NUG ရဲ့ အနောက်တံခါး ဖွင့်ပေးမယ့်အကြံ ….. တို့ပြည်သူအားလုံး လက်မခံ

Type

ပြည်ထောင်စုသားတစ်ဦး

=========

 

သာစွဌာနီ  ရခိုင်ပြည်နယ်ကို ပြည်ထောင်စုသားများ က   အနောက်တံခါးလို့   တင်စားသတ်မှတ်ခဲ့ကြ တယ်။    ရခိုင်ပြည်နယ်ရဲ့    မြောက်ဘက်ဆုံး တောင်ကုန်းဒေသမှ   တောင်ဘက် ဂွမြို့နယ်အဆုံး ဧရာဝတီတိုင်းဒေသကြီး        သာပေါင်းမြို့နယ် ကျောက်ချွန်ဝအထိ အလျားမိုင်ပေါင်း  ၃၆၀ ခန့် ရှည်လျားတယ်။ ရခိုင်ပြည်နယ်ဟာ   မြောက်ဘက် မှာ    အတန်ငယ်ကျယ်ပြန့်ပြီး   တောင်ဘက်သို့ ကျဉ်းမြောင်းရှည်လျားလာရာ   လိမ္မော်သီးစိတ်ပုံ သဏ္ဌာန်ရှိတယ်။ မြောက်ဘက်မှာ မိုင်ပေါင်း ၁၀၀ ခန့်ကျယ်ဝန်းပြီး  တောင်ဘက်အရပ်က   မိုင် ၂၀ ခန့် ကျယ်ဝန်းတယ်။


စတုရန်းမိုင်ပေါင်း ၁၄၂၀၀ ခန့် ကျယ်ဝန်း


ရခိုင်ပြည်နယ်ဟာ စတုရန်းမိုင်ပေါင်း ၁၄၂၀၀ ခန့်  ကျယ်ဝန်းပြီး   မြောက်ဘက်မှာ  ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့      ဘင်္ဂလားဒေ့ရှ်သမ္မတနိုင်ငံ တည်ရှိတယ်။ တောင်ဘက်မှာ ဧရာဝတီတိုင်းဒေသ ကြီးက သာပေါင်းမြို့၊ အရှေ့ဘက်မှာ   ရခိုင်ရိုးမ တောင်တန်းကြီးဖြင့်  နယ်နိမိတ်သတ်မှတ်ထားတဲ့ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်နဲ့ ပဲခူးတိုင်း  ဒေသကြီး ပန်းတောင်းမြို့နယ်၊ အနောက်ဘက်မှာ ဘင်္ဂလားပင်လယ်အော်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ တည်ရှိတယ်။
နတ်မြစ်၊ မယူမြစ်၊ ကုလားတန်မြစ်(ကစ္ဆပနဒီ)၊ လေးမြို့မြစ်၊  မယူတောင်တန်း   (ခေါ်)     မေယု တောင်တန်း၊   မင်းကြီးတောင်၊  စိုင်းတင်တောင်၊ ဖရုံကာကျွန်း၊ ရမ်းဗြဲကျွန်း၊ မာန်အောင်ကျွန်းစတဲ့ ရေသယံဇာတ၊  မြေသယံဇာတတွေဟာ   ဒေသခံ ရခိုင်တိုင်းရင်းသားများနဲ့       ပြည်ထောင်စုဖွား တိုင်းရင်းသားတို့ရဲ့    နှလုံးသည်းပွတ်ဖြစ်တယ်။ အရှေ့ ဖရုံကာကျွန်း(ခေါ်) အင်ဂရားချိုင်ကျွန်းမှာ ရေနံအနည်းငယ်ထွက်ရှိခဲ့လို့  ရှေးအခါက  အီးဇီး ကယ်လ်  အင်္ဂလိပ်ရေနံကုမ္ပဏီက ရေနံတူးဖော်ခဲ့ဖူး တယ်။


ရခိုင်ပြည်နယ်ရဲ့မြေသယံဇာတအရ    ဆန် စပါး၊ ငရုတ်ကောင်း၊ နှမ်း၊ မြေပဲ၊ ဆေးရွက်ကြီး၊ ရော်ဘာ၊ ဆီအုန်းစတဲ့ စိုက်ပျိုးရေးလုပ်ငန်းအပြင် ရေလုပ်ငန်းပါ စီးပွားဖြစ် ဖြစ်ထွန်းအောင်မြင်တယ်။ ရေနံနဲ့သဘာဝဓာတ်ငွေ့၊    အဆင့်မြင့်သံသတ္တုနဲ့   ကျောက်သလင်း (မာဘယ်လ်ကျောက်) အပါအဝင် သဘာဝသယံဇာတတွေ ပေါကြွယ်ဝတယ်။


ရခိုင်ပြည်နယ်မှာ    ရခိုင်တိုင်းရင်းသားများ အပြင်  သက်၊ ဒိုင်းနက်၊ မြို(ခေါ်) ခမီ  တိုင်းရင်းသား မျိုးနွယ်စုတွေလည်း     ရှေးယခင်ကတည်းက နေထိုင်ခဲ့ကြတယ်။ 
၁၈၈၅ ခုနှစ်   အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲ အပြီး      မြန်မာပြည်တစ်ပြည်လုံး   အင်္ဂလိပ် လက်အောက်    ကျရောက်ခဲ့တဲ့ကာလမှာတော့ ကိုလိုနီနယ်ချဲ့တွေဟာ သူတို့ရဲ့စီးပွားရေး အကျိုး အမြတ်အတွက်      မြန်မာနိုင်ငံတစ်နိုင်ငံလုံးရဲ့  Market Economy   ကို  ပြောင်းပစ်လိုက်တယ်။ အထူးသဖြင့်  အောက်မြန်မာပြည်မှာ  လယ်ယာ မြေရိုင်းတွေက   အများကြီးရှိတော့     ပြည်ပကို ဆန်စပါးရောင်းထုတ်နိုင်ဖို့  စီစဉ်ဆောင်ရွက်လာ တယ်။
စူးအက်တူးမြောင်းဖွင့်တဲ့အချိန်မှာ  လယ်ယာ မြေတွေကို  အတင်းတိုးချဲ့လာခဲ့တယ်။  တိုးချဲ့တဲ့ အခါ  အလုပ်သမားတွေ  လိုလာတဲ့အတွက် အိန္ဒိယက ခေါ်ယူခဲ့တယ်။  ဒါ့အပြင်   Infrastructure    တွေ ဆောက်တဲ့နေရာမှာလည်း           နဂိုကတည်းက ကျွမ်းကျင်မှုရှိတယ်ဆိုတဲ့    အိန္ဒိယသားတွေကို ခေါ်လာတယ်။    မီးရထားမောင်းလည်း    အိန္ဒိယ၊ သင်္ဘောမောင်းတဲ့ စလင်တို့  အလုပ်သမားတို့ဆိုတာ လည်း   အိန္ဒိယ၊ မြေတိုင်းစာရေးလည်း    အိန္ဒိယ၊ နောက်ဆုံး လန်ချားဆွဲတဲ့သူကလည်း အိန္ဒိယပဲ။


အာရှတိုက်ရဲ့ စပါးကျီတစ်ခု


အဲဒီခေတ်က မြန်မာနိုင်ငံဟာ   အာရှတိုက်ရဲ့ စပါးကျီတစ်ခုဖြစ်ခဲ့တယ်။ ထိုခေတ်မှာ ဆန်တန်ချိန် သုံးသန်း၊ လေးသန်း ပို့နိုင်ခဲ့တယ်။ သို့ပေမယ့် မြန်မာ တောင်သူလယ်သမားတွေက  ဒီအကျိုးအမြတ်ကို မခံစားခဲ့ရပါဘူး။   အရင်းအနှီးတွေက   ဗြိတိသျှ ဘဏ်ကြီးတွေကနေ          လယ်သမားတွေဆီကို တိုက်ရိုက်မရောက်ဘူး။       ကြားခံချစ်တီးတွေက  တစ်ဆင့်ခံသွားတယ်။    ချစ်တီးတွေက  အင်္ဂလိပ် ဘက်ကနေ အတိုးနှုန်းကို ၁ ဒသမ ၅ ရာခိုင်နှုန်းနဲ့ယူပြီး တော့ မြန်မာတောင်သူလယ်သမားတွေကို ငါးရာခိုင် နှုန်း၊    ခြောက်ရာခိုင်နှုန်းနဲ့    ပြန်ပြီးချေးတယ်။ တစ်နှစ်ကုန်လို့  မဆပ်နိုင်တဲ့အခါ နှစ်ပြန်တိုးဆိုပြီး ထပ်ထပ်တက်တက်သွားတဲ့အတွက် မြန်မာတွေရဲ့ လယ်တွေအကုန်လုံး  ချစ်တီးလက်ထဲထိုးအပ်လိုက် ရတဲ့အခြေအနေဖြစ်ခဲ့တယ်။
တစ်ဖက်ကလည်း မြန်မာနိုင်ငံဟာ ရေကြည်ရာ မြက်နုရာနိုင်ငံဖြစ်လို့  ထိုစဉ်ကစနစ်ကြောင့်၊ စီးပွား ရေးကြောင့်   အခက်အခဲဖြစ်နေကြတဲ့   အိမ်နီးချင်း နိုင်ငံများက နိုင်ငံသားတွေဟာ မြန်မာနိုင်ငံထဲကို တစ်ဝမ်းတစ်ခါးဝမ်းဝဖို့    ရွှေ့ပြောင်းအခြေချလာကြ တယ်။
မြန်မာပြည်    လွတ်လပ်ရေးရပြီးတဲ့အချိန်မှာ လည်း   ဝင်လာမစဲ   တသဲသဲပဲ။    သို့ကလိုကြောင့်  ဆရာကြီးသော်တာဆွေက “ရေကြည်ရာ မြက်နုရာ” ဆောင်းပါးမှာ   ဤမြေချာသည်   ကမ္ဘာ့မျက်စိတွင် ရေကြည်ရာ   မြက်နုရာ   ဖြစ်နေပါသောကြောင့် အနောက်ကလဲ လာသည်။ အရှေ့ကလဲ လာသည်။ ရေထဲကလဲ လာသည်။ မိုးပေါ်ကလဲ လာသည်။ မြေကြီးကလဲ လာသည်။
အတိအလင်းလဲ လာသည်။
တိတ်တိတ်ပုန်းလဲ  လာသည်။


အထက်တန်းကျကျ အစိုးရနှင့် ဖက်စပ်လုပ်၍ လဲလာသည်။ 
“လာ … လာ … ဗမာပြည်သည် ကမ္ဘာအရှည်၊
ရေကြည်ရာ မြက်နုရာမြေ၊
ဘာသာတိုင်းပြန့်ပွားရာမြေ၊
ပန်းတိုင်းပွင့်စေတဲ့မြေ၊
ကပြားကဂတစ် ဗန်ဒစ်ဗန်ဒတ်တို့
ပေါက်ဖွားရာမြေ” လို့ ရေးသားခဲ့တယ်။


ရေကြည်ရာ  မြက်နုရာ  ရေခံမြေခံကောင်းမွန် သော ရခိုင်ပြည်နယ်သို့လည်း လူဦးရေပေါက်ကွဲမှုနှုန်း မြင့်တက်နေတဲ့   တစ်ဖက်နိုင်ငံက    နိုင်ငံသားများ အလုံးအရင်းနှင့်   ဝင်ရောက်လာကြတယ်။ စိုက်ပျိုး ရေးနဲ့ ရေလုပ်ငန်းတွေ  ဝင်လုပ်ရင်း  အဆင်ပြေလာ တော့ အခြေချလာကြတယ်။ အိမ်ထောင်သားမွေးရင်း လူဦးရေကလည်း တစ်စတစ်စ တိုးပွားလာတယ်။
နဂါးမင်းစစ်ဆင်ရေး
သို့ကလိုကြောင့် ၁၉၇၈ ခုနှစ်မှာ နိုင်ငံတော်က တစ်ဖက်နိုင်ငံမှ တရားမဝင်  ဝင်ရောက်လာသူများအား စစ်ဆေးသည့် “နဂါးမင်းစစ်ဆင်ရေး”ကို ဆောင်ရွက် ခဲ့ရတယ်။


သို့ပေမယ့် ကျေးရွာများရှိ တရားမဝင်ဝင်ရောက် လာသူများဟာ ရွာတွေကိုမီးရှို့၊ ဒေသခံတွေကို ရန်ပြု ပြီး   တစ်ဖက်နိုင်ငံသို့   ပြန်လည်ထွက်ပြေးသွားကြ တယ်။  ပြည်ပရဲ့ ဖိအားတွေအပြင် အိမ်နီးချင်းနှစ်နိုင်ငံ ဆက်ဆံရေးဟာလည်း တင်းမာခဲ့ကြလို့ နောက်နှစ် မှာ “ဟင်္သာစီမံချက်”ဆိုပြီး တရားမဝင် ဝင်ရောက်ခဲ့ တဲ့ အိမ်ထောင်စုတွေကို ပြန်လည်လက်ခံခဲ့ရတယ်။


သို့ကြောင့်မို့  မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌဦးနေဝင်းဟာ နိုင်ငံသားဥပဒေတစ်ရပ် ပြဋ္ဌာန်း နိုင်ဖို့ ကြိုးစားခဲ့တယ်။ ပညာရှင်များနဲ့ ညှိနှိုင်းတိုင်ပင် ပြီး   တစ်နိုင်ငံလုံးမှာ  ဆန္ဒတွေခံယူပြီးမှ   နိုင်ငံသား ဥပဒေကို အသေအချာပြုစုရေးဆွဲစေခဲ့တယ်။
နိုင်ငံသားဥပဒေနဲ့ပတ်သက်ပြီး     ဥက္ကဋ္ဌကြီး ဦးနေဝင်းက မိန့်ခွန်းပြောကြားရာမှာ “၁၈၂၄ ခုနှစ် နောက်ပိုင်းကစပြီးတော့   လွတ်လပ်ရေးရတဲ့အထိ ဒီကြားအတွင်းမှာ   ကျွန်တော်တို့    နိုင်ငံအတွင်းကို နိုင်ငံခြားသားတိုင်းတစ်ပါးသားတွေဟာ    အဆီး အတားမရှိ အကြောင်းကြောင်းတွေကြောင့် ဝင်ခဲ့ကြ ပါတယ်။ အဲဒီဝင်တဲ့အကြောင်းကလည်း စီးပွားရေး အများဆုံး၊ စီးပွားရေးကြောင့်လာကြပါတယ်။ ဦးဆုံး လာတာကတော့ ကျွန်တော်တို့နိုင်ငံကို အုပ်ချုပ်သွား တဲ့အင်္ဂလိပ်ပေါ့။  သူ့နောက်က အဆွယ်အပွားတွေ အနေနဲ့ကတော့   အများကြီးပဲ   ရောက်လာခဲ့တယ်။ ဒီတော့ ဒီလောက်ပဲပြောကြပါစို့ရဲ့။
ဒီနိုင်ငံခြားက      အကြောင်းကြောင်းကြောင့် ရောက်လာကြတဲ့ ဒီလူတွေကိုပြန်ပြီးတော့ နှင်ထုတ် လို့လည်း  လက်တွေ့ဖြစ်နိုင်တဲ့  အခြေအနေမရှိဘူး။ ဒါ့အပြင်လည်းပဲ      လူလူချင်းစာနာတဲ့သဘောနဲ့ ရောက်နေပြီးမှတော့ ဒီလောက်ကြာ   နှစ်ရှည်လ များနေပြီးတော့မှတော့    သူတို့ကို စိတ်ချမ်းချမ်း သာသာလေးနေပါစေဆိုတဲ့စေတနာ  ကျွန်တော်တို့ ထားဖို့လိုလာတယ်။ ဒါကြောင့်မို့လို့  ကျွန်တော်တို့ က သူတို့ကိုအခုဥပဒေမှာတော့ “ဧည့်နိုင်ငံသား”  ဆိုပြီးတော့ အမည်တပ်လိုက်တယ်။


ဧည့်သည်အဖြစ်နဲ့ ရောက်လာကြ


ဒါ ဘာလို့တပ်ရတာလည်းဆိုတော့ ဟိုးအရင် တုန်းက ကျွန်တော်တို့နိုင်ငံသားချည်းပဲ၊ ကျွန်တော်  တို့တိုင်းရင်းသားတွေချည်းပဲ။ သို့ပေတယ်လို့ ဒီလူ တွေဟာ ဧည့်သည်အဖြစ်နဲ့ ရောက်လာကြတယ်။ အဲဒီဧည့်သည်အဖြစ်နဲ့  ရောက်လာကြရာကနေပြီး တော့ မပြန်နိုင်၊ ဒီမှာပဲခေါင်းချကြတော့မယ်ဆိုပြီး တော့ ခေါင်းချမယ့်ဘဝရောက်နေပြီ။


အဲဒီတော့ ခေါင်းချရမယ့်ဘဝရောက်နေတော့ ကျွန်တော်တို့နိုင်ငံသားအဖြစ်နဲ့       ကျွန်တော်တို့ လက်ခံတယ်ထား၊  လူလူချင်းစာနာတဲ့သဘောနဲ့ သူတို့ကို   သက်ညှာတယ်ဆိုပေတယ်လို့  ကိုယ့်ကို အန္တရာယ်ဖြစ်အောင်တော့  သက်ညှာလို့မဖြစ်ဘူး။ သက်ညှာတယ်ဆိုတာက ဒီတိုင်းပြည်မှာ  နေထိုင် ခွင့်ပေးမယ်၊  ဒီတိုင်းပြည်မှာ  လုပ်စားကိုင်စားခွင့်  တရားသဖြင့်ပေါ့လေ၊  အလုပ်ကို  လုပ်ကိုင်စားခွင့် ပေးမယ်၊ သို့သော်လည်း အချို့အချက်အလက်တွေ မှာတော့  တစ်တိုင်းတစ်ပြည်လုံးနဲ့   ပတ်သက်တဲ့ ကိစ္စတွေ တိုင်းပြည်ကြမ္မာကို ဖန်တီးမယ့်ကိစ္စတွေ မှာတော့ သူတို့ဟာ ဝင်ပြီးတော့ ခြယ်လှယ်နိုင်မယ့် အဲဒီလိုကိစ္စတွေမှာတော့  သူတို့ကိုချန်ထားရလိမ့် မယ်။ ဒါဟာသူတို့ကို ကျွန်တော်တို့ မုန်းလို့မဟုတ် ဘူး။ သို့သော်လည်း  လက်တွေ့မှာ   အဲဒီတိုင်းပြည် ကြမ္မာကို   ဖန်တီးနိုင်တဲ့နေရာမျိုးမှာ   သူတို့ကို ထားလို့ရှိရင် မတော်လို့များ  သူတို့က သူတို့တာဝန် ကို အကျေအပွန် တိုင်းပြည်ပေါ်မှာ အကျေအပွန် မဆောင်ရွက်ဘဲနဲ့  ဖောက်လို့ရှိရင်  ကျွန်တော်တို့ တိုင်းပြည် ဒုက္ခရောက်လိမ့်မယ်။


ဒီဥပဒေကိုဆွဲတာဟာ တော်တော်အချိန်ယူပြီး တော့လေ၊ အားလုံးသိတဲ့အတိုင်းပဲ  တစ်တိုင်းပြည် လုံးကို    တိုင်ပင်ပြီးတော့ဆွဲတာပဲ။   အဲဒီဥပဒေကို ရေးတဲ့အခါကျတော့        အကြမ်းရေးတာဟာ အောက်မှာတော့ ဘယ်နှခါရေးတယ် မပြောတတ် ဘူး။  ကျွန်တော့်ဆီရောက်ပြီးမှ    ထပ်ထပ်ပြီး ကျွန်တော်တွေ့ရတာဟာ ခြောက်ခါလောက်ရှိမယ်။ စကားအသုံးအနှုန်း   အချို့အချက်တွေကျန်လို့” စသဖြင့် ထည့်သွင်းပြောကြားခဲ့တယ်။
မြန်မာနိုင်ငံသားဥပဒေကို    ၁၉၈၂    ခုနှစ် အောက်တိုဘာလမှာ ကျင်းပခဲ့တဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော်        တတိယအစည်းအဝေးမှာ အတည်ပြုခဲ့တယ်။ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေ လို့ ထင်ရှားကျော်ကြားခဲ့တယ်။ ဒီဥပဒေကို ကိုလိုနီ လက်သစ်နိုင်ငံကြီးအချို့နဲ့ ပြည်တွင်းက အမျိုး သားရေးသစ္စာဖောက်ပုဆိန်ရိုးတွေက လုံးဝမနှစ်မြို့ ခဲ့ကြဘူး။ ဆင်ကြံကြံပြီး အခါအခွင့်ကို စောင့်နေကြ တယ်။ 


စာမျက်နှာ ၉ သို့ O