ပြေးခုန်ပစ် မီတာ ၁၀၀၀၀ ပြိုင်ပွဲတွင် မြန်မာ ကြေးတံဆိပ်တစ်ခု ရရှိ

 

ရန်ကုန်  မေ  ၁၁ - (၃၂) ကြိမ်မြောက် ဆီးဂိမ်း ပြေးခုန်ပစ်ပြိုင်ပွဲကို မေ ၁၁ ရက် က ဆက်လက်ကျင်းပရာ မြန်မာပြေးခုန်ပစ်အဖွဲ့  ကြေးတံဆိပ်တစ်ခု ထပ်မံရရှိခဲ့ သည်။
မြန်မာပြေးခုန်ပစ်အဖွဲ့အတွက် ကြေးတံဆိပ်ဆုကို အမျိုးသား မီတာ ၁၀၀၀၀ ပြိုင်ပွဲတွင် သန်းထိုက်စိုးက ရရှိခဲ့ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲတွင် အင်ဒိုနီးရှား ကစားသမား ရီကီက ၃၁ မိနစ် ၀၈ ဒသမ ၈၅၀ စက္ကန့်ဖြင့် ရွှေတံဆိပ်၊  စင်ကာပူ ကစားသမား  ရူအီယန်းက ၃၁  မိနစ် ၁၀ ဒသမ ၇၀၀ စက္ကန့်ဖြင့် ငွေတံဆိပ်၊ သန်းထိုက်စိုးက ၃၁ မိနစ် ၂၅ ဒသမ ၅၅၀ စက္ကန့်ဖြင့် ကြေးတံဆိပ် ရရှိခဲ့သည်။
မြန်မာပြေးခုန်ပစ်အဖွဲ့သည် မေ ၁၁ ရက် ပွဲစဉ်များအပြီးထိ ကြေးတံဆိပ်နှစ်ခု ရရှိထားသည်။                                                   ရဲရင့်လွင်