ပါလီမန်လွှတ်တော်ကိုယ်စားလှယ်များသည် ဘွဲ့ဒီဂရီတစ်ခု မဖြစ်မနေရရှိသင့်ပါသလား

Type

 

ရှင်ကုကူး
 

၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ Addis Ababa မြို့၌ စိန့်မေရီတက္ကသိုလ်ကကြီးမှူးကျင်းပသည့် (၁၆) ကြိမ်မြောက် ပုဂ္ဂလိကအဆင့်မြင့် ပညာရေးနှင့်စပ်လျဉ်းသည့် နိုင်ငံတကာဆွေးနွေးပွဲတွင် အီသီယိုပီးယားဥပဒေပြုလွှတ်တော်ကိုယ်စားလှယ်များသည် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူများဖြစ် သင့်ကြောင်း Deamtew Teferaa က အဆိုပြုခဲ့ပါသည်။ ဤဆောင်းပါးတွင် ခေတ်သစ်နိုင်ငံရေးလောကအတွင်းသို့ ဝင်ရောက်မည့်နိုင်ငံအနေဖြင့် လွှတ်တော် ကိုယ်စားလှယ်သည် မိမိဆွေးနွေးမည့်အကြောင်းအရာနှင့်စပ်လျဉ်း၍ ဗဟုသုတ ကြွယ်ဝပြည့်စုံရုံသာမက တစ်ချိန်တည်းမှာပင် ပညာတတ်တစ်ဦးဖြစ်သင့်ကြောင်း တိုက်တွန်းထားပါသည်။


ပါလီမန်လွှတ်တော်  ကိုယ်စားလှယ်များသည် မိမိတို့နိုင်ငံနှင့်   နိုင်ငံတကာအတွက်  အကျိုးရှိစေ မည့် ဥပဒေများ ပြဋ္ဌာန်းရန်တာဝန်ရှိပါသည်။ တာဝန် ကျေပွန်၍ ကိုယ်ကျင့်တရားကောင်းသော တာဝန်ခံ/တာဝန်ယူမှုရှိသည့် လွှတ်တော်ကိုယ်စားလှယ်      ဆိုသည်မှာ ဥပဒေ၊ မူဝါဒနှင့် စာရွက်စာတမ်းများအပေါ်  နားလည်သဘောပေါက်နိုင်စွမ်း၊ သုံးသပ်၍ ခွဲခြမ်း စိတ်ဖြာနိုင်စွမ်း၊ ဆန်းစစ်ဝေဖန်နိုင်စွမ်း၊ အတည်ပြု နိုင်စွမ်း၊ လက်မှတ်ရေးထိုး၍ ပြဋ္ဌာန်းနိုင်စွမ်းရှိရ မည်ဖြစ်ပါသည်။


လူမှုရေးအရသော်လည်းကောင်း၊ နိုင်ငံရေးအရ သော်လည်းကောင်း၊ စီးပွားရေးအရသော်လည်း ကောင်း ရှုပ်ထွေးပွေလီလှသည့် ၂၁ ရာစုသည် ယင်း အခြေအနေအရပ်ရပ်ကို   နားလည်နိုင်စွမ်းရှိသော အရည်အချင်းနှင့် အရည်အသွေးပြည့်စုံသည့် ဥပဒေ ပြုလွှတ်တော်ကိုယ်စားလှယ်များ    လိုအပ်ကြောင်း မီးမောင်းထိုးပြလျက်ရှိပါသည်။     ထို့ကြောင့်လည်း နိုင်ငံတော်တော်များများတွင်  လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ကောလိပ်ကျောင်း၏ အသိအမှတ် ပြု အထောက်အထားရှိရေး အလေးထားဆောင်ရွက် လျက်ရှိပါသည်။


အချို့နိုင်ငံများတွင် လွှတ်တော်ကိုယ်စားလှယ် များသည် အရည်အသွေးနှင့်အရည်အချင်း ပြည့်စုံ ရမည်ဖြစ်သည့်အပြင် အတွေ့အကြုံရှိပြီး ထူးချွန် သည့် ဥပဒေအကြံပေး၊ ကော်မတီဝင်၊ ဝန်ထမ်းဖြစ် ရန် လိုအပ်ပြီး ၎င်းတို့၏အခန်းကဏ္ဍနှင့် လုပ်ငန်း ဝတ္တရားများသည်  လွယ်ကူနေခြင်းမျိုး မဟုတ်ပေ။ တက္ကသိုလ်အတန်းပညာမရှိသော လွှတ်တော်ကိုယ် စားလှယ်များရှိသည့်    အီသီယိုပီးယားကဲ့သို့သော နိုင်ငံတွင်  နိုင်ငံတော်ဘတ်ဂျက်လိုငွေပြနေမှုသည် သိသာထင်ရှားသည့် ပြယုဂ်တစ်ခုပင်ဖြစ်သည်။ 


အီသီယိုပီးယား၏   အိမ်နီးချင်းနိုင်ငံဖြစ်သည့် ကင်ညာနိုင်ငံအပါအဝင်  အခြားနိုင်ငံများကလည်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည်  အနည်းဆုံး တက္ကသိုလ်တစ်ခုမှဘွဲ့ရရှိသင့်သည်ဟု အဆိုပြုခဲ့ကြ ပါသည်။


ကင်ညာနိုင်ငံ


ကင်ညာနိုင်ငံ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့်   ၂၀၁၅   ခုနှစ်တွင်    ပြင်ဆင်ထားသည့် ရွေးကောက်ပွဲဥပဒေအမှတ် (၃)ပါ ပြဋ္ဌာန်းချက်များ သည်  အရေးပါကြောင်း   အတည်ပြုခဲ့ကြသည်။ သို့သော် ထိုအခြေအနေသည် လွှတ်တော်အတွင်းသို့ ရောက်ရှိရန် အတားအဆီးတစ်ခုအနေဖြင့် တည်ရှိ လျက်ရှိပါသည်။ ဥပဒေမူကြမ်းကို ထောက်ခံသူများ အနေဖြင့်လည်း “တိုင်းပြည်တိုးတက်လာသည်နှင့် အမျှ   မျက်မှောက်ခေတ်     ကမ္ဘာ့ရေးရာများနှင့် စပ်လျဉ်း၍ အမြင်ကျယ်ကျယ်ဖြင့် ခက်ခဲနက်နဲသည့် ပြဿနာများကို     ဖြေရှင်းနိုင်သော   လွှတ်တော် ကိုယ်စားလှယ်ကောင်းများ   ရှိသင့်ပါကြောင်း” ထောက်ခံပြောဆိုခဲ့ကြသည်။


ဂါနာနိုင်ငံ


ဂါနာနိုင်ငံရှိ      စီးပွားရေးတက္ကသိုလ်တစ်ခုမှ လွှတ်တော်ကိုယ်စားလှယ်များအပေါ် ပြည်သူ့အမြင် များနှင့်စပ်လျဉ်း၍ စစ်တမ်းတစ်ခုကောက်ယူခဲ့ရာ ဒေသဆယ်ခုမှ   ဖြေဆိုသူပေါင်း   ၂၃၄၆   ဦးအနက် အများစုက လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အနိမ့်ဆုံးပညာအရည်အချင်း   သတ်မှတ်ချက် အနေဖြင့် ပထမဘွဲ့ရရှိသူဖြစ်သင့်ပါကြောင်း ၆၇ ရာခိုင်နှုန်းက ဖြေဆိုခဲ့ကြသည်။


နိုင်ဂျီးရီးယား


နိုင်ဂျီးရီးယားနိုင်ငံတွင်    အထက်လွှတ်တော် ကိုယ်စားလှယ်ဦးရေ ၃၆၀  ရှိသည့်အနက် (၈) ကြိမ် မြောက်  အမျိုးသားလွှတ်တော်ဖွဲ့စည်းရာတွင် ဝိဇ္ဇာ သိပ္ပံဘွဲ့ရရှိသူများ၊  အထက်တန်းအောင်လက်မှတ် ကိုင်ဆောင်သူ ၂၆ ဦးနှင့် Ph.D ဘွဲ့ရရှိသူ ၁၃ ဦးတို့ ပါဝင်ခဲ့ပါသည်။


အမေရိကန်ပြည်ထောင်စု


အမေရိကန်ပြည်ထောင်စုတွင်         အထက် လွှတ်တော်ကိုယ်စားလှယ်များအားလုံး  ဘွဲ့ရပညာ တတ်များဖြစ်ကြပြီး အောက်လွှတ်တော် ၁၉ နေရာ တွင် Republican ပါတီမှ ကိုယ်စားလှယ် ၁၅ ဦးနှင့် Democratic ပါတီမှ ကိုယ်စားလှယ် ၄  ဦးတို့သည် ဘွဲ့ရရှိထားသူများဖြစ်ကြပါသည်။ အုပ်ချုပ်သူများထဲ တွင်လည်း  ကောလိပ်မှဘွဲ့မရရှိဘဲ  အုပ်ချုပ်သူအဖြစ် ဆောင်ရွက်နေသူဟူ၍    Utah   ဟု   ခေါ်ဆိုသည့် သေးငယ်သောပြည်နယ်ကို        အုပ်ချုပ်နေသည့် အုပ်ချုပ်သူတစ်ဦးသာ    ရှိပါသည်။  အမေရိကန် ပြည်ထောင်စုရှိ မဲဆန္ဒရှင်များ၏ ၄၀ ရာခိုင်နှုန်းကျော် သည်လည်း   ကောလိပ်မှ   ဒီဂရီရရှိထားသူများဖြစ် ပါသည်။ ကနေဒါ၊ အစ္စရေးနှင့် ဂျပန် စသည့်နိုင်ငံသုံး နိုင်ငံတွင်မူ ပညာတတ်မဲဆန္ဒရှင်များ ပိုမိုများပြားပါ သည်။


ဗြိတိန်နိုင်ငံ


ဗြိတိန်နိုင်ငံတွင်    လွှတ်တော်ကိုယ်စားလှယ် ၆၄၉ ဦးဖြင့် ဖွဲ့စည်းထားရှိသော အောက်လွှတ်တော်၌ ၈၄ ရာခိုင်နှုန်းသော လွှတ်တော်ကိုယ်စားလှယ် များသည် တက္ကသိုလ်ဘွဲ့ရများဖြစ်၍ ကျန် ၁၂၆ ဦး သည် ဘွဲ့လွန်ဒီဂရီရရှိထားသူများ ဖြစ်ကြပါသည်။


တန်ပြန်ငြင်းဆိုချက်


တရားဝင်ဘွဲ့တစ်ခုရရှိထားခြင်းသည်   တစ်စုံ တစ်ဦးအတွက် အရည်အသွေးရှိသည်၊ ထူးခြားသည့် အရည်အချင်းများနှင့်  ပြည့်စုံသည်ဟု မီးမောင်းထိုး ပြရုံမျှသာ  ဖြစ်ပါကြောင်း၊  သင်ယူခြင်းနှင့် တတ် မြောက်ခြင်းတို့အကြား ဆွေးနွေးငြင်းခုံမှုမျိုးမရှိပါက တက္ကသိုလ်မှရရှိသောဘွဲ့ဆိုသည်မှာ  ဘွဲ့ရရှိသူများ အတွက် မရှိမဖြစ်လိုအပ်သော အရည်အချင်းတစ်ခု ဖြစ်ကြောင်း အာမခံချက်ပေးနိုင်သည့်  အခြေအနေ တော့မရှိပေ။


အီသီယိုပီးယားအသိုက်အဝန်းတွင် ထူးခြား ချက်တစ်ခုမှာ    တက္ကသိုလ်ကို   မည်သည့်အခါမျှ တက်ရောက်ခဲ့ခြင်းမရှိဘဲ ၎င်းတို့၏ နိုင်ငံသားအခွင့် အရေး၊ အမျိုးသားရေးတာဝန်များကို ထမ်းဆောင် ရန်အတွက်  ထိုကဲ့သို့သော   ဥပဒေမျိုးက   မမျှမတ တားဆီးပိတ်ပင်ထားခြင်းပင်   ဖြစ်သည်ဟူသော ယူဆချက်ပင်ဖြစ်ပါသည်။


Addis Ababa ဆွေးနွေးပွဲနှင့် နောက်ဆက်တွဲ အခြားဆွေးနွေးပွဲများတွင်        အနည်းငယ်သော တက်ရောက်သူများက  ထိုကဲ့သို့သော   ဥပဒေသည် မျှတမှုမရှိသော၊ ခွဲခြားသော၊ အထက်တန်းဆန်သော ဥပဒေဟု    ခံစားရကြောင်း  ဆွေးနွေးခဲ့ကြပါသည်။ အချို့ကလည်း အနောက်နိုင်ငံများတွင်ပင် ထိုကဲ့သို့ သော ဥပဒေမျိုးမရှိကြောင်း ကိုးကားဆွေးနွေး ခဲ့ကြပါသည်။


အမေရိကန်တို့၏ အောင်မြင်မှုသမိုင်းကြောင်း ကို ပြန်လည်ကြည့်ပါကလည်း Bill Gates (Micr-osoft) ၊ Steve Jobs (Apple) နှင့် Larry Ellison (Oracle) တို့သည် ဘွဲ့ဒီဂရီရရှိထားသူများ  မဟုတ် သည်မှာလည်း   မှန်ကန်နေပါသည်။  ဖျော်ဖြေရေး လုပ်ငန်းများတွင်   ဦးဆောင်လျက်ရှိသော  Clint Eastwood ၊ Julia Roberts နှင့် George Clooney တို့သည်ပင် ထိုစာရင်းထဲတွင်  ပါဝင်လျက်ရှိပါသည်။ သို့သော်လည်း   ယခုကဲ့သို့တင်ပြမှုကို  တန်ပြန်-တန်ပြန် ငြင်းချက်ထုတ်ရမည်ဆိုပါက  ထိုအရာမျိုး သည် ခြွင်းချက်များဖြစ်သောကြောင့် အခြေခံအား ဖြင့်   ပြောရမည်ဆိုပါက     လေထဲတွင်တိုက်အိမ် ဆောက်၍မရဟုသာ ဆိုချင်ပါသည်။


ဆန္ဒစောနေခြင်းမျိုးလော


ယခုအဆိုပြုချက်သည်   ဆန္ဒစော၍   ပြောဆိုနေ ခြင်း မျိုးသာဖြစ်ကြောင်းလည်းတစ်ဦးက ထောက်ပြ ပြောဆိုခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အီသီယို ပီးယား၏  အဆင့်မြင့်ပညာရေးတွင်  ကျောင်းအပ် သည့်အရေအတွက်မှာ ယခုအချိန်ထိ ၁၀ ရာခိုင်နှုန်း ခန့်သာ ရှိသေးသည့်အတွက် ဖြစ်ပါသည်။ သို့သော် လည်း    လူဦးရေသန်းတစ်ရာရှိသည့်   နိုင်ငံ၌ တက္ကသိုလ်ပေါင်း ၄၅ ခုကျော်၊ ပုဂ္ဂလိက တက္ကသိုလ် နှင့် ကောလိပ်ပေါင်း ၁၃၀ ရှိရာ ခန့်မှန်းခြေအားဖြင့် ကျောင်းအပ်သူစုစုပေါင်း ၈၀၀၀၀၀ နီးပါးရှိ၍ နှစ်စဉ် ၁၀၀၀၀၀ ဘွဲ့ရရှိလျက်ရှိနေသည့်အတွက် သက်ဆိုင်  ရာမဲဆန္ဒနယ်အတွက် သင့်လျော်သည့်လွှတ်တော် ကိုယ်စားလှယ်လောင်း           ရှာဖွေရာတွင်  ထင်သလောက်  ခက်ခဲမှုမရှိနိုင်ကြောင်း  စာရေးသူ အနေဖြင့် ထင်မြင်မိပါသည်။


ယခုအဆိုပြုချက်ကို      နားလည်ရန်အတွက် အမျိုးမျိုးသော      နမူနာဇာတ်လမ်းများကိုလည်း ဖော်ပြရန်လိုအပ်ပါသည်။   မဲအပြတ်အသတ်ဖြင့် နိုင်နိုင်ခြေရှိသော မဲဆန္ဒနယ်များအတွက် အချိန် အတိုင်းအတာတစ်ခုအထိ ရွှေ့ဆိုင်းထားရန် လိုအပ် ပါသည်။   သတ်မှတ်ချက်ကို     ပြဋ္ဌာန်းရာတွင်လည်း ကိုယ်စားပြုအဖွဲ့ သို့မဟုတ် ပါတီတစ်ခုချင်း၌ ပါဝင် ကြသည့်  ဘွဲ့မရရှိသူများ၏  အရေအတွက်အပေါ် မူတည်၍လည်း ပြဋ္ဌာန်းရန် လိုအပ်ပါသည်။


နိဂုံး


ဥပဒေပြုရေးအဖွဲ့အနေဖြင့် သိသာထင်ရှားသော ပညာအရည်အချင်းနှင့်    လုပ်ငန်းကျွမ်းကျင်မှုများ ဆုတ်ယုတ်နေခြင်းသည်  ထိုအဖွဲ့အစည်းအတွက် သာမက နိုင်ငံတော်အတွက်လည်း  ဝန်ထုပ်ဝန်ပိုးတစ်ခုပင်ဖြစ်ပါသည်။   ယခုအဆိုပြုချက်သည် အရည်အချင်းရှိသောသူများ တာဝန်ပိုမိုထမ်းဆောင် ရမည့် အခြေအနေဖြစ်သကဲ့သို့ ဥပဒေပြုရေးအဖွဲ့၏ အဓိကရည်ရွယ်ချက်၊     သဘောထားများကိုလည်း အကောင်အထည်ဖော်ရန် တာဝန်ရှိလာမည်ဖြစ်ပါ သည်။ 


ယခုအဆိုပြုချက်သည် အငြင်းပွားဖွယ်ဖြစ်လာ မည်ဆိုပါက  အီသီယိုပီးယားလွှတ်တော်အမတ်များ သည် ၎င်းတို့နိုင်ငံအတွက် ဥပဒေများရေးဆွဲရာတွင် လည်းကောင်း၊ ၎င်းတို့၏ကြီးမားသော  လုပ်ငန်း တာဝန်များ အကောင်အထည်ဖော်စီမံဆောင်ရွက် ရာတွင်လည်းကောင်း    အရည်အချင်းပြည့်ဝစွာ ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိ ဆိုသည်မှာ   မဖြစ်မနေ မေးခွန်းထုတ်ရမည့်အချက်ပင် ဖြစ်ပါသည်။


လွှတ်တော်၏ အားမာန်မပါသော  လုပ်ဆောင် ချက်များနှင့်စပ်လျဉ်း၍ ဝေဖန်မှုများဖြစ်ပေါ်လျက် ရှိရာ လွှတ်တော်၏ ဖွဲ့စည်းပုံနှင့် ကိုယ်စားလှယ်များ ၏    အရည်အချင်းကို   ပြန်လည်ဆန်းစစ်နိုင်မည့် လမ်းကြောင်းကိုလည်း   ရှာဖွေရန်လိုအပ်ပါသည်။ စာရေးသူအနေဖြင့်   သတိပြုမိသည့်အချက်မှာ အခြားသောကဏ္ဍများအနေဖြင့်  နိုင်ငံတည်ဆောက် ရာတွင် အဓိကအစိတ်အပိုင်းများဖြစ်သည့် ဥပဒေပြု ရေးနှင့်  အုပ်ချုပ်ရေးဆိုင်ရာ   အဖွဲ့အစည်းများနှင့် အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများသည် အရည် အချင်းပြည့်မီခြင်း၊   အများယုံကြည်လက်ခံမှုကို ထိန်းသိမ်းထားနိုင်ခြင်း၊ နိုင်ငံတော်တည်ဆောက်ရေး ကို ကာကွယ်ထိန်းသိမ်းထားနိုင်ခြင်း စသည်တို့ မရှိခြင်းသည်လည်း  လွှတ်တော်ကိုယ်စားလှယ်များ အတွက် အတားအဆီးများပင် ဖြစ်နေသောကြောင့် ၎င်းတို့၏ လုပ်ဆောင်ချက်များသည်လည်း မှန်ကန် သော     သရုပ်သကန်ကို    ဖော်ဆောင်နိုင်ခြင်းမရှိ တော့ပေ။


ထို့ကြောင့် တစ်စနှင့်တစ်စ ပိုမိုရှုပ်ထွေးပွေလီ သော တာဝန်များ၊     ဝတ္တရားများကို  ထိရောက် ထက်မြက်စွာလုပ်ဆောင်နိုင်ရန်အတွက်  လူ့စွမ်းအား အရင်းအမြစ်များကို ပဒေသာပင်အဖြစ် ကောင်းမွန် စွာ   ထားရှိဆောင်ရွက်သွားမှသာလျှင်    အင်အား ကောင်း၍ တောင့်တင်းခိုင်မာသော  အဖွဲ့အစည်း တစ်ခုကို     တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း ရေးသားဖော်ပြအပ်ပါသည်။      ။


မှတ်ချက်။    University World News Africa Edition တွင် ၂၀၁၈ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့၌ စာရေးသူ Damtew Teferra ရေးသားသည့် Should a degree be   compulsory   for  parliamentarians? ဆောင်းပါးကို အလွတ်သဘော ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။