
ONE Friday Fights 67 ပြိုင်ပွဲကို ဇွန် ၁၄ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပရာ မြန်မာဖိုက်တာ မိုးထက်အောင် အမှတ်ဖြင့် အနိုင်ရခဲ့သည်။
မိုးထက်အောင်သည် ဂျပန် နိုင်ငံသား ကာဇူကီယာမာဂီရှီနှင့် ထိုးသတ်ခဲ့ပြီး သုံးချီပြည့်သည် အထိ အရှုံးအနိုင်မပေါ်သဖြင့် အမှတ်ဖြင့်ဆုံးဖြတ်ရာ မိုးထက် အောင် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ကာဇူကီယာမာဂီရှီသည် မိုးထက် အောင်ထက် အရပ်အမောင်း အနည်းငယ်မြင့်သော်လည်း လက်ရည်အရကွာခြားမှုမရှိခဲ့ဘဲ ပထမ အချီတွင် နှစ်ဦးစလုံးအပြန်အလှန် အထိနာအောင် ထိုးသတ်နိုင်ခဲ့သည်။ ဒုတိယအချီတွင်မူ မိုးထက်အောင် အနည်းငယ်သာလာပြီး လက်သီး ချက်များ၊ ခြေကန်ချက်များကြောင့် ကာဇူကီယာမာဂီရှီ ယိုင်ဆင်းလာခဲ့ သည်။ တတိယအချီတွင် မိုးထက်အောင်က အချိန်အများစု လက်ရည် အသာဖြင့် ထိုးသတ်နိုင်ခဲ့ပြီး လက်သီးချက်နှင့် ခြေကန်ချက်များအပြင် ဒူးတိုက်ချက်ကြောင့်လည်း ကာဇူကီယာမာဂီရှီအထိနာခဲ့ရာ အမှတ်ဖြင့် ဆုံးဖြတ်ရာတွင် မိုးထက်အောင် အနိုင်ရခဲ့ခြင်းဖြစ်သည်။
ညီမြတ်သော်တာ
ဓာတ်ပုံ - ONE Championship