ပင်လောင်းမြို့နယ် ဆီဆိုင်မြို့နယ်နှင့် လွိုင်လင်မြို့နယ်တို့တွင် ဘိန်းခင်းများ ဖျက်ဆီး

 

နေပြည်တော် ဒီဇင်ဘာ ၂၆

ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ   ပါဝင် သော      ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၄ ရက် နံနက် ၈ နာရီက ပင်လောင်းမြို့နယ်  စင်းတောင် ကျေးရွာအုပ်စု  တင်ထက်ကျေးရွာ ရှိ ဘိန်းစိုက်ခင်း   ၁၅ ဧကခန့် အား         ဖျက်ဆီးဆောင်ရွက်သည်။

 


အလားတူ နံနက် ၉ နာရီတွင် ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ ဝင်များပါဝင်သော  ပူးပေါင်းအဖွဲ့ သည်         လွယ်ဆောင်ကျေးရွာ အတွင်းရှိ ဘိန်းစိုက်ခင်း ဧက  ၄၀ ခန့်အား   ဖျက်ဆီးဆောင်ရွက်ခဲ့ ကြောင်း၊ ထို့အတူ နံနက် ၇ နာရီခွဲ တွင်   လွိုင်လင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည်      လွိုင်လင်မြို့နယ် ပင်လုံမြို့     ဆဟောင်းကျေးရွာ အုပ်စု ကျူနိမ့်ကျေးရွာသို့ ရောက်ရှိ ပြီး ဝမ်ဟွေ့ကျေးရွာတောင်ဘက် တစ် မိုင်ခန့်အကွာရှိ ဘိန်းစိုက်ခင်း ရှစ်      ဧကခန့်ကို       ဖျက်ဆီး ဆောင်ရွက်ခဲ့ကြောင်း  သိရသည်။               
     

ရဲပြန်ကြား