
ရန်ကုန် ဇွန် ၁၁
ONE Friday Fights 67 ပြိုင်ပွဲကို ဇွန် ၁၄ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပမည်ဖြစ် ပြီး မြန်မာဖိုက်တာ မိုးထက်အောင် သည် ဂျပန်ဖိုက်တာနှင့် ထိုးသတ်ရ မည်ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် တွဲဆိုင်းစုစု ပေါင်း ၁၂ ပွဲ ပါဝင်မည်ဖြစ်ပြီး မိုးထက်အောင်နှင့် ကာဇူကီယာ မာဂီရှီပွဲကို ပွဲစဉ် (၅) တွင် ကျင်းပ မည်ဖြစ်သည်။ မိုးထက်အောင် သည် ONE Championship အဖွဲ့အစည်းနှင့် လက်တွဲပြီး နောက် ONE Friday Fights ပြိုင်ပွဲ တွင် ဒုတိယမြောက် ထိုးသတ်ခြင်း ဖြစ်ပြီး ပထမဆုံးပွဲအဖြစ် မတ်လ ကုန်ပိုင်းက ကျင်းပသည့် ONE Friday Fights-57 တွင် ဂျပန် ဖိုက်တာ မာရုယာမာနှင့် ယှဉ်ပြိုင် ထိုးသတ်ရာ တတိယအချီတွင် အလဲထိုးအနိုင်ရထားသည်။ ကာဇူ ကီယာမာဂီရှီသည် ကစ်ဘောင် ဆင်နှင့် မွေထိုင်းပွဲများ ထိုးသတ် နေသူဖြစ်သော်လည်း ONE Friday Fights ပြိုင်ပွဲတွင်မူ ပထမ ဆုံးထိုးသတ်ခြင်းဖြစ်သည်။
သောကြာညများတွင်ကျင်းပသည့် ONE Friday Fights ပြိုင်ပွဲတွင် မြန်မာဖိုက်တာများ၏ တွဲဆိုင်းများ ဆက်တိုက်ပါဝင်လာပြီး ယခု တစ်ပတ်တွင် မိုးထက်အောင် တွဲဆိုင်းထည့်သွင်းထားခြင်းဖြစ်သည်။
ညီမြတ်သော်တာ၊ ဓာတ်ပုံ-ONE Championship