
ONE Championship အဖွဲ့အစည်းက စီစဉ်သည့် ONE 164 ပြိုင်ပွဲကို ဒီဇင်ဘာ ၃ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ Mall of Asia Arena ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာ MMA ဖိုက်တာ ထီရယ်လ်ထန် တွဲဆိုင်းအပါအဝင် ပွဲစဉ် ၁၁ ပွဲ ပါဝင်မည်ဖြစ်သည်။
ONE Championship အဖွဲ့အစည်းသည် ယင်းပြိုင်ပွဲကို အပိုင်းနှစ်ပိုင်းခွဲ၍ ကျင်းပမည်ဖြစ်ပြီး အပိုင်း-၁ တွင် ငါးပွဲ၊ အပိုင်း-၂ တွင် ခြောက်ပွဲ ပါဝင်မည်ဖြစ်သည်။ အပိုင်း-၂ Main Card တွင် အဓိကတွဲဆိုင်းများ ပါဝင်မည်ဖြစ်ပြီး ထီရယ်လ်ထန် သည် ဖိလစ်ပိုင်နိုင်ငံသား ဂျီရီမီပက်ကာတူနှင့် ထိုးသတ်ရမည်ဖြစ် သည်။ ထီရယ်လ်ထန်နှင့် ပက်ကာတူတို့ ပွဲစဉ်ကို အပိုင်း-၂ ၏ ဒုတိယပွဲအဖြစ် ကျင်းပမည်ဖြစ်သည်။ ထီရယ်လ်ထန်သည် ONE Championship အဖွဲ့အစည်းနှင့် လက်တွဲအပြီး စိန်ခေါ်ပွဲ ငါးပွဲထိုးသတ်ထားရာ သုံးပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားပြီး နောက်ဆုံး ထိုးသတ်သည့်ပွဲတွင် တားမြစ်ထားသည့်နေရာအား ထိုးသတ်မိသဖြင့် ပွဲမပြီးမီ ရပ်နားခဲ့ရ သည်။ ထီရယ်လ်ထန်သည် ယခုနှစ် ဖေဖော်ဝါရီတွင် စိန်ခေါ်ပွဲထိုးသတ် ပြီးနောက် နှစ်ကုန်ပိုင်းမှသာ ဒုတိယမြောက်ပွဲစဉ် ထိုးသတ်ရခြင်းဖြစ် သည်။ ယင်းပြိုင်ပွဲတွင် အဓိကတွဲဆိုင်းအဖြစ် Strawweight World Championship အဖြစ် ဖိလစ်ပိုင်နိုင်ငံသား ပက်ဆီယိုနှင့် အမေရိကန် နိုင်ငံသား ဘရော့ခ်၊ ဒုတိယအဓိကတွဲဆိုင်းအဖြစ် Flyweight Muay Thai World Grand Prix Final ဖြစ်သော ထိုင်းနိုင်ငံသားနှစ်ဦးဖြစ် သည့် ဆူပါလိခ်နှင့်ပန်ပါရတ်တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။
ရဲရင့်လွင် ၊ ဓာတ်ပုံ- ONE