ONE Friday Fights-69 ပြိုင်ပွဲတွင် ထိုင်းဖိုက်တာ ပေါင်ဆီရီကို စိုးလင်းဦး အလဲထိုးအနိုင်ရ

ရန်ကုန်  ဇူလိုင်  ၅
ONE Friday Fights-69 ပြိုင်ပွဲကို ဇူလိုင်   ၅  ရက်က    ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌    ကျင်းပရာ မြန်မာဖိုက်တာ  စိုးလင်းဦးသည် နာမည်ကြီး ထိုင်းမွေထိုင်းဖိုက်တာ ပေါင်ဆီရီကို အလဲထိုး အနိုင်ရရှိခဲ့ သည်။
စိုးလင်းဦးသည်   ONE   နှင့် လက်တွဲပြီးနောက် ရလဒ်ကောင်း များ       ဆက်တိုက်ရရှိထားသူ ဖြစ်ပြီး    ယခုပွဲတွင်လည်း    ပွဲကို နည်းဗျူဟာကျကျ ပြင်ဆင်ကာ အနိုင်ယူနိုင်ခဲ့ခြင်းဖြစ်သည်။ ပထမ အချီတွင် ပြိုင်ဘက်ကစားသမား အနေအထားကို   လေ့လာခဲ့ပြီး ပထမအချီပြီးခါနီးမှ    စတင်ကာ တိုက်စစ်ဆင်ခဲ့ခြင်း    ဖြစ်သည်။ စိုးလင်းဦးသည်      ယခုပွဲတွင် လက်သီးချက်များကို    အဓိက အသုံးပြုခဲ့ပြီး   ဒုတိယအချီ   ၂၉ စက္ကန့်တွင်    ပင့်လက်သီးဖြင့် ပေါင်ဆီရီ   အနိုင်ယူခဲ့ခြင်းဖြစ် သည်။ စိုးလင်းဦးသည် အလဲထိုး အနိုင်ရခဲ့သဖြင့် ONE Champion-ship   အမှုဆောင်အရာရှိချုပ် ချက်သရီဆစ်ယိုထောင်း   ချီးမြှင့် သည့် အပိုဆုကြေး ဘတ်သုံးသိန်း ခွဲရရှိခဲ့သည်။
စိုးလင်းဦးသည် ONE Cham-pionship နှင့် လက်တွဲအပြီး ယခု နှစ်အတွင်း သုံးပွဲထိုးသတ်ရာ သုံးပွဲ စလုံး  အလဲထိုးများဖြင့်   အနိုင်ရ ထားသည်။     

ညီမြတ်သော်တာ
ဓာတ်ပုံ-ONE Championship