
ဝမ်းချန်ပီယံရှစ် ၁၆၁ မှ ဖယ်သာဝိတ်တန်း မွေထိုင်းကမ္ဘာ့ ချန်ပီယံလုပွဲအဖြစ် လာမည့် စက်တင်ဘာ ၂၉ ရက်တွင် စင်ကာပူ နိုင်ငံ၌ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြတော့မည် ဖြစ်သည်။
အဆိုပါ ဖယ်သာဝိတ်တန်း မွေထိုင်းကမ္ဘာ့ချန်ပီယံလုပွဲတွင် ဖယ်သာဝိတ်တန်းမွေထိုင်း ကမ္ဘာ့ချန်ပီယံဆုကို လေးကြိမ်ဆွတ်ခူး ရရှိထားသည့် ပက်ချန်မိုရာကော့က ၎င်း၏ ခါးပတ်ကာကွယ်ပွဲ အတွက် အားပါပြင်းထန်သော လက်သီးထိုးချက်များကြောင့် နာမည်ကြီးသည့် တာဝမ်ချိုင်နှင့် ထိုးသတ်သွားရမည် ဖြစ်သည်။ ထို့အပြင် ဟဲဗီးဝိတ်ကစ်ဘောက်ဆင်ကမ္ဘာ့ဂရန်းပရီဆီမီးဖိုင်နယ် ပွဲစဉ်တွင် ယူကရိန်းနိုင်ငံသား ရိုမန် ကိုင်လီအာနှင့် ဘရာဇီး နိုင်ငံ သား ဂူတို အင်အိုဆန့်တီ၊ အီရန်နိုင်ငံသား အဇစ်ပူအာနှင့် ဘရာဇီး နိုင်ငံသား ဘရူနို ချဗက်စ်တို့ ထိုးသတ်သွားမည်ဖြစ်သည်။
မိုးဇက်