ဉာဏ်ရည်ပြည့်ဝ နှလုံးလှကြစေဖို့

 

 

“Knowledge  is Power - ဗဟုသုတဟူသည် တန်ခိုးစွမ်းအားဖြစ် သည်”ဟူ၍ ၁၆ ရာစုအတွင်းက အင်္ဂလိပ်စာရေးဆရာ ဆာဖရန်စစ် ဘေကွန်က ရေးခဲ့သည်။ ဗဟုသုတနှင့်ပြည့်စုံသူသည်သာ တန်ခိုး စွမ်းအားပြည့်စုံသူ၊ စွမ်းဆောင်ရည်ကောင်းသူဖြစ်နိုင်သည်။ ဗဟုသုတ များပြားလေလေ၊ စွမ်းအားနှင့်ပြည့်စုံလေလေဖြစ်သည်။ဆန့်ကျင် ဘက်အားဖြင့်မူ ဗဟုသုတကင်းမဲ့လေလေ၊ ဆင်ခြင်သိမြင်မှုလည်း အားနည်းလေလေ၊ အမှားအယွင်းနှင့် အဖျင်းများလေလေပင် ဖြစ် သည်။ သုတဟုဆိုသော အကြား၊ အမြင်နည်းပါးသူ၊ မသိသူမှာ အမှောင်ထဲတွင် စမ်းတဝါးဝါးလမ်းလျှောက်ရသည့်နှယ်ပင် ဘဝခရီး တွင် အန္တရာယ်ကြီးလှသည်။ မသိခြင်းသည် အဝိဇ္ဇာပင်ဖြစ်သည်။
မသိသူမဖြစ်စေဖို့   ငယ်စဉ်အခါတွင်  ပညာသင်ကြရသည်။ ကျောင်းသင်ပညာများကို သင်ကြားရန်အတွက် ငယ်ဘဝတစ်လျှောက် လုံးကို ပညာရှာသည့်အရွယ်အဖြစ် သတ်မှတ်ကာ လေ့လာသင်ယူ ကြရသည်။   ကျောင်းသင်ပညာများ   သင်ယူခြင်းသည်  ဘဝ တစ်လျှောက်လုံးအတွက် ဗဟုသုတများ ရှာမှီးနိုင်ရန် အခြေခံများကို ဖြည့်ဆည်းခြင်းသာဖြစ်ပြီး ကျောင်းပြီးသည်နှင့် နောက်ထပ်လေ့လာ ဆည်းပူးရန် မလိုတော့ဘဲ ပြီးပြည့်စုံပြီဟူသည့် အဓိပ္ပာယ်မဟုတ်သည် ကိုလည်း နားလည်ထားကြရသည်။ ဆာဖရန်စစ်ဘေကွန်ကဲ့သို့ပင် ၁၆ ရာစုအတွင်းက ပေါ်ထွန်းခဲ့သည့် မြန်မာရဟန်းပညာရှိ ရှင်မဟာ ရဋ္ဌသာရက “အဋ္ဌာရသ၊ သိပ္ပမကြွင်း၊ နှလုံးသွင်း၍၊ အခင်းအရာ၊ ရှိသောခါလည်း၊      နှုတ်ပါလက်ရေး၊   ဇယ်ထောင်သောင်းကို၊ ဒိုးကောင်းပြေးသို့ ၊  လူရေးလူရာပီလှစေ။”ဟူ၍  ဆုံးမကာ ပညာကို ကျွမ်းကျင်တတ်မြောက်အောင် လေ့လာသင်ကြားပြီး အဖိုးတန်လှ သည့် လူတစ်ဦးဖြစ်လာအောင် ကြိုးပမ်းကြရန် တိုက်တွန်းခဲ့သည်။
ကိုဗစ်-၁၉ ကမ္ဘာနာကပ်ရောဂါနှင့် နိုင်ငံရေးအပြောင်းအလဲတို့အကြောင်းပြုသည့်   အကြမ်းဖက်အရေးတို့ကြောင့်   အခြေခံပညာ ကျောင်းများ၊ တက္ကသိုလ်ကောလိပ်များ ယာယီအားဖြင့် ပိတ်ခဲ့ရသည်။ ယခု ကိုဗစ်-၁၉ ရောဂါကူးစက်မှု တစ်စတစ်စ ကျဆင်းလာချိန်တွင် ပညာရှာသည့်အရွယ်  ကလေးငယ်များ  ပညာသင်အခွင့်အလမ်းတို့မဆုံးရှုံးဖို့     ကျောင်းများပြန်လည်ဖွင့်လှစ်လာရသည့်အချိန်တွင် အနှောင့်အယှက်၊    အဟန့်အတားများစွာ၊   ခြိမ်းခြောက်မှုများစွာတို့ ပေါ်ထွက်လာသည်။ ဆရာ ဆရာမများကို ခြိမ်းခြောက်၊ မိဘများကို  ခြိမ်းခြောက်၊ ကျောင်းသား ကျောင်းသူများကို ခြိမ်းခြောက် စသည် ဖြင့် အကြမ်းဖက်သံ၊ ခြိမ်းခြောက်သံများကို ပြည်ပရောက်နေသူများက လေထဲမှ ပေးနေကြခြင်းဖြစ်ပြီး အသိတရား၊ စာနာတရားတို့ ကင်းမဲ့ စွာ မိုက်မိုက်မဲမဲ အကောင်အထည်ဖော်နေကြသူများမှာ ပြည်တွင်းမှ အကြမ်းဖက်သမားများပင်ဖြစ်သည်။ ဆရာ ဆရာမများကို သတ်ဖြတ် ခြင်း၊ ကျောင်းအဆောက်အဦများကို မီးရှို့ဖောက်ခွဲဖျက်ဆီးခြင်းက ကလေးငယ်တို့ ပညာသင်ကြားမှုဆုံးရှုံးခြင်းနှင့် ဉာဏ်ပညာအမှောင် ထုထဲသို့  သက်ဆင်းရခြင်းဟူသော ရလဒ်ဆိုးတို့သာ  ဖြစ်ပေါ်စေမည် ဖြစ်သည်။
မိမိတို့နိုင်ငံတွင်  နိုင်ငံသူ  နိုင်ငံသားတို့၏  ပျမ်းမျှပညာအဆင့် အတန်းမှာ  နိမ့်ကျနေသည်။  လူငယ်တစ်ဦးအနေဖြင့်  အနာဂတ် ရည်မှန်းချက်အတွက် ပညာသင်ကြားရန် လိုအပ်သည်။ အသိပညာ ရှင်၊ အတတ်ပညာရှင်လုပ်လုပ်၊ လယ်သမား၊ အလုပ်သမားလုပ်လုပ်၊ နိုင်ငံရေးသမားလုပ်လုပ်၊ မည်သည့်အလုပ်ပင် လုပ်စေကာမူ ပညာ တတ်ထားရန်၊ ပညာအခြေခံကောင်းမွန်ထားရန် လိုသည်။ ကျောင်း သင်ပညာ  ပြည့်စုံသည့်အခါ  ပြင်ပဗဟုသုတကြွယ်ဝစေရန်အတွက် စာကောင်းပေမွန်များ   ဖတ်ကြ၊  မှတ်ကြ၊  ခံစားကြဖို့ လိုသည်။ ဉာဏ်ရည်ပြည့်ဝပြီး   နှလုံးလှသူများအဖြစ်  ကလေးများကို  ပြုစု ပျိုးထောင်နိုင်ရေး  ပညာသင်ကြားမှုကို  အားပေးကြရန်သာ  ဖြစ်ပါ ကြောင်း။      ။