PDF အမည်ခံအကြမ်းဖက်သမားများက မြိုင်မြို့နယ် ရွာကုန်းကျေးရွာမှ ကျောင်းထိုင်ဆရာတော်နှင့် ဖခင်ဖြစ်သူတို့ကို ရက်ရက်စက်စက်လုပ်ကြံသတ်ဖြတ်

 

နေပြည်တော်  ဇန်နဝါရီ   ၈


အကြမ်းဖက်အဖွဲ့အစည်းများအဖြစ်   ထုတ်ပြန် ကြေညာထားသည့် NUG၊ CRPH  နှင့်    ၎င်းတို့ ၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမား များ၏ ရက်ရက်စက်စက် သတ်ဖြတ်မှုကြောင့် မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်   ရွာကုန်း ကျေးရွာရှိ ဆရာတော်တစ်ပါး ပျံလွန်တော်မူ ခဲ့ပြီး ဆရာတော်၏ ဖခင်ဖြစ်သူတို့   သေဆုံး ခဲ့ကြောင်း သိရှိရသည်။ 

 


လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့


ဖြစ်စဉ်မှာ မြိုင်မြို့နယ်   ရွာကုန်းကျေးရွာ ရှိ  မဟာနန္ဒီမကျည်းတောကျောင်းတိုက်၌ သီတင်းသုံးနေထိုင်သည့်   ကျောင်းထိုင်ဆရာ တော် ဉူးခေမာသာရ (၄၈နှစ်) ဝါတော်(၂၀) နှင့်  ဖခင်ဖြစ်သူ ဦးလှပြူးတို့နှစ်ဦးသည် ကျောင်းတိုက် ၌ရှိစဉ်  ဇန်နဝါရီ   ၇  ရက်  ည ၇ နာရီခန့်တွင်  PDF အမည်ခံအကြမ်းဖက်သမားများ  ရောက်ရှိ လာပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။

 


လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်


အထက်ပါဖြစ်စဉ်တွင်   ဆရာတော်နှင့် ဖခင်ဖြစ်သူတို့အား ရက်ရက်စက်စက် လုပ်ကြံ သတ်ဖြတ်ခဲ့သည့် PDF အမည်ခံ အကြမ်းဖက် သမားများအား    လုံခြုံရေးတပ်ဖွဲ့ဝင်များက အမြန်ဆုံးဖမ်းဆီးရမိရေး လိုအပ်သည့် လုံခြုံ ရေးလုပ်ငန်းများ   တိုးမြှင့်ဆောင်ရွက်လျက် ရှိကြောင်းနှင့်    အကြမ်းဖက်သမားများအနေဖြင့် မြန်မာနိုင်ငံသား အများစုကိုးကွယ်ရာဖြစ်သော ဗုဒ္ဓဘာသာ၏ ရဟန်းသံဃာများကို ယခုကဲ့သို့ သတ်ဖြတ်နေမှုများကို   ပြည်သူတစ်ရပ်လုံး အနေဖြင့် ဝိုင်းဝန်းပူးပေါင်းကာကွယ်သွားကြ ရန်   လိုအပ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်