NUG အကြမ်းဖက်အဖွဲ့ရဲ့ “Hit List” ဘာလဲ၊ ဘယ်လဲ

Type
000

 

 

မင်းခန့်
 

ယခုရက်ပိုင်းအတွင်း   ဆိုရှယ်မီဒီယာပေါ်မှာ   Hot ဖြစ်နေတဲ့ကိစ္စတစ်ခုကတော့   NUG   အကြမ်းဖက်အဖွဲ့ရဲ့  အကြမ်းဖက်သတ်ဖြတ်မယ့် အမည်စာရင်း “Hit List” ထွက်လာပြီး လက်အောက်ခံ PDF အဖွဲ့တွေကို NUG ရဲ့  ပြည်ထဲရေးဝန်ကြီးဆိုသူက တိုက်ရိုက်ညွှန်ကြားဆောင်ရွက်နေတယ်ဆိုတဲ့ကိစ္စ ဖြစ်ပါတယ်။    ဒီကိစ္စက နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ မီဒီယာတွေအကြားမှာ  ဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့တာပါ။  ဒီသတင်းထွက်ပေါ်လာပြီးနောက်မှာ NUG အကြမ်းဖက်အဖွဲ့က ဆာဆာနဲ့ဇင်မာအောင်တို့က  ထွက်ပေါ်နေတဲ့   “Hit List” စာရင်းက  သူတို့လုပ်တာမဟုတ်ကြောင်း   နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ မီဒီယာတွေကို အသည်းအသန်ဖြေရှင်းချက်ပေးနေရတာကို တွေ့ရပါတယ်။ 
၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က  ဆာဆာ က NUG အဖွဲ့အနေနဲ့ အကြမ်းဖက်သတ်ဖြတ်ရမယ့် အမည်စာရင်း   “Hit List”    ကို   ၎င်းရဲ့    မဟာမိတ် လက်အောက်ခံအကြမ်းဖက်အဖွဲ့တွေဆီကို ပေးပို့ခဲ့ တယ်ဆိုတဲ့သတင်းက          သတင်းမှားတွေသာ ဖြစ်တယ်ဆိုပြီး သဘောထားထုတ်ပြန်ခဲ့ပါတယ်။ နိုဝင်ဘာလ ၁၀ ရက်နေ့မှာလည်း  NUG အကြမ်း ဖက်အဖွဲ့က   ဇင်မာအောင်ကလည်း    အလားတူ ဖြေရှင်းချက်မျိုး VOA   မီဒီယာကို   ဘူးခံပြီး ငြင်းဆို ဖြေကြားခဲ့တာကို  တွေ့ရပါတယ်။
သို့သော်လည်း ဒီလိုငြင်းဆိုနေတဲ့အချိန်မှာ “Hit List” ထဲမှာပါဝင်တဲ့ ငြိမ်းချမ်းရေးဆောင်ရွက် နေသူတစ်ဦးက နိုင်ငံတကာသံတမန်အသိုင်းအဝိုင်း ဆီကို အကူအညီတောင်းထားတဲ့ စာတစ်စောင်က ထပ်မံထွက်ပေါ်လာပါတယ်။ ဒီစာထဲမှာ NUG ရဲ့ လမ်းစဉ်က နိုင်ငံတကာက စံထားတဲ့တန်ဖိုးတွေနဲ့ ဆန့်ကျင်နေတယ်ဆိုတဲ့အကြောင်း၊  NUG/PDF တွေအနေနဲ့ အောက်တိုဘာလတစ်လအတွင်းမှာ တင်   အပြစ်မဲ့ပြည်သူ  ၁၈၈   ဦးကို    သတ်ဖြတ်ခဲ့ကြ ကြောင်း၊ ယခုအချိန်အထိသတ်ဖြတ်ခံရတဲ့  အပြစ်မဲ့ ပြည်သူ ၆၀၀  ကျော်ပြီဖြစ်ကြောင်း၊  နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့    မကောင်းဆိုးဝါးဖြစ်လာ နေတဲ့ NUG/PDF ရဲ့   အကြမ်းဖက်လုပ်ရပ်တွေကိုရပ်တန့်ပေးနိုင်ဖို့     စိတ်ဓာတ်နဲ့    နိုင်ငံရေးဩဇာ အာဏာရှိပါကြောင်း၊ ဒီ “Hit List” မှာ စစ်တပ်ကို ထောက်ပံ့ပေးနေတယ်လို့ NUG အနေနဲ့ ယူဆထား တဲ့   စီးပွားရေးသမားတွေ၊     နိုင်ငံရေးသမားတွေ၊     အနုပညာရှင်တွေအပြင်၊    ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေတဲ့ပညာရှင်တွေပါ ပါဝင်နေကြောင်း၊ ပြည်သူ့ပါတီမှ  ဦးကိုကိုကြီး၊ မွန်ညီညွတ်ရေးပါတီက ပြည်နယ်လွှတ်တော်  ဒုဥက္ကဋ္ဌဟောင်း   ဒေါက်တာ အောင်နိုင်ဦးနဲ့ ပါတီဝင်တွေကိုလည်း  အကြိမ်ပေါင်း များစွာ  အကြမ်းဖက်ခြိမ်းခြောက်မှုတွေ   ပြုလုပ်နေ ကြောင်း။
ပစ်မှတ်ထားသတ်ဖြတ်သည့် ပုံစံ(၃)မျိုး 
၎င်းတို့က ဘက်မလိုက်သူ (ကြားနေ) မှန်သမျှ ကို  ခြိမ်းခြောက်သတ်ဖြတ်နေကြကြောင်း၊  အကြမ်း ဖက် NUG  အဖွဲ့တွင် ပစ်မှတ်ထားသတ်ဖြတ်သည့် ပုံစံ (၃)မျိုးရှိကြောင်း၊   ပထမတစ်မျိုးမှာ  NUG က တိုက်ရိုက်ထိန်းချုပ်စေခိုင်းခြင်းဖြစ်ကြောင်း၊ ဒုတိယ တစ်မျိုးမှာ လိုအပ်တဲ့သတင်းအချက်အလက်တွေနဲ့ လိုအပ်တဲ့အုပ်ချုပ်ထောက်ပံ့မှုကို   NUG   က    စီစဉ် ပေးပြီး ၎င်းတို့နဲ့ ဆက်စပ်အဖွဲ့တွေက  ဆောင်ရွက် ခြင်းဖြစ်ကြောင်း၊ တတိယတစ်မျိုးကတော့  ဒေသ အလိုက်  PDF  တွေက  ဆောင်ရွက်နေခြင်းဖြစ်ပြီး NUG မှ လွင်ကိုလတ်(တရားခံပြေး) က ကြိုးကိုင်နေ ကြောင်းနဲ့  ၎င်းအနေနဲ့   PDF   အဖွဲ့ ၆၀ ကျော်နဲ့ အွန်လိုင်းတွေ့ဆုံပွဲလုပ်နေတဲ့    အထောက်အထား ဓာတ်ပုံကိုပါ    တွဲဖက်ပြီး ပေးပို့ပါကြောင်း  စသဖြင့် ဖော်ထုတ်ရေးသားထားပြီး     နိုင်ငံတကာသံတမန် အသိုင်းအဝိုင်းကို     အကူအညီတောင်းခံခဲ့တာကို တွေ့ရပါတယ်။
NUG အကြမ်းဖက်အဖွဲ့အနေနဲ့ ‌ဗြောင်လိမ်နေ ပေမယ့်လည်း   ဒီလိုနိုင်ငံရေးနဲ့    သံတမန်အသိုင်း အဝိုင်းကို   ရောက်ရှိခဲ့တဲ့   “Hit List” ဆိုတာက အမှန်တကယ်ရှိနေတာဖြစ်လို့    NUG   ကို  ထိတွေ့ ဆက်ဆံပြီး   ထောက်ပံ့ပေးနေတဲ့   အချို့နိုင်ငံတကာ အသိုင်းအဝိုင်းက သတိပြုမိလာပြီး သူတို့အကြမ်းဖက် လုပ်ရပ်တွေ   မဖုံးနိုင်မဖိနိုင်ဖြစ်လာရတဲ့ကိစ္စဖြစ်ပါ တယ်။   ဒါကြောင့်လည်း  ၂၀၂၁  ခုနှစ်   နိုဝင်ဘာလ   ၁၀ ရက်နေ့က    ထုတ်ပြန်ခဲ့တဲ့    ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့    မြန်မာနိုင်ငံဆိုင်ရာထုတ်ပြန် ချက်မှာတောင် ယခုဖြစ်ပွားနေတဲ့      အကြမ်းဖက်မှု တွေရပ်တန့်ဖို့နဲ့ အရပ်သားတွေရဲ့လုံခြုံရေးသေချာ အောင် ဆောင်ရွက်ဖို့ တာဝန်ရှိသူတွေကို တိုက်တွန်း ထားတဲ့အချက်တွေ ပါဝင်လာတာကို တွေ့ရပါတယ်။ NUG/PDF တွေရဲ့  အကြမ်းဖက်ဝါဒနဲ့       အကြမ်းဖက် လုပ်ရပ်တွေကို လက်မခံနိုင်ကြတော့တာကြောင့် ၎င်းတို့ကို    ထိတွေ့ဆက်ဆံနေကြတဲ့       နိုင်ငံတကာ အသိုင်းအဝိုင်းက   ဒီ “Hit List”   အကြောင်းကို ထုတ်ဖော်သတိပေးလာကြတာ   ဖြစ်ပါတယ်။
အကြမ်းဖက်မှုတွေကျူးလွန်နေ
NUG အဖွဲ့ရဲ့အကြမ်းဖက်သတ်ဖြတ်မယ့် “Hit List”  သတင်း  online  ပေါ်မှာ  ပျံ့နှံ့နေပြီး  တကယ့် လက်တွေ့မှာလည်း အကြမ်းဖက်  NUG/ PDF အဖွဲ့ တွေအနေနဲ့ ရုပ်ပိုင်းဆိုင်ရာအရကော စိတ်ဓာတ်ပိုင်း ဆိုင်ရာအရပါ      အကြမ်းဖက်မှုတွေကျူးလွန်နေ ကြောင်းကို    ပြည်သူလူထုရဲ့     နေ့စဉ်လူမှုဘဝမှာ ထင်ရှားစွာမြင်တွေ့ ကြားသိနေရပါတယ်။    အပြစ်မဲ့ ပြည်သူတွေနဲ့  သံဃာတော်တွေကို ဒလန်လို့စွပ်စွဲ သတ်ဖြတ်နေမှုတွေ၊ ရပ်ကွက်/  ကျေးရွာအုပ်ချုပ်ရေး အဖွဲ့တွေကို      အကြောင်းမဲ့သတ်ဖြတ်နေမှုတွေ၊ ကျောင်းဆရာ  ဆရာမနဲ့ ပညာရေးဝန်ထမ်းတွေကို ရက်ရက်စက်စက်  မိသားစုလိုက်လုပ်ကြံသတ်ဖြတ်မှု တွေ၊ အရပ်ဘက်ပစ်မှတ်တွေနဲ့ စာသင်ကျောင်းတွေ ကို ဗုံးခွဲတိုက်ခိုက်နေမှုတွေ၊ ကိုဗစ်ရောဂါ ကာကွယ်၊ တားဆီး၊    တိုက်ဖျက်ရေးဆောင်ရွက်နေတဲ့နေရာ တွေကို အကြမ်းဖက်ခဲ့ကြတာတွေ၊ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေကြတဲ့ကိစ္စတွေကို NUG က မွေးဖွား ခဲ့တဲ့ PDF နဲ့အစွန်းရောက် NLD ထောက်ခံသူတွေက နေ့စဉ်လုပ်ဆောင်နေကြတာကို    အားလုံးအသိပဲ ဖြစ်ပါတယ်။ 
အဆိုးဆုံးကတော့  ဗုဒ္ဓဘာသာကို    အများဆုံး ကိုးကွယ်ကြတဲ့    မြန်မာနိုင်ငံလို    လူ့အဖွဲ့အစည်းမှာ ဘုရား၊ တရား၊  သံဃာ၊  မိဘ၊ ဆရာသမား  အနန္တော အနန္တဂိုဏ်းဝင် သံဃာတော်တွေကို ဒလန်လို့စွပ်စွဲပြီး သတ်ဖြတ်နေကြတာနဲ့ အပြစ်မဲ့ဆရာ ဆရာမတွေ ကို   သတ်ဖြတ်နေကြတာက  လောကီရေးအရရော လောကုတ္တရာအရပါ     ဘယ်လိုမှလက်ခံလို့မရတဲ့ အကြမ်းဖက်မှုတွေဖြစ်ပါတယ်။  ၂၀၂၁  ခုနှစ်  မေလ ၃ ရက်နေ့ကနေ  နိုဝင်ဘာလ  ၂၀  ရက်နေ့အထိ အကြမ်းဖက်သတ်ဖြတ်ခံရတဲ့ သံဃာတော် ၁၂ ပါးနဲ့ ပြင်းထန်စွာဒဏ်ရာရရှိခဲ့တဲ့ သံဃာ ၁၃ ပါး ရှိပြီဖြစ်ပါ တယ်။  ထေရဝါဒဗုဒ္ဓဘာသာ  အထွန်းကားဆုံးနိုင်ငံ အဖြစ်  ကမ္ဘာ့နိုင်ငံများက အသိအမှတ်ပြုထားရတဲ့ မြန်မာနိုင်ငံမှာ  ရဟန်းသံဃာတော်တွေကို   ယခုလို သတ်ဖြတ်မှုတွေဟာ      ဘာသာသာသနာအတွက် အလွန်အန္တရာယ်ကြီးမားပြီး    ဗုဒ္ဓဘာသာဝင်တိုင်း အတွက် ဝမ်းနည်းစိတ်မကောင်းစရာ ဖြစ်ရပ်ဆိုးကြီး တွေဖြစ်ပါတယ်။
ပညာရေးကဏ္ဍကို အကြမ်းဖက်တိုက်ခိုက်ခြင်း
အလားတူ     နောက်ထပ်စိတ်မကောင်းစရာ ဖြစ်ရပ်တွေကတော့ ပညာရေးကဏ္ဍကို အကြမ်းဖက် တိုက်ခိုက်ခြင်းဖြစ်ပါတယ်။ NUG အဖွဲ့ရဲ့ စီစဉ်စေခိုင်း မှုအရ  အကြမ်းဖက်သမားတွေဟာ ပညာရေးဝန်ထမ်း တွေ  CDM   လှုပ်ရှားမှုမှာ   ပါဝင်လာအောင်  Social Punishment အမည်တပ်ပြီး လူမှုရေးအရ အသရေ ဖျက်  အနိုင်ကျင့်ခဲ့ကြပါတယ်။ ကျောင်းတွေပြန်ဖွင့် ချိန်မှာလည်း ကလေးငယ်တွေ  စာမသင်ကြားနိုင် အောင်  စာသင်ကျောင်းတွေကို  မိုင်းတွေ၊ လက်ပစ် ဗုံးတွေနဲ့    ဖောက်ခွဲတိုက်ခိုက်ခြင်း၊    မီးရှို့ဖျက်ဆီး ခြင်းတွေကို ဆင်ခြင်တုံတရားကင်းမဲ့စွာ လုပ်ဆောင် ခဲ့ကြပါတယ်။   CDM   မလုပ်ဘဲ  ဂုဏ်သိက္ခာပြည့်ဝစွာ နဲ့  ဆရာ့ကျင့်ဝတ်တွေနဲ့အညီ      တာဝန်ကျေပွန်စွာ   ပညာသင်ကြားပေးနေကြတဲ့ အပြစ်မဲ့ဆရာ ဆရာမ တွေကိုလည်း   ဘာရန်ငြိုးရန်စမှမရှိဘဲ     ရက်ရက် စက်စက်   လုပ်ကြံသတ်ဖြတ်ခဲ့ကြပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ နိုဝင်ဘာလ ၁၅ ရက်နေ့အထိ တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီး သီးက စာသင်ကျောင်းတွေကို ဗုံးခွဲမီးရှို့ တိုက်ခိုက်မှု  ၄၄၄  ကြိမ်ရှိပြီး အကြမ်းဖက် သတ်ဖြတ်ခံရသည့် ဆရာ ဆရာမသေဆုံးသူ ခုနစ်ဦး၊ ဒဏ်ရာရ ၁၃ ဦးနဲ့ ပညာရေးဝန်ထမ်းသေဆုံး သူ ငါးဦး၊ ဒဏ်ရာရ နှစ်ဦး  စုစုပေါင်း   ၂၇ ဦး  ရှိပါတယ်။ 
ဘယ်နိုင်ငံ၊    ဘယ်လူမျိုးမဆို   မိဘတိုင်း      သားသမီးတွေကို ပညာတတ်ကြီးတွေ ဖြစ်စေချင် ကြပါတယ်။ NUG / PDF အကြမ်းဖက်အဖွဲ့တွေက   ကလေးတွေ ကျောင်းသွားလို့မရအောင်   အကြမ်း ဖက်နေကြတာက မိဘတိုင်းရဲ့မျှော်လင့်ချက်တွေ ကို       ရိုက်ချိုးနေတာဖြစ်ပါတယ်။    ပညာရေး ကဏ္ဍကို     အကြမ်းဖက်တာက       တိုင်းပြည်ရဲ့ အနာဂတ်ကို  ဖျက်ဆီးနေတာဖြစ်ပါတယ်။ ဒီလို တိုင်းပြည်ရဲ့အနာဂတ်ကို   ဖျက်ဆီးဖို့စီစဉ်စေခိုင်း သူတွေဟာ  နိုင်ငံရေးအတ္တကြီးနေတဲ့  ဝရမ်းပြေး NUG အဖွဲ့ကဖြစ်ပြီး လက်တွေ့လုပ်ဆောင်နေသူ တွေက အစွန်းရောက် NLD ပါတီဝင်နဲ့ အကြမ်းဖက် သမား PDF တွေဖြစ်တယ်ဆိုတာ ဘယ်လိုမှငြင်းလို့ မရတဲ့သက်သေတွေ    အခိုင်အမာရှိနေပါတယ်။  မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုနဲ့     ယုံကြည် ကိုးကွယ်မှုအရ      အနန္တောအနန္တဂိုဏ်းဝင်ဖြစ်တဲ့ ရဟန်းသံဃာတော်နဲ့ ဆရာ ဆရာမတွေကို ရန်ငြိုး ရန်စမရှိဘဲ  လုပ်ကြံသတ်ဖြတ်မှုတွေ   ကျူးလွန် နေတာက NUG/  PDF   နဲ့ အစွန်းရောက် NLD ထောက်ခံသူတွေဟာ  လူမဆန်တဲ့အကြမ်းဖက် သမားတွေဖြစ်တယ်ဆိုတာ     ရှင်းရှင်းလင်းလင်း ပြဆိုနေပါတယ်။ သံဃာတော်တွေနဲ့ ဆရာ ဆရာမ တွေကို အကြောင်းမဲ့သတ်ဖြတ်တဲ့ကိစ္စက အင်မတန် မှ    ယုတ်မာရိုင်းစိုင်းလှပါတယ်။   မြန်မာ့လူ့အဖွဲ့ အစည်းသာမက          ကမ္ဘာ့လူ့အဖွဲ့အစည်းမှာပါ ဘယ်လိုမှလက်ခံလို့မရနိုင်တဲ့ နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်လုပ်ရပ်တွေဖြစ်ပါတယ်။ 
အစုလိုက်အပြုံလိုက်သတ်ဖြတ်ဖို့ကြိုးစား
ဒါ့အပြင် NUG/ PDF  တွေအနေနဲ့    ကမ္ဘာ့ အကြမ်းဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ အယ်လ်ခိုင်ဒါ (Al-Qaeda)နဲ့အိုင်းစစ် (ISIS) တို့နည်းတူ လူတွေကို     အစုလိုက်အပြုံလိုက်သတ်ဖြတ်ဖို့ ကြိုးစားခဲ့ကြတဲ့လုပ်ရပ်တွေလည်း   ရှိပါတယ်။ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့မှာ  အကြမ်းဖက်သမားတွေက   AIR KBZ က    ပြည်တွင်းခရီးစဉ် ပြေးဆွဲလျက်ရှိတဲ့   ATR-72-600   အမျိုးအစား လေယာဉ်အမှတ် (XY-AMP)၊ (XY-AMN)၊ (XY-AMO) လေယာဉ်သုံးစင်းရဲ့ Pitot Tube တွေထဲမှာသစ်ရွက်စိမ်း၊     သစ်ရွက်ခြောက်တွေ ထည့်ပြီး   လေယာဉ်ပျက်ကျအောင်  ဆောင်ရွက်ခဲ့ကြ ပါတယ်။    တာဝန်ရှိသူတွေက     အချိန်မီ   စစ်ဆေး တားဆီးနိုင်ခဲ့လို့     ခရီးသည်တွေ        အစုလိုက် အပြုံလိုက် သေဆုံးမယ့်ဘေးကနေ  ကံကောင်းစွာ      လွတ်မြောက်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် အောက်တိုဘာ လ ၁ ရက်နေ့မှာလည်း  PDF  အကြမ်းဖက်အဖွဲ့က    ရန်ကုန်တိုင်းဒေသကြီး      ကြည့်မြင်တိုင်မြို့နယ် ဆင်မလိုက်မှတ်တိုင်အနီးမှာ  YBS 20 ခရီးသည် ယာဉ်တစ်စီးကို  ဖောက်ခွဲမီးရှို့ ဖျက်ဆီးခဲ့ကြပါတယ်။ ခရီးသည်တွေကို  ကံကောင်းစွာနဲ့  ဘေးလွတ်ရာ   အချိန်မီ ရွှေ့ပြောင်းနိုင်ခဲ့ပါတယ်။
သက်သေအထောက်အထားများ
NUG  အကြမ်းဖက်အဖွဲ့အနေနဲ့   လက်တွေ့ ရုပ်ပိုင်းဆိုင်ရာအရသာမက စိတ်ပိုင်းဆိုင်ရာအရပါ အကြမ်းဖက်ဝါဒကို  ကိုင်စွဲထားကြောင်း   အကြမ်း ဖက် NUG အဖွဲ့က ဝရမ်းပြေးပုဂ္ဂိုလ်တချို့နဲ့ NLD အမာခံလော်ဘီတွေ ဆောင်ရွက်ခဲ့ကြတဲ့ သက်သေ အထောက်အထားများစွာလည်း   ရှိနေပါတယ်။ NUG အကြမ်းဖက်အဖွဲ့က ဆာဆာအနေနဲ့ ၂၀၂၁ ခုနှစ်  ဖေဖော်ဝါရီလအတွင်းမှာ      ဆောင်ရွက်ခဲ့တဲ့ အမေရိကန်နိုင်ငံသားတစ်ဦးရဲ့ အွန်လိုင်းအကြမ်း ဖက်သင်တန်းမှာ    တက်ရောက်အားပေးစကား ပြောကြားခဲ့ပါတယ်။ အဲဒီသင်တန်းမှာ  လက်လုပ် သေနတ်၊ လက်လုပ်ဗုံးပြုလုပ်နည်းတွေ၊    အကြမ်း ဖက်ဖောက်ခွဲနည်းတွေနဲ့   အစွန်းရောက်အတွေး အခေါ်တွေကို သင်ကြားပေးခဲ့တာဖြစ်ကြောင်းကို လွတ်လပ်တဲ့   အင်တာနက်မီဒီယာတစ်ခုဖြစ်တဲ့ New Naratif က စက်တင်ဘာလ ၉ ရက်နေ့မှာ ဖော်ထုတ်ရေးသားခဲ့ပါတယ်။
အမေရိကန်နိုင်ငံအနေနဲ့   ၉/၁၁    ဖြစ်စဉ် အကြမ်းဖက်တိုက်ခိုက်ခံရအပြီး  ကမ္ဘာမှာ အစွန်း ရောက်အကြမ်းဖက်သမားတွေ၊    အကြမ်းဖက်မှု နည်းလမ်းတွေ မပြန့်ပွားစေရေး  ဒီလိုတရားမဝင် လက်နက်ပြုလုပ်နည်းတွေကို တားဆီးထိန်းချုပ်ဖို့ အကြမ်းဖက်မှုတားဆီးရေးဥပဒေများစွာနဲ့ ပြဋ္ဌာန်း ကာကွယ်ထားပါတယ်။   ကမ္ဘာ့ကုလသမဂ္ဂအနေ နဲ့လည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးမဟာဗျူဟာ တွေ    ချမှတ်ထားပါတယ်။    ဒီလိုနိုင်ငံတကာက လက်မခံတဲ့ဆောင်ရွက်ချက်တွေကို New Naratif က ဖော်ထုတ်ရေးသားလို့ NUG အကြမ်းဖက်အဖွဲ့က ဆာဆာက   ထိုသတင်းဌာနကို    တရားစွဲမယ်လို့ ခြိမ်းခြောက်ခဲ့ပါသေးတယ်။   ဆိုလိုတာက    ယခု ပေါ်ထွက်နေတဲ့ “Hit List” ကိစ္စလိုမျိုးပဲ NUG/PDF ရဲ့  အကြမ်းဖက်လုပ်ရပ်တွေရဲ့ သက်သေအထောက် အထားတွေအဖြစ်   နိုင်ငံတကာက   သိရှိသွားမှာ စိုးရိမ်ပြီး အကြောက်အကန်ငြင်းဆိုခဲ့ရတဲ့    သာဓက တွေ ဖြစ်ပါတယ်။
NUG အကြမ်းဖက်အဖွဲ့က ဇော်ဝေစိုးအနေနဲ့ လည်း ၎င်းရဲ့မိတ်ဖက်ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ နဲ့ တွေ့ဆုံတဲ့ Zoom Meeting တစ်ခုမှာ အကြမ်း ဖက်လုပ်ငန်းဆောင်ရွက်ဖို့  ညွှန်ကြားထားတဲ့    အစီ အစဉ်တွေကို  ၂၀၂၁ ခုနှစ်  ဇွန်လ ၇ ရက်နေ့က   ဖော်ထုတ် ပြောကြားခဲ့တာ မှတ်မိကြမယ်ထင်ပါတယ်။ အိတ်သေးသေးလေးတွေနဲ့ သယ်လာတာကို  ဖွင့် မကြည့်မိဖို့လိုကြောင်း၊ ဖွင့်ကြည့်ရင်  ကိစ္စတုံးသွား နိုင်ကြောင်း၊ အစားအစာတွေမှာလည်း    အဆိပ်ခတ် ထားကြောင်း စသည်ဖြင့်       အကြမ်းဖက်မှုဆောင်ရွက်ဖို့ အတွက် ညွှန်ကြားထားတဲ့  အချက်အလက်တွေကို      ဖွင့်ဟပြောကြားခဲ့တာကို         တွေ့ရှိရပါတယ်။ ဖျောက်ဖျက်လို့မရတဲ့ ဗီဒီယိုမှတ်တမ်းတွေ   အတိ အကျရှိပါတယ်။ 
NUG/    PDF ရဲ့   အကြမ်းဖက်လုပ်ငန်းတွေ အတွက် လော်ဘီလုပ်ပေးနေသူဖြစ်တဲ့   ယခင် NLD ပါတီမှာ    သုတေသန   တာဝန်ထမ်းဆောင်ခဲ့သူ      ဝရမ်းပြေး   မျိုးရန်နောင်သိန်းအနေနဲ့လည်း   မိဘ ပြည်သူတွေရဲ့ သားသမီးတွေကို ကျောင်းမပို့ကြဖို့နဲ့ ကျောင်းပို့ရင် ခြေပြတ်/  လက်ပြတ်ဖြစ်သွားနိုင် ကြောင်း၊  အသက်သေဆုံးနိုင်ကြောင်း     ခြိမ်းခြောက် တဲ့အစွန်းရောက် အကြမ်းဖက်လှုံ့ဆော်မှုတွေကို      ဆိုရှယ်မီဒီယာများကတစ်ဆင့်       ပြောင်ပြောင် တင်းတင်း  ပြောဆိုခဲ့ပါတယ်။ 
 ငြင်းမရတဲ့ နုတ်ထွက်စကားတွေ
ဆိုရှယ်မီဒီယာတွေပေါ်မှာ အလားတူ ရေးသား ပြောဆိုနေကြတဲ့ အခြားသောအစွန်းရောက်လော်ဘီ တွေ၊   အကြမ်းဖက် NUG အဖွဲ့ဝင်တွေ၊ အမည် အမျိုးမျိုးနဲ့    ဖွဲ့စည်းထားတဲ့   PDF   အဖွဲ့တွေကို မြင်တွေ့ရမှာ   ဖြစ်ပါတယ်။   ဒီလိုမျိုး   ဆာဆာ၊ ဇော်ဝေစိုးနဲ့ NUG/ PDF လော်ဘီတွေရဲ့  လုပ်ဆောင်၊   ပြောကြားချက်တွေဟာ   လုပ်ကြံဖန်တီးထားတဲ့ အချက်တွေမဟုတ်ဘဲ   အများပြည်သူအကြားမှာ  ပျံ့နှံ့နေပြီး    အလွယ်တကူရရှိနိုင်တဲ့   အထောက် အထားတွေဖြစ်ပါတယ်။   ငြင်းမရတဲ့   နုတ်ထွက် စကားတွေဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံတချို့က  NUG/PDF ကို တရားဝင်အသိအမှတ် မပြုပေမယ့်လည်း    ဒီလိုအကြမ်းဖက်သမားတွေကို သူတို့ရဲ့ နိုင်ငံတွေမှာ လက်ခံထားတာတွေ၊ ထိတွေ့ ဆက်ဆံနေတာတွေက အကြမ်းဖက်ဝါဒနဲ့  အကြမ်းဖက်မှုတွေကို  အားပေး နေတာလားလို့   မေးခွန်းထုတ်ရမလိုဖြစ်နေပါတယ်။ ISIS၊ Al-Qaeda နဲ့ Hezbollah လို         အကြမ်းဖက် အဖွဲ့အစည်းတွေ   မြန်မာနိုင်ငံနဲ့    ဒေသတွင်းမှာ     ထပ်ပြီးမွေးထုတ်ပေးနေတာလားဆိုတာ            သံသယ ဖြစ်ဖွယ်ရှိပါတယ်။
အထူးသဖြင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်လို တဲ့ အပြစ်မဲ့ပြည်သူတွေကို   “ငါနဲ့မတူ   ငါ့ရန်သူ အယူအဆနဲ့”  အကြမ်းဖက်လုပ်ကြံသတ်ဖြတ်နေတဲ့ ဝရမ်းပြေး NUG  အဖွဲ့ဝင်တွေကို   ထိတွေ့ဆက်ဆံ နေကြတဲ့ နိုင်ငံတချို့နဲ့ နိုင်ငံတကာအဖွဲ့တွေအနေနဲ့ NUG  အဖွဲ့က   အကြမ်းဖက်လမ်းစဉ်နဲ့    နိုင်ငံရေး ရည်မှန်းချက်ရဖို့    လုပ်နေတာကို    သိရှိနားလည်ပြီး ဝိုင်းဝန်းရှုတ်ချတားဆီးကြဖို့          တိုက်တွန်းလို ပါတယ်။ 
ဒီလိုအစွန်းရောက်အကြမ်းဖက်မှု   အားပေး နေတဲ့ကိစ္စတွေကို    Facebook    ဆိုတဲ့ဆိုရှယ် မီဒီယာရဲ့ပေါ်လစီနဲ့ နည်းပညာကလည်း  လျစ်လျူ ရှုထားလို့ အကြမ်းဖက်မှုတွေ၊ အစွန်းရောက်မှုတွေ   မြင့်တက်လာနေတဲ့အကြောင်း   နိုင်ငံတကာမှာ   ဖော်ထုတ်ဝေဖန်မှုတွေရှိနေသလိုပဲ      တစ်ဖက်မှာ လည်း အခုလို NUG၊ PDF နဲ့ NLD အစွန်းရောက် ပြည်ဖျက်သမားတွေရဲ့           အကြမ်းဖက်လုပ်ရပ် တွေကို      လျစ်လျူရှုပြီး     အကြမ်းဖက်ကြောင်း သိပါလျက်    နှုတ်ဆိတ်နေတဲ့     နိုင်ငံတကာ အဖွဲ့အစည်းကြီးတွေနဲ့    ဒီမိုကရေစီလက်ခံကျင့်သုံး နေကြတဲ့   ဒီမိုကရေစီဘိုးအေနိုင်ငံကြီးသားတွေ၊    အစိုးရတွေကိုလည်း စာရေးသူအနေနဲ့  ဘာအတွက် ကြောင့်      အကြမ်းဖက်မှုတစ်စုံတစ်ရာအတွက်   မှတ်ချက်ပေးဖို့၊      ရှုတ်ချဖို့၊      တားမြစ်ဖို့ လက်တွန့်နေတာကို      အံ့ဩဘနန်းဖြစ်ရသလို   ဒီမိုကရေစီလက်ခံကျင့်သုံးနေတဲ့            နိုင်ငံသား တစ်ယောက်အနေနဲ့လည်း    စိတ်မကောင်းဖြစ်မိ ပါတယ်။ 
Hit List ဘာလဲ ဘယ်လဲ
NUG/ PDF အကြမ်းဖက်အဖွဲ့တွေရဲ့ နိစ္စဓူဝ   ဆောင်ရွက်နေကြတဲ့           အကြမ်းဖက်မှုတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို       အစုလိုက်အပြုံလိုက် သတ်ဖြတ်ဖို့    ကြိုးစားခဲ့ကြတဲ့     အထောက် အထားတွေကိုကြည့်ရင်      အခုထွက်ပေါ်နေတဲ့    “Hit List” ဆိုတာက အများကြီးငြင်းချက်ထုတ်နေဖို့  မလိုပါဘူး။ လူအများစိတ်ဝင်စားနေတဲ့ “Hit List” က ဘာလဲ၊ ဘယ်လိုရည်ရွယ်ချက်နဲ့ “Hit List” စာရင်းသတ်မှတ်ထားတာလဲဆိုတာ ယနေ့အကြမ်း ဖက် လူသတ်ဖောက်ခွဲဖျက်ဆီးရေးလုပ်နေတဲ့ NUG နဲ့ PDF   အဖွဲ့တွေရဲ့   လုပ်ရပ်တွေကိုကြည့်ရင်  မြင်တွေ့သိရှိရမှာ ဖြစ်ပါတယ်။
NUG/PDF  ဆိုတာ   ကမ္ဘာပေါ်မှာ   ဘယ်နိုင်ငံ၊ ဘယ်လူ့အဖွဲ့အစည်းကမျှ လက်မခံနိုင်တဲ့ အကြမ်း ဖက်ဝါဒ (Terrorism) ကို  ကိုင်စွဲဆောင်ရွက်နေတဲ့ အကြမ်းဖက်အဖွဲ့တွေဖြစ်တယ်ဆိုတာ         သူတို့ ကိုယ်တိုင်ပြောကြားချက်တွေ၊ နေ့စဉ်အကြမ်းဖက် မှုတွေနဲ့ ယခုတလောခေတ်စားနေတဲ့ “Hit List” ဆိုတဲ့  ငြင်းမရနိုင်တဲ့  အထောက်အထားတွေက         ထပ်ဆင့်သက်သေညွှန်းဆို        ပြသနေပါတယ်။ ဒီလို    NUG/ PDF ရဲ့    “ငါနဲ့မတူ ငါ့ရန်သူ”    ဆိုပြီး အပြစ်မဲ့ပြည်သူတွေကို          လုပ်ကြံသတ်ဖြတ်နေတဲ့ နိုင်ငံရေးအစွန်းရောက်အကြမ်းဖက်ဝါဒကို မြန်မာ နိုင်ငံမှာသာမက  ဒေသတွင်းနဲ့   နိုင်ငံတကာမှာပါ  ခြေကုပ်မယူနိုင်ရေးက         အလွန်အရေးကြီး ပါတယ်။
ဒါကြောင့် NUG၊ PDF နဲ့  အစွန်းရောက် NLD အကြမ်းဖက်သမားတွေရဲ့လုပ်ရပ်တွေကို အကြမ်း ဖက်ဝါဒကို မလိုလားတဲ့ နိုင်ငံတကာအသိုင်းအဝိုင်း နဲ့     မြန်မာပြည်သူတွေအားလုံး    လက်တွဲညီညီ ဝိုင်းဝန်းပူးပေါင်းတိုက်ဖျက်ကြဖို့ တိုက်တွန်းနှိုးဆော် လိုက်ရပါတယ်။     ။