကြံ သတ်ဖြတ်စေခြင်း၊ လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင် များအား နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခြင်းတို့အပြင် ပညာရေးဝန်ထမ်း ဆရာ ဆရာမများနှင့် အေးချမ်းစွာပညာသင်ကြားလိုသော ကျောင်းသား ကျောင်းသူများအား စိုးရိမ်ထိတ်လန့်ကြောက်ရွံ့စေရန် ရည်ရွယ်၍ စာသင်ကျောင်းများအား ဖောက်ခွဲဖျက်ဆီးခြင်း/မီးရှို့ဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်စေခဲ့ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ အကြမ်းဖက်လုပ်ငန်းများအား လုပ်ဆောင်နိုင်ခြင်း မရှိစေရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေလုံခြုံရေး လုပ်ငန်းများအား အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို နှောင့်ယှက်ဖျက်ဆီးသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူမှုများ ဆက်လက်ဆောင်ရွက်သွား မည့်အပြင် အားပေးအားမြှောက်ပြုသူများ၊ နောက်ကွယ်မှ ထောက်ပံ့စေခိုင်းသူများကိုလည်း ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်