
နေပြည်တော် ဇူလိုင် ၇
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၆ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအနီးဆောင်းချိန်- မှော်ဆီဇာကျေးရွာသွား ကားလမ်း တွင် ချာလီ မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၄၀၀ ကို လည်းကောင်း၊ယင်းနေ့ ညနေ ၅ နာရီတွင် မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက် အမှတ်(၁/၄၃)နေ ဒေါင်ခေါင်း၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၄၈ ကီလို၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၅၅၅၀ ကို လည်းကောင်း၊ ထို့နောက် ဇူလိုင် ၆ ရက် မွန်းလွဲ ၃ နာရီခွဲတွင် ကွမ်းလုံမြို့ ဉာဏသိပ္ပံရပ်ကွက်ရှိ ကျင်းချန်၏နေအိမ်သို့ ဝင်ရောက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၆၀၀ ၊ ဘိန်းဖြူ သုည ဒသမ ၀၂၄ ကီလိုကို လည်းကောင်း။
ယင်းနောက် ဇူလိုင် ၅ ရက် မွန်းလွဲ ၃ နာရီခွဲတွင် လားရှိုးမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် လားရှိုး မြို့ အမှတ် (၁၁) ရပ်ကွက်တွင် မသင်္ကာဖွယ် တွေ့ရှိသူ အိုက်ယူး ကို စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၂၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထား ကြောင်း သိရသည်။
ရဲပြန်ကြား