
ဝယ်လင်တန် ဇူလိုင် ၉
နယူးဇီလန်နိုင်ငံ တောင်ပိုင်းကျွန်း ကွင်းစ်တောင်းအနီးတွင် မိုးပျံ ပူဖောင်း မတော်တဆမှုကြောင့် လူ ၁၁ ဦးဒဏ်ရာရရှိခဲ့သည်ဟု ဒေသတွင်းမီဒီယာများတွင် ဖော်ပြ ကြသည်။
ဒဏ်ရာရရှိသူများထဲမှ တစ်ဦး မှာ ရောဂါလက္ခဏာ ပြင်းထန် သည်ဟု အခင်းဖြစ်ပွားရာနေရာ ရှိ ရဲတစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။ ကျန် ၁၀ ဦး မှာမူ အနည်းငယ် ဒဏ်ရာများသာ ရရှိခဲ့သည်။
လေလျော့နေသည့် မိုးပျံ ပူဖောင်းကြီးသည် သစ်ကိုင်းများ နှင့် ရိုက်မိသွားသည်ကို တွေ့မြင် ရပြီး အဆိုပါနေရာတွင် ဓာတ်အား လိုင်းကြိုးများစွာလည်း ရှိနေသည်။ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့၏ တောင်းဆိုချက်အရ ဓာတ်အား ပေးသည့်ကုမ္ပဏီသည် ဓာတ်အားများဖြတ်တာက်ခဲ့ရသည့်အတွက် အနီးအနားရှိ နေအိမ် ၁၆၀ ထက် မနည်း လျှပ်စစ်ဓာတ်အားပြတ် တောက်ခဲ့ရသည်ဟု သိရသည်။
မိုးပျံပူဖောင်း စီးနင်းခြင်းမှာ နယူးဇီလန်တွင် နာမည်ကျော် သည့် ခရီးသွားဆွဲဆောင်မှုတစ်ခုလည်းဖြစ်သည်။
ဆင်ဟွာ