
နေပြည်တော် ဩဂုတ် ၂
ဖျာပုံမြို့နယ်တွင် မလေးရှားနိုင်ငံ ပင်လယ်ရေပြင်သို့ ပို့ဆောင်မည့် ငွေကျပ် ၆၉ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၂ ဒသမ ၃ တန်နှင့်အတူ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၂ ရက် မွန်းလွဲ ၁ နာရီတွင် သတင်းအရ ဧရာဝတီတိုင်းဒေသ ကြီး ဖျာပုံမြို့နယ် ကမ်းနားကွင်း ကျေးရွာ ခါးပြတ်ချောင်းအတွင်း မောင်းနှင်လာသည့် ကုန်တင်စက် လှေအား စစ်ဆေးရန် ရပ်တန့် ခိုင်းစဉ် ရပ်တန့်ခြင်းမရှိဘဲ အရှိန် တင် မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ဌေးအောင်၊ ကျော်မြင့်နိုင်၊ ရဲဝင်းနိုင်၊ စောဟန် နှင့် ဆိတ်ဖေတို့ ငါးဦးကို ဒေသ ကာလတန်ဖိုးငွေကျပ် ၆၉ ဘီလီယံ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး အိုက်စ် (မက်သ်အဖက်တမင်း) ၂ ဒသမ ၃ တန်နှင့်အတူ ဖမ်းဆီးရ မိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက် အရ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် (ခ)ရပ်ကွက် မြရတနာ (၈) လမ်းရှိ ဖမ်းမိစက်လှေပိုင်ရှင် လှမောင် ကြီး၏ နေအိမ်မှ ပစ္စတိုသေနတ် တစ်လက်၊ ကျည်အိမ် တစ်ခု၊ ၉ မမကျည်အတောင့် ၅၀ နှင့်အတူ ထွန်းအောင် ကိုလည်းကောင်း၊ သိမ်းဆည်းရမိ အိုက်စ်များ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ များဖြစ်သည့် သန်းဌေး(ခ)အရှည် ကြီးအား ဖျာပုံမြို့နယ် ဆင်မ ကျေးရွာ၌လည်းကောင်း၊ စက်လှေ ပိုင်ရှင် လှမောင်ကြီးနှင့် ပဲ့နင်း သားကြီး(ခ) ဇော်သိန်းလှိုင် တို့ကို လှိုင်သာယာ(အနောက်ပိုင်း) မြို့ နယ် (၁၁)ရပ်ကွက်တွင် PRADO မော်တော်ယာဉ် တစ်စီးနှင့်လည်း ကောင်း၊ မင်းမျိုးထွန်း (ခ) ကိုမျိုး အား ပြင်ဦးလွင်မြို့နယ် ပြင်စာ ကျေးရွာ၌ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှ ရရှိ သည့် ငွေကျပ်သိန်း ၁၉၀ နှင့် လည်းကောင်း၊ အောင်ဆင့် ထွန်း (ခ) ကိုဆင့် (ခ) ကိုစိုင်းနှင့် ထိန်လင်းအောင်(ခ) ရောဘတ် (ခ)ခွန်ရဲလင်းဦးတို့အား ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ထောင်စု လမ်းမရှိ ဧည့်ရိပ်သာတွင် TOYOTA LANDCRUISER မော်တော်ယာဉ် တစ်စီး၊ HILUX SURF မော်တော်ယာဉ် နှစ်စီးနှင့် လည်းကောင်း အသီးသီးဖမ်းဆီး ရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက် များအရ သိမ်းဆည်းရမိ အိုက်စ် (မက်သ်အဖက်တမင်း) များကို ရှမ်းပြည်နယ် (တောင်ပိုင်း)မှ မလေးရှားနိုင်ငံ ပင်လယ်ရေပြင်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိ ရသဖြင့် ၎င်းတို့ကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ် လျက်ရှိကြောင်းနှင့် အမှုတွင် ဆက်စပ်ပါဝင်သူများ၏ ငွေကြေး အကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှု များကို ငွေကြေးခဝါချမှု တိုက်ဖျက် ရေးဥပဒေအရ ဆက်လက်အရေး ယူသွားမည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်