ပလက်ဝမြို့နယ် ကနောင်ကျေးရွာမှ ခူမီးလူမျိုးများကို PDF အမည်ခံအကြမ်းဖက်သမားများက အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်

 

နေပြည်တော်   ဒီဇင်ဘာ   ၁၇


အကြမ်းဖက်အဖွဲ့များ  ဖြစ်သည့် CRPH ၊   NUG  နှင့်  ၎င်းတို့၏ ဩဇာခံ PDF အမည်ခံ အကြမ်း ဖက်သမားများသည်     ၎င်းတို့ ထောက်ခံအားပေးသည့် ပါတီ၏ ဥပဒေမဲ့လုပ်ရပ်များကို မျက်ကွယ် ပြု၍ ၎င်းတို့ပါတီအား ထောက်ခံ ခြင်းမပြုသည့်   အပြစ်မဲ့ပြည်သူ လူထုများကို             အကြမ်းဖက် သတ်ဖြတ်ခြင်း၊          နေအိမ် အဆောက်အအုံများအား    မီးရှို့ ဖျက်ဆီးခြင်း၊     မိုင်းထောင် ဖောက်ခွဲတိုက်ခိုက်ခြင်း စသည် တို့ကို     ဆင်ခြင်တုံတရားမဲ့စွာ လုပ်ဆောင်လျက်ရှိသည်။ 

 


ထိုသို့     လုပ်ဆောင်လျက် ရှိရာတွင်   ငါနှင့်မတူ  ငါ့ရန်သူဟု သဘောထားပြီး    ရိုးသားသည့် တိုင်းရင်းသားမျိုးနွယ်စုများကိုပါ ပစ်မှတ်ထား၍ သတ်ဖြတ်မှုများကို လုပ်ဆောင်လာခဲ့ရာ ဒီဇင်ဘာ ၁၆ ရက်တွင် ချင်းပြည်နယ် ပလက်ဝ မြို့နယ်    ကနောင်ကျေးရွာမှ ရိုးသားစွာ နေထိုင်ကြသည့် ခူမီး လူမျိုးများကို PDF အမည်ခံ အကြမ်း ဖက်သမားများက    လာရောက် ဖမ်းဆီးခေါ်ဆောင်ပြီး အကြောင်း မဲ့   သတ်ဖြတ်ခဲ့ကြောင်း   သိရှိရ သည်။

 


ဖြစ်စဉ်မှာ  ပလက်ဝမြို့နယ် ကနောင်ကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်    သမားများသည် ဒီဇင်ဘာ ၁၆ ရက် ညနေ ၅ နာရီ ခန့်တွင် လက်နက်ကြီး/ လက်နက် ငယ်များ ကိုင်ဆောင်၍ မော်တော် ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ကျေးရွာနေ  အကြီးတန်းအင်ဂျင် နီယာ တစ်ဦးဖြစ်သည့် ဦးနေလင်း ဦးနှင့် ခူမီးလူမျိုးများဖြစ်ကြသည့် ဦးဝါယောင်းအပါအဝင် ခြောက်ဦး စုစုပေါင်း  ခုနစ်ဦးကို   လက်ပြန် ကြိုးတုပ်ရိုက်နှက်ကာ  ကျေးရွာ၏ မြောက်ဘက်    တစ်ဖာလုံခန့် အကွာသို့  အကြောင်းမဲ့ဖမ်းဆီး ခေါ်ဆောင်၍ လက်နက်ငယ်များ ဖြင့်   ပစ်သတ်ခဲ့ကြောင်း  သိရှိရ သည်။

 


အဆိုပါ PDF အမည်ခံ အကြမ်း ဖက်သမားများ၏    ရက်ရက် စက်စက်    ပစ်ခတ်သတ်ဖြတ်မှု ကြောင့် ဦးနေလင်းဦး အပါအဝင် ကျေးရွာသား ခြောက်ဦး သေဆုံး ခဲ့ပြီး ဦးဝါယောင်းသည် လက်နက် ငယ် ထိမှန်ဒဏ်ရာများဖြင့် ယနေ့ နံနက် ၄ နာရီခန့်တွင် ကျေးရွာသို့ ပြန်လည်   ရောက်ရှိလာသဖြင့် ဆမီးမြို့   တိုက်နယ်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူလျက် ရှိကြောင်း သိရှိရသည်။ 

 


အထက်ပါ      ဖြစ်စဉ်တွင် အေးချမ်းစွာနေထိုင်လျက်ရှိသည့် တိုင်းရင်းသား   ပြည်သူများအား အကြောင်းမဲ့ ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် အကြမ်း ဖက်သမားများကို    အမြန်ဆုံး ဖမ်းဆီးရမိရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးအတွက်   လုံခြုံရေး တပ်ဖွဲ့ဝင်များက   လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်လျက်      ရှိကြောင်း သတင်းရရှိသည်။      

သတင်းစဉ်