နယ်သာလန်ကို အနိုင်ယူပြီး အာဂျင်တီးနားအသင်း ဆီမီးဖိုင်နယ် တက်လှမ်း

 

ဒီဇင်ဘာ ၁၀ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့်  ကမ္ဘာ့ဖလားပြိုင်ပွဲကွာတားဖိုင်နယ်ပွဲစဉ်မှ  နယ်သာ လန်အသင်းနှင့် အာဂျင်တီးနားအသင်းတို့   ပွဲစဉ် တွင်   ပယ်နယ်တီအဆုံးအဖြတ်၌  အာဂျင်တီးနား   အသင်းက    လေးဂိုး-သုံးဂိုးဖြင့်     အနိုင်ရရှိကာ ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။ 

 


နယ်သာလန်အသင်းသည်  အစပိုင်းမိနစ်များတွင်  အာဂျင်တီးနားအသင်းပေါ်    ချဉ်းကပ်မှုဟန်ချက်ပျက် နေခဲ့ပြီး သွင်းဂိုးများ ခွင့်ပြုပေးခဲ့ရသည်။  ပွဲချိန် ၃၅ မိနစ်တွင်  အာဂျင်တီးနားအသင်း အဖွင့်ဂိုးရရှိခဲ့ပြီး မက်ဆီ၏  ဖန်တီးမှုမှ မိုလီနာက သွင်းယူနိုင်ခဲ့ သည်။      အဖွင့်ဂိုး   ခွင့်ပြုပေးခဲ့ရပြီးနောက်    နယ်သာလန်အသင်း ချေဂိုးရရှိရေး ကြိုးစား လာသော်လည်း လုံလောက်သည့် စွမ်းဆောင်မှု မျိုး     ပြသထားနိုင်ခြင်း    မရှိသောကြောင့်  ဝေးကွာခဲ့ရသည်။ 

 


ပွဲချိန် ၇၅ မိနစ်တွင် အာဂျင်တီးနားအသင်း ပယ်နယ်တီကန်သွင်းခွင့်ရရှိခဲ့ရာ   မက်ဆီက အမှားအယွင်းမရှိ        အဆုံးသတ်နိုင်ခဲ့သည့် အတွက်    နှစ်ဂိုးပြတ်ဖြင့် နယ်သာလန်အသင်းကို ဦးဆောင်ထားနိုင်ခဲ့သည်။      ပွဲချိန်ပြည့်ခါ နီးတွင် နယ်သာလန်အသင်း ချေပဂိုးများရရှိရေး   အရှိန်မြှင့်ကစားလာခဲ့ရာ  ပွဲချိန် ၈၃ မိနစ်နှင့် နာကျင်အချိန်ပိုတွင်  ဝက်ဟော့သ်က   သွင်းယူ နိုင်ခဲ့သည့်အတွက်     တစ်ဖက်   နှစ်ဂိုးစီဖြင့်    ပွဲပြီးဆုံးခဲ့သည်။ 

 


ထို့နောက်    သာမန်ပွဲကစားချိန်အတွင်း အရှုံးအနိုင်အဖြေမပေါ်သည့်အတွက် အချိန်ပို မိနစ် ၃၀ ဆက်လက်   ယှဉ်ပြိုင်ကစားခဲ့ရသည်။ အချိန်ပို မိနစ် ၃၀ တွင်လည်း   ပြတ်သားသည့် ရလဒ်ထွက်ပေါ်ထားခြင်း    မရှိသောကြောင့် ပယ်နယ်တီ   အဆုံးအဖြတ်    ခံယူခဲ့ရခြင်း ဖြစ်သည်။ 

 


ပယ်နယ်တီ  အဆုံးအဖြတ်တွင်  အာဂျင် တီးနားအသင်းက လေးဂိုး- သုံးဂိုးဖြင့် အနိုင် ရရှိခဲ့ကာ နောက်တစ်ဆင့် တက်လှမ်းနိုင်ခဲ့ သည်။   

 


ယခုပွဲစဉ်တွင်  အနိုင်ရရှိခဲ့သော   အာဂျင် တီးနားအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီး ဖိုင်နယ်တွင် ခရိုအေးရှားအသင်းနှင့်  ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။ 


ဇော်ဇော်