ဩစတြေးလျအိုးပင်း အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် ရွိုင်ဘာကီနာ၊ အဇာရင်ကာတို့ နိုင်ပွဲရပြီး ဆီမီးဖိုင်နယ်တက်

 

ဩစတြေးလျအိုးပင်း အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ ကွာတားဖိုင်နယ် တွင်   နာမည်ကြီး  ရွိုင်ဘာကီနာ၊ အဇာရင်ကာတို့    ပြိုင်ဘက်ကို အနိုင်ယူကာ   ဆီမီးဖိုင်နယ်သို့ ထိုက်ထိုက်တန်တန်  တက်လှမ်း နိုင်ခဲ့ပြီ ဖြစ်သည်။ 

 


စတုတ္ထအဆင့်တွင် ကမ္ဘာ့နံပါတ်တစ် တင်းနစ်မယ် ဆွီယာတက်ခ်ကို အနိုင်ယူကျော်ဖြတ်ခဲ့သော အသက် ၂၃ နှစ်အရွယ် ကာဇက်စတန်တင်း နစ်မယ် ရွိုင်ဘာကီနာသည် ယခု ကွာတားဖိုင်နယ်အဆင့်တွင်လည်း နာမည်ကြီး လတ်ဗီးယားတင်းနစ်မယ် အော့စတာပင်ကို ကို ၆-၂၊ ၆-၄ ဖြင့်  နှစ်ပွဲပြတ်အနိုင်ရရှိကာ  ဆီမီးဖိုင်နယ်သို  တက်လှမ်းနိုင်ခဲ့သည်။

 


ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်


ထိုနည်းတူ အသက် ၃၃နှစ်အရွယ် ဘယ်လာရုစ်တင်းနစ်မယ် ဗစ်တိုးရီးယားအဇာရင်ကာသည်  ကွာတားဖိုင်နယ်တွင်  ပြိုင်ဘက် အမေရိကန်  တင်းနစ်မယ် ပီဂူလာကို ၆-၄၊ ၆-၁ ဖြင့် နှစ်ပွဲပြတ်အနိုင် ရရှိကာ ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ 

 


အကြိတ်အနယ်ယှဉ်ပြိုင်


ဩစတြေးလျအိုးပင်း အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်၌ အဇာရင်ကာသည် ဝင်ဘယ်ဒန် ချန်ပီယံ  ရွိုင်ဘာကီနာနှင့်  ဇန်နဝါရီ ၂၆ ရက်တွင် အကြိတ်အနယ်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။                

  
အောင်ဇော်