
မနီလာ နိုဝင်ဘာ ၂၃
ဖိလစ်ပိုင်နိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၁၅၃ ဦး ထပ်မံ တွေ့ရှိရသဖြင့် နိုင်ငံအတွင်း ကူးစက်ခံရ သူပေါင်း ၂၈၂၇၈၂၀ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြား သည်။
ထို့ပြင် ကိုဗစ်-၁၉ ရောဂါကြောင့် ၁၉၅ ဦး ထပ်မံသေဆုံးသဖြင့် သေဆုံးသူ ပေါင်း ၄၇၄၈၂ ဦးရှိလာသည်။ လက်ရှိ အချိန်၌ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိဆဲလူနာ ၁၈၇၂၁ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြား သည်။ မနီလာ မြို့ပြဒေသရှိ လူဦးရေ၏ ၉၄ ရာခိုင်နှုန်းမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူပြီးစီး ကြောင်း ဖိလစ်ပိုင်အစိုးရအဖွဲ့ အတွင်း ရေးမှူး ကာလို့နိုရာလက်က ပြောကြား သည်။
လူဦးရေ ၁၃သန်းကျော် နေထိုင် သော ၎င်းဒေသတွင် လူဦးရေ ၉ ဒသမ ၈ သန်းကို လက်ရှိအချိန်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရန် ဖိလစ်ပိုင် အစိုးရက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ လက်ရှိအချိန်၌ နိုင်ငံတစ်ဝန်း ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးစီးသူ ၃၃ ဒသမ ၈ သန်းရှိကြောင်း သိရသည်။ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံသည့် နေ့ရက်ဖြစ်သော မတ် ၁ ရက်မှ လက်ရှိ အချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးအလုံးရေ ၇၆ ဒသမ ၅ သန်းကျော် အား ထိုးနှံပေးခဲ့ကြောင်း ဖိလစ်ပိုင်အစိုးရ က ပြောကြားသည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကြောင့် သေဆုံးသူများ၏ ၉၃ ရာခိုင်နှုန်း ကျော်မှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ရေအပြည့် ထိုးနှံမှုမခံယူခဲ့သဖြင့် သေဆုံးခြင်းဖြစ်သဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူရန် လိုအပ်မည်ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။ လူဦးရေ သန်း ၁၁၀ နေထိုင်သော ဖိလစ်ပိုင်နိုင်ငံ၌ ၂၂ ဒသမ ၅ သန်းကျော်မှာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးပြီးဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ
n