ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်တွင် ရခိုင်ပြည်နယ်သို့ သယ်ဆောင်မည့် ငွေကျပ် ၁ ဒသမ ၇၄ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၁ ဒသမ ၆ သိန်း ဖမ်းဆီးရမိ

 

နေပြည်တော်    ဇွန်   ၁၈ 


ပဲခူးတိုင်းဒေသကြီး  ပန်းတောင်း မြို့နယ်တွင်    ရခိုင်ပြည်နယ်သို့ သယ်ဆောင်မည့်     ငွေကျပ်   ၁ ဒသမ   ၇၄   ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၁ ဒသမ ၆ သိန်း ဖမ်းဆီးရမိကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁၆ ရက် နံနက် ၁ နာရီတွင်    ပဲခူးတိုင်း ဒေသကြီး    ပန်းတောင်းမြို့နယ် ရွှေပြည်သာကျေးရွာ၏  အရှေ့ဘက် ၂   မိုင်ခန့်အကွာရှိ   ထွန်းကျော်၏ တောင်ယာတဲကို    သတင်းအရ ရှာဖွေရာ   ထွန်းကျော်၊   ဌေးဝင်း၊ ဇော်မြင့်နိုင်၊          သန်းထွန်းလေး၊ ကိုဖြိုး၊   ဇော်မင်းလှိုင်၊   မြင့်အေး၊အောင်ကျော်ဆန်း၊   ထက်လင်းစိုး နှင့်  စိုးလင်းအောင်တို့ ၁၀ ဦးအား ဒေသကာလ        တန်ဖိုးငွေကျပ်  ၁  ဒသမ   ၇၄     ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၁ ဒသမ ၆   သိန်းနှင့်အတူ   ဖမ်းဆီးရမိခဲ့ ပြီး   စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ    စိတ်ကြွရူးသွပ် ဆေးပြားများအား   ပန်းတောင်း မြို့နယ်မှ    ရခိုင်ပြည်နယ်     အမ်း မြို့နယ်သို့ ဆက်လက်သယ်ဆောင် မည်ဖြစ်ကြောင်း         သိရှိရသဖြင့် စိတ်ကြွရူးသွပ်      ဆေးပြားများ သယ်ဆောင်ခိုင်းသူ  မြတ်သူဝင်း (ခ)နောင်နောင်နှင့်   သိန်းစိုးတို့  အပါ အဝင် ၁၂ ဦးအား ဥပဒေအရ အရေးယူထားရှိပြီး    ကွင်းဆက် ပြစ်မှု        ကျူးလွန်သူများအား ဆက်လက်စစ်ဆေး   ဖော်ထုတ် လျက်ရှိကြောင်း     သတင်းရရှိ သည်။                    

သတင်းစဉ်