
ဖေဖော်ဝါရီ ၁၂ ရက် တနင်္ဂနွေနေ့မှာ ပရီမီယာလိဂ်ပွဲစဉ် (၂၃) မှ လိဒ်စ်နဲ့ မန်ယူ၊ မန်စီးတီးနဲ့ ဗီလာပွဲစဉ်တွေ ကို ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး နောက်ရက် တနင်္လာနေ့မှာ လီဗာပူးနဲ့ အဲဗာတန်အသင်းတို့ ပွဲစဉ်ကို ဆက်လက်ယှဉ်ပြိုင်ကစားသွားမှာပါ။ ဒါကြောင့် ဘယ်အသင်း ရလဒ်ကောင်းပိုင်ဆိုင်သွား မလဲ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာဖြစ်ပါတယ်။
အဲဗာတန်နဲ့ လီဗာပူး
အဲဗာတန်နဲ့ လီဗာပူး မာဆေးဆိုက်ဒ် ဒါဘီပွဲ ဖြစ်တာကြောင့် ပြိုင်ဆိုင်မှုပြင်းထန်မှာပါ။ ရလဒ်ဆိုး တွေကြုံတွေ့နေတဲ့ အသင်းနှစ်သင်း ဖြစ်တာကြောင့် နိုင်ပွဲရရှိရေး အားစိုက်ကစားလာမှာပါ။ ပြီးခဲ့တဲ့ပွဲမှာ ဦးဆောင်သူ အာဆင်နယ်ကို အနိုင်ရရှိထားတဲ့ အဲဗာတန်က ယခု လီဗာပူးကိုလည်း အနိုင်ယူသွားဖွယ်ရှိတယ်။
ပြီးခဲ့တဲ့ပွဲစဉ်မှာ ဗီလာရော မန်စီးတီးရော ရှုံးပွဲကြုံတွေ့ထားတာ ကြောင့် နှစ်သင်းစလုံး နိုင်ပွဲပြန်လည်ရရှိဖို့ အသေအချာပြင်ဆင်လာမှာပါ။ ဗီလာက ခြေစွမ်းမဆိုးပေမယ့် တိုက်စစ်ထက်မြက်တဲ့ မန်စီးတီးကို အနိုင်ရဖို့ မလွယ်ဘူး။
လိဒ်နဲ့ မန်ယူတို့ ဒုတိယအကျော့ တွေ့ဆုံပွဲဖြစ်ပြီး ဖေဖော်ဝါရီ ၉ ရက်က ပွဲစဉ်မှာ မန်ယူက ဂိုးကန်သွင်းခွင့်အသာနဲ့ ပွဲကို ထိန်းချုပ်ကစား နိုင်ခဲ့ပေမယ့် အသင်းကစားသမားတွေ အဆုံးသတ်အားနည်းမှုနဲ့ ပြိုင်ဘက် အသင်းခံစစ်နဲ့ ဂိုးသမားတို့ ကောင်းမွန်မှုကြောင့် သရေကျ ခဲ့တာ ဖြစ်တယ်။ ဒီတစ်ကြိမ်တွေ့ဆုံမှုမှာတာ့ မန်ယူနိုင်မယ်။
မိုးစက်